နိုင်ငံတကာမှ နိုင်ငံရေးသမားများအတွက် စံ ဖြစ်လာသည့် မြန်မာ့နိုင်ငံရေးခေါင်းဆောင်


နှစ်သစ်ကူး အားလပ်ရက်ကုန်ဆုံးကာ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုများ အရှိန်မြင့်လာချိန်တွင် ကမ္ဘာတစ်ဖက်ခြမ်း မြန်မာနိုင်ငံ မှ ခေါင်းဆောင်တစ်ဦးထံမှ သင်ခန်းစာရယူရန် အချိန်ကောင်း တစ်ခုဖြစ်လာသည်။ အမေရိကန်သမ္မတ ရွေးကောက်ပွဲ အကြို ကာလတွင် ပါတီတွင်း သမ္မတလောင်းအချင်းချင်း ပါတီ ၂ ခုကြား သမ္မတလောင်း များကြားတွင် ပုဂ္ဂိုလ်ရေး နိုင်ငံရေး ပြစ်တင်ဝေဖန်မှုများက ထိပ်ဆုံး သို့ ရောက်ရှိနေသည်။

မြန်မာနိုင်ငံတွင် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ပါတီအား လာမည့်မတ်လတွင် လွှတ်တော်ကို ဦးဆောင်နိုင် ရန် ပြင်ဆင်လျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီသည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၇၈ ရာခိုင်နှုန်းဖြင့် အနိုင်ရ ခဲ့သည်။ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဆောင်ရွက်ချက်များမှာ မှတ်သားဖွယ်ရာ ဖြစ်သည်။

ပထမဆုံးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည် တရားထိုင်ခြင်းဖြင့် အချိန်များ ကုန်ဆုံးစေခဲ့သည်။ လနှင့်ချီကြာမြင့်သည့် မဲဆွယ်လှုပ်ရှားမှု ခရီးစဉ်များ အပြီးတွင် အင်အား ပြန်လည်ဖြည့်တင်းရန်နှင့် အကြံအစည်း အတွေးအခေါ်များ တည်ငြိမ်စေရန် အချိန်ယူခဲ့သည်။

အကြံပေးများ၊ အသနားခံ တောင်းဆိုသူများနှင့် မီဒီယာများက ဦးတည်ချက်မျိုးစုံသို့ ဆွဲယူခြင်းနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ခေါင်းဆောင်များအနေဖြင့် နက်နဲစွာ စဉ်းစားတွေးခေါ်ရန် အချိန်လိုအပ်သည့် ခေါင်းဆောင်များ အနေဖြင့် အချိန်ရှားပါးလေ့ရှိသော်လည်း ထိုသို့ စဉ်းစားတွေးခေါ်ရန် အချိန်ယူ သင့်သည်။

ဒုတိယအချက်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်သည်။ တစ်နိုင်ငံလုံး သန့်ရှင်းသပ်ရပ်ရေးအတွက် အမှိုက်ကောက်ရန် လူထုလှုပ်ရှားမှုများ ပြုလုပ် ခဲ့သည်။ အသက် ၇၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်က ပလက်စတစ် လက်အိတ်စွပ်ကာ အမှိုက်ကောက်ခဲ့ပြီး ပြည်သူအားလုံးကို ပူးပေါင်းပါဝင် ရန် နှိုးဆော်ခဲ့သည်။ ထို့အပြင် သတင်းယူ ဓာတ်ပုံရိုက်သည့် သတင်းထောက်များ ကိုပါ ကူညီအမှိုက်ကောက်ရန် ပြောကြားခဲ့သည်။

ထိုလှုပ်ရှားမှုမှာ ယိုယွင်းနေသော နိုင်ငံကို ပြန်လည် တည်ဆောက်ရာတွင် အားလုံးပါဝင်ဖို့ လိုသည်ဟု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။ ထိုအချက်မှာ မှန်ကန်ပြီး ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ့ပြုပြင်ပြောင်းလဲရေး၏ မျက်နှာစာဖြစ်သော်လည်း ပြုပြင်ပြောင်းလဲရေးကို တစ်ဦးတည်း ဆောင်ရွက်၍ မရနိုင်ပေ။

ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ခဲ့သည့် တတိယ လုပ်ဆောင်မှု မှာ ရွေးကောက်ပွဲတွင် သူအနိုင်ယူခဲ့သည့် စစ်အာဏာရှင်များနှင့် တွေ့ဆုံ ရန် လက်ကမ်းခဲ့ခြင်းဖြစ်သည်။ သူ့အား နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်း ခဲ့သည့် ယခင်စစ်အစိုးရအဖွဲ့တွင် ဗိုလ်ချုပ်တစ်ဦးဖြစ်ခဲ့သည့် လက်ရှိ သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံကာ အာဏာ လွှဲပြောင်းမှု ချောမွေ့ရေး ဆွေးနွေး ခဲ့သည်။ အခြေခံဥပဒေအရ လွှတ်တော်တွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားသည့် စစ်တပ်ကို ထိန်းချုပ်ထားသော ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံကာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့သည်။ ထို့အပြင် နိုင်ငံကို ဆယ်စုနှစ် နှစ်ခုကျော်ကြာ အုပ်ချုပ်ခဲ့သူ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့်လည်း တွေ့ဆုံခဲ့သည်။ အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် စစ်အာဏာရှင်ဟောင်းအနေဖြင့် သူ့အား ဒေါ်အောင်ဆန်းစုကြည်က လက်စားချေလိုခြင်း ရှိ၊မရှိ သိရှိလိုသည်မှာ သံသယဖြစ်ဖွယ် မရှိပေ။

