ထော်လာဂျီယာဉ်ဘီးပေါက်၍ဆင်းကြည့်သူ ဆိုင်ကယ်တိုက်မိပြီးသေဆုံး



သထုံ ဇန်နဝါရီ ၂၂

မွန်ပြည်နယ်၊ သထုံမြို့နယ် ကော့သန်တံတားအနီး၊ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ် တွင် ဇန်န၀ါရီလ ၂၁ ရက်၊ ည ၁၀ နာရီအချိန်ခန့်က လယ်ယာ သုံးထော်လာဂျီယာဉ် မောင်းနှင်သူတစ်ဦး ယာဉ်ဘီးပေါက်၍ အောက်သို့ ဆင်းကြည့်စဉ် ဆိုင်ကယ်တိုက်မိပြီးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်ပွားပုံမှာ သထုံမြို့နယ်၊ မြတ်စံကျေးရွာတွင်နေထိုင်သည့် အသက်(၄၇)နှစ်ရှိ ဖားသရော်(ခ) ဦးကျော်ဝင်း (ဘ) ဦးထွန်းကြည် ဆိုသူသည် ပေါင်မြို့နယ်ဘက် မှ သထုံဘက်သို့ ၎င်း၏ လယ်ယာသုံး ထော်လာဂျီ ယာဉ်အားမောင်းနှင် လာစဉ် ကော့သန်တံတားအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၅၂/၀) နှင့်(၁၅၂/၁)အကြားတွင် ယာဉ်၏ဘီးပေါက်သဖြင့် လမ်းဘေးချရပ် ကာ စစ်ဆေးကြည့်ရှုနေစဉ် သထုံမြို့၊ အောက်ကျင်းရပ်ကွက်၊ အုတ်ဖိုလ်တန်း လမ်းတွင်နေထိုင်သည့် အသက်(၂၃)နှစ်ရှိ ဝေယံထွန်း (ဘ) ဦးထွန်း ဆိုသူမောင်းနှင်ပြီး ညီညီအောင်ဆိုသူ လိုက်ပါ စီးနင်းလာသည့် Wave 100 အမျိုးအစား ဖြူ၊ နက်အရောင် နံပတ်မပါ ဆိုင်ကယ်ဖြင့် ၀င်ရောက် တိုက်မိခဲ့ရာ ဖားသရော်(ခ) ဦးကျော်ဝင်းမှာ နေရာတွင် သေဆုံးခဲ့ပြီး ဆိုင်ကယ်ပေါ် ပါသူတို့မှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်တွင် ဆိုင်ကယ်ဖြင့် လူတိုက်မိသေဆုံးသဖြင့် ဆိုင်ကယ်မောင်းနှင် သူ ဝေယံထွန်းအား သထုံမြို့မ ရဲစခန်းမှ ယာဉ်(ပ)၅/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အရေးယူထားကြောင်း မြို့နယ်ရဲတပ် ဖွဲ့မှူးရုံးမှ သိရသည်။

သက်ဦး(သထုံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment