ကိုဆိုဗို လွှတ်တော်အစည်းအဝေးအတွင်း မီးခိုးဗုံးခွဲ (ရုပ်သံ)

ကိုဆိုဗိုနိုင်ငံရဲ့ လွှတ်တော်အမတ်တွေဟာ ဆားဘီးယားနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ဥရောပသမဂ္ဂက ကြားဝင် ဖျန်ဖြေပေးတဲ့ သဘောတူညီချက်ကို ဆန္ဒပြတဲ့အနေနဲ့ အောက်တိုဘာ ၈ ရက်နေ့က လွှတ်တော်အစည်းအဝေးအတွင်း မီးခိုးဗုံး ဖြစ်ပုံရတဲ့ ပစ္စည်းကို ခွဲခဲ့ပါတယ်။
အတိုက်အခံ တကိုယ်တော်ပိုင်းဖြတ်ရေးပါတီရဲ့ ခေါင်းဆောင် လွှတ်တော်အမတ်  အယ်လ်ဘင် ကာတီက ခုလိုလုပ်ခဲ့တာပါ။
ဘယ်လိုပစ္စည်းကို သုံးခဲ့တယ်ဆိုတာ ရဲတပ်ဖွဲ့ရဲ့ အတည်ပြုချက် မရသေးပေမယ့် အတိုက်အခံ ပါတီကတော့ ဓာတ်ငွေ့ဘူးလို့ ပြောပါတယ်။
ကိုဆိုဗိုအစိုးရက ဆာ့ဘ် တိုင်းရင်းသားတွေ နေထိုင်ရာ စည်ပင်နယ်နိမိတ်အဖွဲ့ကို ဖန်တီးဖို့ သဘောတူတဲ့အတွက် ကာတီနဲ့ သူ့နောက်လိုက်တွေ ဒေါသထွက်ခဲ့တာပါ။
ဒါဟာ ဆားဘီးယား အုပ်ချုပ်မှုအောက် ပြန်ရောက်သွားမှုကို ကိုယ်စားပြုတယ်လို့ ပြောပါတယ်။
“ကိုဆိုဗိုကို ဆားဘီးယားတွေ ပြန်ခေါ်သွင်းလာဖို့ ဘယ်သူ့မှာမှ အခွင့်အာဏာရော အခွင့်အရေးပါ မရှိဘူး၊ ဒါမျိုး ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး” လို့ ကာတီက ကြေညာချက်ထဲမှာ ပြောပါတယ်။
ကာတီဟာ အရင် ယူဂိုဆလပ်တွေရဲ့ အုပ်ချုပ်မှုကို ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ ဆန့်ကျင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ဟောင်းပါ။
ကိုဆိုဗိုနဲ့ ဆားဘီးယား အစိုးရတို့ကြား စေ့စပ်ပေးမှုကို ဆန့်ကျင်သူလည်း ဖြစ်ပါတယ်။
၁၉၉၉ ခုနှစ်က အရင် ယူဂိုဆလပ်ပြည်ထောင်စုတပ်တွေက ကိုဆိုဗိုနိုင်ငံတွင်းက အယ်လ်ဘေးနီးယန်း အရပ်သားတွေကို သတ်ဖြတ်နှင်ထုတ်မှု ရပ်တန့်ဖို့ နေတိုးအဖွဲ့က ၇၈ ရက်ကြာ လေကြောင်း တိုက်ခိုက်ခဲ့ရပါတယ်။
၂၀၀၈ ခုနှစ်မှာ ကိုဆိုဗိုက လွတ်လပ်ရေး ကြေညာပြီး နိုင်ငံပေါင်း ၁၀၀ ကျော်က အသိအမှတ် ပြုခဲ့တာပါ။
ဒါပေမယ့် ဆားဘီးယားနဲ့ ရုရှားတို့က ကိုဆိုဗိုနိုင်ငံကို ကုလသမဂ္ဂအဖွဲ့ဝင် မဖြစ်အောင် ပိတ်ဆို့ ဟန့်တားခဲ့ကြပါတယ်။
DVB Burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment