ဘာစီလိုနာ ကစားသမားဟောင်းဖြစ်သူ ဇာဗီက အသင်းဟောင်း ဘာစီလိုနာအသင်းက မက်ဆီ ၊ နေမာ နှင့် ဆွာရက်ဇ်တို့ဟာ အားကစား သမိုင်းတလျှောက်မှာ အကောင်းဆုံး တိုက်စစ်အတွဲတွေပဲဖြစ်ပါတယ်လို့ မာကာ သတင်းစာကို ပြောကြားခဲ့ပါတယ်။
အဆိုပါ တောင်အမေရိက ကစားသမား သုံးဦးဟာ ဘာစီလိုနာအသင်းကို မနှစ်က ဘောလုံးရာသီမှာ ပြည်တွင်း အမှတ်ပေး ၊ ရှုံးထွက်ဖလားများအပြင် ချန်ပီယံလိဂ်နှင့် ယခုနှစ် ဖီဖာ ကမ္ဘာ့ကလပ်အသင်းများ ပြိုင်ပွဲမှာပါ ဗိုလ်စွဲနိုင်အောင် တွဲဖက် ညီညာစွာ အထူးစွမ်းဆောင်ပေးခဲ့တဲ့အတွက် အခုလို ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အသလက်တစ် ဘီလ်ဘာအိုကို ၆-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာလည်း ဆွာရက်ဇ်ဟာ ဟက်ထရစ်ရယူခဲ့ပြီး လာလီဂါ ဂိုးသွင်းစာရင်းကို (၁၈) ဂိုးနဲ့ ထပ်ဆုံးကနေ ဦးဆောင်ခဲ့ပါတယ်။
ှSource & Photo: ESPN
Credit: duwun

0 comments:
Post a Comment