ချစ်ခန်း ကြိုက်ခန်းတွေ ရိုက်ရတာ အခက်အခဲရှိတဲ့ ရွှေသမီး


မန္တလေးသူလေးတစ်ယောက် ဖြစ်တဲ့ ရွှေသမီးဟာ ခုချိန်မှာ သရုပ်ဆောင်အလုပ်ကို ဆက်တိုက်လုပ်လာခဲ့ပြီဖြစ်သလို ပရိသတ်တွေလည်း လက်ခံလာကြတာ အားလုံးမြင်တွေ့ရမှာပါ။ မနေ့ကစပြီး မင်းသားသစ်နဲ့အတူ အမေလူမိုက်သားလူမိုက် ဆိုတဲ့ ကားကြီးရိုက်ခဲ့ပြီး သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတွေလဲ ထွက်လာနေပြီဖြစ်တာကြောင့် သူမရဲ့လှုပ်ရှားမှုတွေအကြောင်း မေးမြန်းကြည့်လိုက်တော့
-အခုလက်ရှိ အနုပညာလှုပ်ရှားမှု အနေနဲ့ ဘာတွေလုပ်ဖြစ်နေလဲ။
အရှေ့မှာ မကြီးစန်းနဲ့ကိုပြည်စိုးအောင်တို့လုပ်မဲ့ ရှိုးလေးမှာ လျှောက်ပေးခဲ့တယ်။ မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေအတွက် ဓာတ်ပုံလေးတွေရိုက်ပေးဖြစ်တယ်။ ၁၇ ရက်နေ့ကစပြီး မင်းသားအသစ်နဲ့ ကားကြီးစရိုက်ပါပြီ။
-အဲ့ဇာတ်ကားအကြောင်း ပြောပြပေးပါဦး။
အမေနဲ့သားဇာတ်လေးပေါ့။ အမေလူမိုက်သားလူမိုက်တဲ့။ ညီမကတော့ သဌေးသမီး ကာရိုက်တာ။ ကောင်လေးကကျတော့ ဆိုးတယ်။ ခိုးတယ်။ နှိုက်တယ်။ လိမ်တယ်။ ဘတ်တယ်။ ညီမနဲ့ဆုံပြီးကြိုက်သွားတယ်။ မိဘတွေက သဘောမတူကြဘူး။ အက်ရှင် လဲပါတယ် ။မိသားစုဇာတ်လေးလဲဖြစ်တယ်။
-အခုထွက်ထားတဲ့ ကြင်နာသူပေးတဲ့ ဝေဒနာဆိုတဲ့ ကားလေးလဲ ပရိသတ်တော်တော်များများ ကြိုက်ကြတယ်နော်။
အဲ့ဒီကားရိုက်တာလေ ရိုက်တဲ့နေ့တိုင်း မငိုရတဲ့နေ့မရှိဘူး။ တော်တော်လေး ငိုရတယ်။ စရိုက်ပြီဆိုတာနဲ့ ငိုဖို့ပြင်ထားငိုဖို့ပြင်ထားနဲ့နောက်ပြီးတော့ ဒါရိုက်တာ အောင်ဗပါဝါကလဲ မရိုက်တာတော်တော်ကြာပြီ။ ညီမနဲ့ပြန်စရိုက်တာပေါ့။ အဲ့ဒါလေးကလဲ အမှတ်တရဖြစ်တယ်။ ရိုက်တဲ့အချိန်မှာလဲ ဒီကာရိုက်တာအပေါ်မှာ တော်တော်လေးကို mood အရမ်းဝင်တယ်။
-အန်ကယ်လေးနဲ့ရိုက်တာ အဲ့ဒီကားက ပထမဆုံးခေါင်းဆောင်အနေနဲ့ရိုက်ထားတာပေါ့နော်။
ဟုတ်ကဲ့။ အဲ့ဒါကပထမဆုံးကားပါ။ ရှေ့မှာတော့ ပျိုးခင်းက အမတွေနဲ့ သုံးယောက်အတွဲတွေတော့ ထွက်ဖူးတယ်။
-အဲ့ဒီကားလေးက ပထမဆုံး ခေါင်းဆောင်အနေနဲ့ထွက်တဲ့ကားဖြစ်သလို ပရိသတ်လဲလက်ခံကြတော့ ရွှေသမီး အနေနဲ့ တာထွက်ကောင်းတယ်လို့ပြောလို့ရမလား။
အဲ့ဒီကားမှာ ဆိုရင် အန်ကယ်လေးရော ဒါရိုက်တာရော သေချာလေးအချိန်ပေးပြီး ရိုက်ပေးတယ်။ စောင့်ပေးတယ်။ ပုံမှန်ဆို ညီမတို့ကရိုက်ရက်ကို ၄ ရက်၅ ရက် လောက်ပဲပေးကြတယ်။ အဲ့ဒီကားရိုက်တုန်းက မှတ်မှတ်ရရ အနေနဲ့ ရိုက်ရက် ၈ ရက်ပေးခဲ့ရတယ်။ တော်တော်လေးလဲ အချိန်ယူပြီးရိုက်တယ်။ ငိုတာမရမချင်းစောင့်ပေးကြတယ်။ သေချာလေးလဲ သင်ပေးကြလို့ပါ။ ခါတိုင်းကားတွေထက်တော့ လုပ်ကွက်ရတယ်လို့ပြောလို့ရတယ်။ ညီမ ဇာတ်လေးလို့ပြောလို့ရတယ်။
