ဧဒင်ရဲ့ နတ်သမီး ရုပ်ရှင်ဇတ်ကားကြီးကို ကြည့်ရှုမယ့် ပရိသတ်တွေအနေနဲ့ ဇာတ်သိမ်းအဖြေကို စောင့်ကြည့် ရင်ခုန် စေချင်တယ်လို့ ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် ကပြောခဲ့ပါတယ်။
လာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ရုံတင်မယ့် ဧဒင်ရဲ့ နတ်သမီး ရုပ်ရှင်ဇတ်ကားကြီးကို ကြည့်ရှုမယ့် ပရိသတ်တွေအနေနဲ့ ဇာတ်သိမ်းအဖြေကို စောင့်ကြည့် ရင်ခုန်စေချင်တယ်လို့ ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် ကပြောခဲ့ပါတယ်။
ပရိသတ်တွေနဲ့ မစိမ်းတဲ့ မင်းသမီး ငါးယောက်က ခေါင်းဆောင်မင်းသမီးတွေအနေနဲ့ ပထမဆုံးအကြိမ်ပါဝင် သရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားဟာ လျို့ဝှက်သဲဖို ဇာတ်ကားအမျိုးအစားဖြစ်တာကြောင့် မြှုပ်ကွက်၊ လှည့်ကွက်တွေ ရှိတဲ့ အတွက် ပရိသတ်ကို ဇာတ်သိမ်းအဖြေ ကြိုမသိစေချင်တာလို့လည်း စိုင်းစိုင်းခမ်းလှိုင် က ပြောခဲ့ပါတယ်။
ခေါင်းဆောင် မင်းသားအနေနဲ့ ပထမဆုံးအကြိမ်ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်လို့ အတတ်နိုင်ဆုံး ကြိုးစားထားတယ်လို့လဲ စိုင်းစိုင်းခမ်းလှိုင် က ပြောခဲ့ပါတယ်။
ဝင့်ယမုံလှိုင်၊ မေဂရေစ့်၊ ပိုင်ဖြိုးသု၊ မာရီဂိုးလ်၊ မြစိမ်းရည်လွင် စတဲ့ ပရိသတ်တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင်တွေကလည်း ကျရာ ဇာတ်ကောင်နေရာမှာ စိတ်ဝင်စားစရာ ကောင်းအောင် သရုပ်ဆောင်ထားတာကြောင့် ပရိသတ်တွေ နှစ်ခြိုက်သဘောကျမယ်လို့ မျှော်လင့်တဲ့ အကြောင်း စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။
ခေါင်းဆောင် မင်းသားတစ်ယောက်အနေနဲ့ ပထမဆုံးပွဲထွက်တဲ့ ဇာတ်ကားကြီးဖြစ်တာကြောင့် စပြီးရုံတင်တဲ့နေ့မှာ ပရိသတ်က အမှတ်ပေးမှာဖြစ်လို့ စာမေးပွဲဖြေရတဲ့ ရက်လိုပဲလို့ ရင်ခုန်နေမှာပါလို့ စိုင်းစိုင်းခမ်းလှိုင်က ပြောခဲ့ပါတယ်။ Credit - Duwun

0 comments:
Post a Comment