ပုလဲ-ဂန့်ဂေါလမ်းတွင် ဇာတ်အဖွဲ့ကား တိမ်းမှောက်၊ ၃ ဦးသေဆုံး
မန္တလေးမှ ကလေးမြို့ကို ထွက်ခွာလာတဲ့ ရွှေလှမ်းတက် ဇာတ်အဖွဲ့ကားဟာ ဇန်နဝါရီ ၁၉ ရက်က ပုလဲ-ဂန့်ဂေါလမ်း မိုင်တိုင် ၅၇-၅၈ အကြား မနက် ၇ နာရီအချိန်က တိမ်းမှောက်ခဲ့ပါတယ်။
တိမ်းမှောက်မှုကြောင့် ဇာတ်အဖွဲ့ ခေါင်းဆောင်မင်းသမီး မဂျူးနဲ့ ဇာတ်အဖွဲ့သား ၃ ဦး သေဆုံးသွားခဲ့ပြီး ဇာတ်သူဇာတ်သား အယောက် ၂၀ လည်း ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသခံသတင်းထောက်က ပြောပါတယ်။
သေဆုံးသူတွေကို ပုလဲဆေးရုံမှာ ထားခဲ့ရပြီး ကျန်သူတွေကိုတော့ မုံရွာဆေးရုံ လွှဲလိုက်တယ်လို့ မုံရွာဆေးရုံကို လူနာလာရောက်ပို့ဆောင်တဲ့ ပုလဲမြို့နယ် လဲကံကျေးရွာ ရဲစခန်းက တပ်ကြပ်ကြီး ဘဂျမ်းက ပြောပါတယ်။
ကားတစီးလုံးမှာ စီးနင်းလိုက်ပါလာသူ ၄၁ ဦးရှိပြီး ကားမှောက်လို့ ဒဏ်ရာရရှိတဲ့ အမျိုးသမီး ၁၇ ဦးနဲ့ အမျိုးသား ၃ ဦးတို့ကို ပုလဲမြို့နယ်က လူမှုရေးကားနဲ့ မုံရွာဆေးရုံ ပို့ဆောင်ထားပါတယ်။
တိမ်းမှောက်ခဲ့တဲ့ကားဟာ ကလေးမြို့နယ်ကို သွားရောက်ဖျော်ဖြေမယ့် ဇာတ်အဖွဲ့ စီးနင်းလာတဲ့ကား ဖြစ်ပါတယ်။Credit- DVB

0 comments:
Post a Comment