-နောက် ကိုညိုနဲ့ရိုက်ထားတဲ့ ပရိုမိုးရှင်းကားလဲ အပျော်လေးဆိုတော့ တော်တော်များများကြိုက်ကြတယ်နော်။
ဟုတ်တယ်။ ရိုက်ထားတာလဲ လူငယ်ဆန်တယ်။ ဇာတ်လမ်းလေးကလဲ ဆန်းတယ်။ ပြီးခါနီးလေးမှာကို ပဟေဠိလေးလိုလုပ်ထားတယ်။ အဲ့ဒါကြောင့်လဲ လူငယ်ပရိသတ်တွေကြိုက်ကြတာထင်ပါတယ်။
-အခုဆို ပျိုးခင်းက အတွဲရိုက်ထားတဲ့ကားတွေ၃ကားထွက်ပြီးပြီနော်။
ဟုတ်ကဲ့။ သုံးယောက်ပါတဲ့ ဇာတ်က သုံးကားထွက်ပြီးပြီ။ ကိုခန့်နဲ့တစ်ကား၊ ကိုနေတိုးနဲ့တစ်ကား၊ အန်ကယ်လေးနဲ့တစ်ကားပေါ့။ သုံးကားလုံးက ပုံစံမတူဘူး။ ကွဲထွက်နေတယ်။ အဲ့ဒါကြောင့်လဲ ပရိသတ်အတွက် အမြင်တစ်မျိုးဖြစ်စေမယ်လို့ထင်ပါတယ်။
-ဘယ်လိုအခန်းကို သရုပ်ဆောင်ရတာ ကိုယ့်အတွက်အခက်အခဲဖြစ်စေလဲ။
အခက်အခဲက ချစ်ခန်းကြိုက်ခန်းပေါ့။ အရမ်းခက်ခဲတယ်။ သိပ်မရဲတဲ့ အချိန်ဆို အန်ကယ်လေးက သမီးဒီလိုဒီလိုလေး လုပ်ရတယ်။ စိတ်ထဲမှာမထားနဲ့ကိုယ်သရုပ်ဆောင်စရာရှိတာကိုသရုပ်ဆောင်ဒီလိုလေးလုပ်၊ ဟိုလိုလေး လုပ်ဆိုပြီး သင်ပေးရတယ်။ ညီမသတိထားမိသလောက် အချစ်ခန်းရိုက်ရင် တော်တော်လေးပြောယူရတယ်။ အပြောလဲခံရတယ်။ သိပ်လဲမလုပ်တတ်ဘူး။ သိပ်မရဲတာမျိုးဖြစ်နေတယ်ပေါ့။ ပြီးခဲ့တဲ့ကားတွေတုန်းက အချစ်ခန်းတွေဆို တော်တော်လေးကြိုးစားပြီးရိုက်ခဲ့ရတယ်။
-၂၀၁၅ မှာလုပ်ခဲ့တဲ့ အနုပညာလှုပ်ရှားမှုတွေကရော ညီမအတွက် အားရစရာဖြစ်ခဲ့ရဲ့လား။
အားရကျေနပ်မှုရှိပါတယ်။ ၂၀၁၅ ဟာညီမအတွက် ထူးထူးခြားခြားအမှတ်တရတွေလဲအများကြီးဖြစ်ခဲ့တယ်။ အနုပညာပိုင်းမှာဆိုရင်လဲ အားရတယ်လို့ပြောလို့ရတယ်။ ၂၀၁၅ မှာ ကားရိုက်တွေဆက်တိုက်ရှိခဲ့တဲ့အတွက် ၂၀၁၆ မှာ ထွက်မယ်။
-ဟိုတလောက ရဲတိုက်လွတ်ပြီဆိုပြီး ကောလဟလလဲထွက်လိုက်သေးတော့ ကိုယ်နဲ့ စပြီးတွဲသရုပ်ဆောင်ခဲ့တဲ့ အစ်ကိုတစ်ယောက်အနေနဲ့ စိတ်ထဲမှာ ဖြစ်မိတဲ့ စိတ်ခံစားချက်လေးကိုလဲ သိချင်ပါတယ်။
ညီမကတော့ ဖေ့စ်ဘုတ် မသုံးဘူး။ ဒါပေမဲ့ မေမေကသုံးတော့ လာပြောတယ်။ ဟဲ့ ကိုရဲတိုက်လွတ်ပြီပေါ့။ အဲ့ဒါနဲ့ ဆာတိုရီကို ဖုန်းဆက်ပြီး လှမ်းမေးကြည့်တော့ ဆာတိုရီက ဦးမျိုးဇော်တို့က ဖေ့စ်ဘုတ်မှာ ကိုရဲတိုက် မလွတ်ပါဘူး။ ကောလဟလပေါ့။ ဒီတစ်ခေါက်လွတ်ငြိမ်းနဲ့မပါသေးဘူးဆိုပြီး ပြန်ဖြေရှင်းချက် ထုတ်ထားတယ်။ အဲ့ဒါကသတင်းအမှားပေါ့။ ဒီတစ်သုတ်မှာတော့ မပါသေးဘူး။ အဲ့ဒါနဲ့ စိတ်ပြန်ညစ်သွားတယ်။ ပြန်လွတ်ပြီလို့ကြားတော့ အရမ်းဝမ်းသာသွားတယ်။ ဒါပေမဲ့ မဟုတ်ဘူး သတင်းအမှားကြီးဆိုတော့ စိတ်ပြန်ညစ်သွားပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment