မုံရွာမြို့တွင် လူသတ်မှုဖြစ်ပွားပြီးနောက် အချိန်တစ်နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး


မုံရွာ၊ ဇန္န၀ါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ချမ်းမြသာစည်ရပ်ကွက်နှင့် လယ်တီရပ်ကွက်အကြား သာစည်လမ်းမကြီးပေါ်တွင် ဇန္န၀ါရီ( ၂၄)ရက်နေ့ည ၁၁ နာရီအချိန်ခန့်က လူသတ်မှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စိန်မင်းထံမှ သိရသည်။

ယင်း လူသတ်မှုအား ဖြစ်ပွားပြီးနောက် ကြာမြင့်ချိန် တစ်နာရီအတွင်း မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး၊ မုံရွာနယ်မြေရဲစခန်းမှူး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် စိုင်းမင်းမင်းဇော်၊ လယ်တီရပ်ကွက်၊ ဒေါနခြံရပ်ကွကိ အုပ်ချုပ်ရေးမှူးများ ပါဝင်သော အဖွဲ့သည် လူသတ်မှုကျူးလွန်သူဟု စွပ်စွဲခံရသူအား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
`` ဖမ်းဆီးပြီးပါပြီ .. သေဆုံးသူက မောင်ဝင်းမျိုး အသက်(၂၃) နှစ်၊ ရန်ကင်းရပ်ကွက်ကဖြစ်ပါတယ်..။ ပြစ်မှုကျူးလွန်းသူလို့ ယူဆရသူက အောင်ခိုင်ဦး(ခ) အောင်ခိုင်ဖြိုး ဒေါနခြံရပ်ကွက်၊ ယုဇနလမ်းကဖြစ်ပါတယ်....´´ ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်မင်းက ပြောသည်။

အဆိုပါ လူသတ်မှုအား မုံရွာ နယ်မြေရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၁/ ၂၀၁၆၊ ပထမသတင်းပေးတိုင်တန်းချက်အမှတ် ၃၁/ ၂၀၁၆ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရှိရသည်။

သတင်း၊ ကိုတိုးကြီး
https://www.facebook.com/KoToeChinDween
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment