ဒေါ်လာ ၁.၅ ဘီလီယံကျော်တန် အမေရိကန် Power Ball ထီ ပေါက်မဲ နံပါတ် ထွက်ပေါ်၊ နံပါတ်တူ ပေါက်သူ ၃ ဦးရှိ


သမိုင်းတွင် အမြင့်မားဆုံး ထီဆုကြေးပမာဏအဖြစ် ဒေါ်လာ ၁.၅၈ ဘီလီယံ တန်ဖိုးရှိ Powerball ထီ၏ ပေါက်မဲနံပါတ်ကို ဗုဒ္ဓဟူးနေ့ညက ကြေညာခဲ့ရာ ထီပေါက်သူ သုံးဦးရှိခဲ့သည်ဟု ကယ်လီဖိုးနီးယား ထီလုပ်ငန်း အာဏာပိုင်များက အတည်ပြု ကြေညာခဲ့သည်။

ဗုဒ္ဓဟူးနေ့ ညက ကြေညာခဲ့သည့် ပေါက်မဲနံပါတ်မှာ ၀၄၊ ၀၈ ၊ ၁၉ ၊ ၂၇ ၊ ၃၄ ပါဝါဘော ၁၀ ဖြစ်ပြီး ထီပေါက်သူများမှာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဖလော်ရီဒါ ပြည်နယ်နှင့် တန်နက်ဆီ ပြည်နယ်များမှ ဖြစ်သည်ဟု
ဆိုသည်။

ဆုကြေးဒေါ်လာ ၁.၅၈ ဘီလီယံခန့်ကို ယင်းထီပေါက်သူ သုံးဦး ခွဲဝေယူရမည်ဖြစ်ပြီး တစ်ဦးလျှင် ဒေါ်လာ ၅၂၈.၈ သန်း ခန့် ရရှိမည်ဖြစ်သည်။ သို့သော် ထိုပမာဏမှာ နှစ် ၃၀ ခွဲ၍ နှစ်စဉ် အရစ်ကျ ရယူလျှင် ရရှိမည့် ပမာဏဖြစ်ပြီး ထီပေါက်သူက တစ်လုံးတစ်ခဲတည်း ချက်ချင်းရယူရန် ရွေးချယ်လျှင် ပိုမိုနည်းပါးသည့် ပမာဏသာ ရရှိမည်ဖြစ်သည်။

အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် စနေနေ့ည ၁၀ နာရီ ၅၉ မိနစ်တွင် ဖွင့်လှစ်လေ့ရှိသည့် Power ball ထီသည် အခြေခံဆုကြေး ဒေါ်လာသန်း ၄၀ ဖြင့် စတင်သည်။ ထီထိုးသူက မိမိနှစ်သက်ရာ နံပါတ်ကို ရွေးချယ်ထိုးရပြီး ထီဖွင့်ချိန်တွင် ပေါက်မဲ နံပါတ်ကို ထိုးထားသူမရှိပါက ဆုကြေးကို နောက်တစ်ကြိမ် ဖွင့်လှစ်သည့် ဆုမဲတွင်
ထပ်ပေါင်း ထည့်သွင်းခြင်းဖြင့် ဆုကြေးပမာဏ တဖြည်းဖြည်း တိုးမြင့်သည့်ပုံစံဖြစ်သည်။

ယခင်က အများဆုံး ပေါက်ဖူးသည့် ဆုကြေးပမာဏမှာ ဒေါ်လာ ၆၅၆ သန်းဖြစ်ပြီး ၂၀၁၂ မတ် ၃၀ က ကြေညာခဲ့သည့် Mega Millions ထီ ပေါက်မဲဖြစ်သည်။ Power ball ထီများတွင် အမြင့်ဆုံး ပေါက်ဖူးသည့် ပမာဏမှာ ၂၀၁၃ မေ ၁၈ က ကြေညာခဲ့သော ပေါက်မဲဖြစ်ပြီး ဒေါ်လာ ၅၉၀.၅ သန်း ဖြစ်သည်။

KHTun
Ref: CBS News
The Ladies News Journal
https://www.facebook.com/News.TheLadies
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment