ဒေါ်အောင်ဆန်းစုကြည် က ဒီချုပ်အစိုးရလက်ထက်တွင် အမျိုးသမီးများအခွင့်အရေးနှင့် တန်းတူညီမျှရေးတို့ကို ဆောင် ရွက်မည်ဖြစ်ကြောင်း ဒီချုပ်နာယ က ဦးတင်ဦးက ပြောသည်။
ဇန်န၀ါရီ ၂၃ ရက်ကရန်ကုန် မြို့တွင်ပြုလုပ်သည့် တရားဥပဒေ စိုးမိုးရေးစင်တာဖွင့်ပွဲနှင့် တရား ဥပဒေစိုးမိုးရေးဆိုင်ရာ ဆွေးနွေးပွဲ ၌ ဦးတင်ဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘အမျိုးသမီးများရဲ့ အခွင့်အ ရေးဆုံးရှုံးနစ်နာနေတယ်။ ဒါကို အမျိုးသားများနဲ့ တန်းတူရအောင် လုပ်ဆောင်သွားဖို့ဆိုတာဟာ လည်း မြန်မာပြည်မှာ အမျိုးသမီး နဲ့အမျိုးသားအရေအတွက်မှာ အမျိုးသမီးကတောင်များနေပါ သေးတယ်။ ဒေါ်အောင်ဆန်းစု ကြည်က အထူးသဖြင့် သူဟာအ မျိုးသမီးဖြစ်တဲ့အတွက် အမျိုး သမီးနဲ့ပတ်သက်ပြီး တဖြည်းဖြည်း တန်းတူဖြစ်အောင် ကြိုးပမ်းမယ် ဆိုတဲ့စိတ်ဓာတ်တွေနဲ့ ဆောင် ရွက်နေတာဖြစ်ပါတယ်’’ဟု ၎င်း က ပြောသည်။
တက္ကသိုလ်တက်ရောက်ခွင့် သတ်မှတ်ချက်တွင်လည်း အမျိုး သမီးများကို အမျိုးသားများထက် တက္ကသိုလ်ဝင်တန်းအောင်မှတ် ပိုမိုသတ်မှတ်ထားခြင်းသည် မဖြစ် သင့်တော့ကြောင်း၊ ၀င်ခွင့်အမှတ် များ တန်းတူသာထားသင့်ကြောင်း ဦးတင်ဦးက မှတ်ချက်ပြုသည်။
ဥပဒေရေးရာကုစားရေးအ ဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီကလည်း တရားဥပဒေ စိုးမိုးရေးနှင့် လူ့အခွင့်အရေးအ ကြောင်းအရာများ ဆွေးနွေး ဆောင်ရွက်သည့်အခါတွင် အမျိုး သမီးအခွင့်အရေးမှာ နောက်တန်း ၌သာရှိတတ်ကြောင်း ဆွေးနွေး ပြောကြားသည်။ အမျိုးသမီးအခွင့် အရေးများကို တရားဥပဒေစိုးမိုး ရေးနှင့် လူ့အခွင့်အရေးများကဲ့သို့ အရေးထားကြရန်လိုကြောင်း ၎င်း ကအကြံပြုသည်။
တရားဥပဒေစိုးမိုးရေးစင် တာများမှာ မန္တလေး၊ မြစ်ကြီးနား နှင့် တောင်ကြီးမြို့တို့တွင် ဖွင့် လှစ်ပြီးဖြစ်သည်။ အဆိုပါစင်တာ များတွင် တရားဥပဒေဆိုင်ရာ သင်တန်းများ၊ ဆွေးနွေးပွဲများပြု လုပ်ပေးခြင်း၊ ဥပဒေဆိုင်ရာအကြံ ဉာဏ်တောင်းခံခြင်း၊ မေးမြန်း ခြင်းများကို ဖြေကြားပေးမည်ဖြစ် ကြောင်း စင်တာ၏ အစီအစဉ်မန် နေဂျာ ဦးစိုးမိုးကျော်ကပြောသည်။
တရားဥပဒေစိုးမိုးရေးစင် တာများမှာ ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်နှင့် နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဥပဒေအဖွဲ့အစည်း တို့က ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ် သည်။ ပြည်သူ့လွှတ်တော်တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီက ကော်မတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုဖြင့် ၎င်းတို့ကို အကူအ ညီတောင်းခံခဲ့၍ ဖွင့်လှစ်ခြင်းဖြစ် ကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးရေးအ စီအစဉ်၏ မြန်မာနိုင်ငံဒါရိုက်တာ Toily kurbanov က ပြောသည်။
‘‘ဒီစင်တာတွေဟာ သူတို့ရဲ့ ပတ်ဝန်းကျင်မှာ အရည်အသွေး တွေ၊ ဗဟုသုတတွေနဲ့ပြန်ပြီး အကျိုးပြုနိုင်တဲ့သူတွေအများကြီးကို လေ့ကျင့်ပေးခဲ့ပြီးပါပြီ။ လားရှိုးမှာဆိုရင် သင်တန်းဆင်းတွေဟာ ဒေသဆိုင်ရာတရားဥပဒေစိုးမိုးရေးအဖွဲ့တစ်ခုဖွဲ့နိုင်ခဲ့ပါတယ်’’ဟု Toily kurbanov က ပြောသည်။
Credit- 7Day Daily

0 comments:
Post a Comment