ဒေါ်အောင်ဆန်းစုကြည်က လက်စားချေလိုခြင်း မရှိကြောင်း ပြသခဲ့ပြီး တိုင်းပြည် တည်ဆောက်ရာတွင် ပူးပေါင်းပါဝင်ရန် စစ်တပ်ကို ဖိတ်ခေါ် ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် ကာလတွင် တောင်အာဖရိက နှင့် ချက်ကိုစလိုဗက်ကီးယား နိုင်ငံများ၏ ငြိမ်းချမ်းရေးဖြစ်စဉ်များကို ဂရုတစိုက် လေ့လာခဲ့ပြီး အကြမ်းဖက်မှုနှင့် အပြန်အလှန် စွပ်စွဲမှုများက အကြမ်းဖက်မှုများကိုသာ တိုးပွားစေနိုင်ကြောင်း သိရှိနားလည်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အာဏာ ရရှိလာသည့် အခါ ယခင်က သူ့အပေါ် သက်ညှာမှုမရှိခဲ့သူများအပေါ်ပါ ကရုဏာ ထားမည်ဟု ကတိပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား ခေါင်းဆောင်များနှင့် တွေ့ဆုံကာ အစိုးရအဖွဲ့သစ်တွင် တိုင်းရင်းသားတို့၏အသံ ပါဝင်စေရမည် ဟု ပြောကြား ခဲ့ခြင်းက စတုတ္ထမြောက် မှတ်သားဖွယ်အချက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆယ်စုနှစ် ၆ ခုကြာခဲ့ပြီဖြစ်သည့် ပြည်တွင်းစစ်ပြသ၁နာကို ဖြေရှင်းရန် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသည်။ သို့သော် အားလုံးပါဝင်မှု ရှိမှသာ လေးစားမှုပြသရာရောက်ပြီး ဆွေးနွေးမှုပြုလုပ်ရန် တံခါးဖွင့်ပေးနိုင် မည်ဖြစ်သည်။ ဆွေးနွေးမှုများက အပြောင်းအလဲအတွက် လမ်းဖွင့်ပေးနိုင် မည်ဖြစ်သည်။ ထို လုပ်ငန်းစဉ်မှာ ခက်ခဲမည်မှန်သော်လည်း အခြားရွေးချယ် မှုများက ပိုမိုဆိုးဝါးစေနိုင်သည်။

ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ခဲ့သည့် အရာများ၊ မဆောင်ရွက်ရသေး သည့် အရာများနှင့် ပတ်သက်၍ ဝေဖန်မှုများ ဆက်လက်ရှိနေမည်မှာ အသေအချာပင် ဖြစ်သည်။ တိုင်းပြည်ကို ဦးဆောင်မောင်းနှင်ရန် လုံလောက်သော အင်အားစု ရှိ၊မရှိ၊ စိုးရိမ်မှုများလည်း ရှိနေသည့် တစ်ချိန်ချိန်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမ္မတရာထူး ရယူရန် လက်ရှိအခြေခံဥပဒေပါ အတားအဆီးကို ကျော်လွှားနိုင်ခြင်း ရှိ၊မရှိ မသေချာပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်သည် မှတ်သားဖွယ် ခေါင်းဆောင်မှုကို တိုက်ရိုက်နှင့် သွယ်ဝိုက်နည်းလမ်းများနှင့် ပြသခဲ့ပြီးဖြစ်သည်။

ထိုအချက်များမှာ စဉ်းစား တွေးခေါ်ရန်နှင့် အသိပညာအတွက် အချိန်ပေးခြင်း၊ ပြသ၁နာများ ဖြေရှင်းရာတွင် လူထုကိုယ်တိုင် ပါဝင်စေခြင်း၊ ပြိုင်ဘက်များနှင့် ဆက်ဆံရေး တည်ဆောက်ခြင်းနှင့် မတူညီသော နောက်ခံရှိသူများအတွက် ပါဝင်ရန် လမ်းဖွင့်ထားခြင်းတို့ ဖြစ်သည်။ ထိုရည်မှန်းချက်များမှာ အပြောလွယ်ပြီး လုပ်ဆောင်ရခက်ခဲသည့် အချက်များ ဖြစ်ကာ မြန်မာနိုင်ငံသည်လည်း ချွင်းချက်မဟုတ်ပေ။

သို့သော် အဆိုးမြင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများနှင့် အထူးအကျိုးစီးပွား ကာကွယ်ရေးတို့ လွှမ်းမိုးနေသည့် အမေရိကန် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ် ပါက လက်ခံကြိုဆိုဖွယ် ကောင်းသည်မှာ အသေအချာပင်ဖြစ်သည်။
'
ထို့အပြင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးမှုတို့ အန္တရာယ်ကြုံ တွေ့နေ ရသည့် ကမ္ဘာ့အခြားဒေသများအတွက်လည်း ထိုအချက်များက နမူနာ ယူဖွယ်ဖြစ်သည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် အာဏာရှင်အစိုးရက ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးမှုနှင့် ဖိနှိပ်မှုခံခဲ့ရသည့် လူထုခေါင်းဆောင်က ခွင့်လွှတ်မှု၊ အားလုံးပါဝင်နိုင်မှုနှင့် တရားဥပဒေစိုးမိုးမှုတို့ ရှိရန် နှိုးဆော် သည့် နိုင်ငံမျိုး အလွန်နည်းပါးသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် ၂၀၁၅ အတွင်း ရှားရှားပါးပါး အောင်မြင်မှု ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ၂၀၁၆ တွင်လည်း ဆက်လက်စောင့်ကြည့်ရန် ထိုက်တန်သည့် ပြုပြင်ပြောင်းလဲမှု တစ်ခု ဖြစ်သည်။

The Ladies News
https://www.facebook.com/News.TheLadies/
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment