ဟိန္ဒူရေချိုးပွဲမှဆိုင်ကယ်ဖြင့် ပြန်လာသည့်မိသားစုအား လူနာတင်ယာဉ်မှဝင်တိုက် တစ်ဦးသေသုံးဦးဒဏ်ရာရ


ကျောက်တံခါး ဇန်နဝါရီ ၁၇

ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့မရဲစခန်းအပိုင်ရဲစခန်း၏ မြောက်ဘက်လေးမိုင်ခန့်အကွာ ရန်ကုန်-မန္တလေးကားလမ်းဟောင်း မိုင်တိုင်အမှတ်၁၁၈/ဝ အနီးခင်တို ကျေးရွာတွင် ယခုလ ၁၅ ရက် မွန်းလွဲ ၃ နာရီက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ယာဉ်မောင်း ဦးသိန်း မောင် အသက်(၇၄ နှစ်) (ဘ) ဦးအောင်ကြီး သပြေတန်းရွာ ကင်မွန်းအင်းကျေးရွာအုပ်စု ကျောက် တံခါးမြို့နယ်နေသူမောင်းနှင်လာ သော HSE/---- TOYOTA စူပါကာစတန်မီးခိုးရောင် (မြတ်စေ တနာလူမှုကူညီရေးအသင်း)လူနာ တင်ယာဉ်မှ ရှေ့ကုန်ကားတစ်စီး အား ကျော်တက်စဉ်မန္တလေးဘက် မှရန်ကုန်ဘက်သို့ ဟိန္ဒူရေချိုးပွဲမှ ပြန်အလာယာဉ်မောင်းဦးရမ်းဒေါနီး အသက်(၃၅နှစ်)(ဘ)ဦးရမ်းပရဘေ့ လယ်လုပ် ခိုဘာရီးရွာ ကျောက် တံခါးမြို့နေ သူမောင်းနှင်လာသည့် DAYANG ၁၁ဝ အစိမ်းရောင် နံပါတ်မပါ ဆိုင်ကယ်၏ နောက် တွင် ဇနီးဖြစ်သူဒေါ်အနီသာကူ မာရီ အသက်(၃၈နှစ်) (ဘ)ဦးရာ ဂျာရား သားဖြစ်သူ မောင်ဟီလဝါး အသက်ငါးနှစ်၊ သမီးဖြစ်သူ မဒူရူး ကန်အသက်ရှစ်နှစ်တို့အား အရှိန် မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ ဦးရမ်း ဒေါနီးတွင်နဖူး ပေါက်ပြဲ၊ ဝဲမျက် ခုံးပေါက်ပြဲ၊ ဝဲဘက်ဒူးရိုးကျိုး၊ ဝဲဘက် လက်မောင်းရိုးကျိုးဒဏ်ရာ များရရှိကာ ကျောက်တံခါးမြို့ ပြည်သူ့ဆေးရုံ၌ဆေးကုသစဉ်သေ ဆုံးခဲ့ပြီး ဇနီးဖြစ်သူဒေါ်အနီသာ ကူမာရီတွင်ဝဲယာခြေသလုံးရိုးကျိုး၊ ဝဲလက်ကောက်ဝတ်ကျိုး၊အတွင်း လူနာစိုးရိမ်ရ၊ သားဖြစ်သူမောင် ဟီလဝါးနှင့်သမီးဖြစ်သူမဒူရူးကန် တို့တွင်ပခုံးနှင့်ဒူးများ၌ပွန်းခြစ်ဒဏ် ရာများရခဲ့သည်။ဖြစ်စဉ်နှင့်ပတ်သက်ပြီးကျောက် တံခါးမြို့မရဲစခန်းမှ ယာဉ်(ပ)၂/ ၂ဝ၁၆ပြစ်မှုပုဒ်မ၃ဝ၄-က/၃၃၇/ ၃၃၈ အရ အမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
The Union Daily
https://www.facebook.com/uniondaily.net
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment