မင်းသား ဟယ်ရီရဲ့ဇနီး ကိတ်ဟာ ပရဟိတအလုပ်တွေကို ကြိုးပမ်းလုပ်ကိုင်ရင်း မင်းသမီးဒိုင်ယာနာ နောက်တစ်ဦး ဖြစ်လာပါတော့မယ်။
ဟယ်ရီရဲ့မိခင် မင်းသမီး ဒိုင်ယာနာဟာ အေအိုင်ဒီအက်စ်နဲ့ မြေမြှုပ်မိုင်းအပါအဝင် လူသိပ်လက်မခံတဲ့ ပြဿနာများအတွက် ပရဟိတ အလုပ်ကို ဇွဲနဘဲ ကြီးကြီးနဲ့ လုပ်ခဲ့တဲ့အတွက် နာမည်ကြီးခဲ့သူပါ။
၁၉၉၇ ခုနှစ်မှာ လန်ဒန်ရှိ ဒုက္ခသည်ကလေးငယ်များစခန်းကို သွားရောက်လည်ပတ်ခဲ့တဲ့ ဒိုင်ယာနာ
ကိတ်မစ်ဒယ်တန်ကလည်း ကလေးများရဲ့ စိတ်ကျန်းမာရေးဆိုတဲ့ ရှုပ်ထွေးလှတဲ့ ပြဿနာကို တွယ်ဖက်ရင်း ဒိုင်ယာနာ သွားတဲ့ လမ်းကြောင်းအတိုင်း လိုက်ဖို့ ပြင်ဆင်နေပါတယ်။
၁၉၈၀ ခုနှစ်များအတွင်းက အိတ်ခ်ျအိုင်ဗွီ ဝေဒနာသည်တွေနဲ့ ပတ်သတ်ပြီး ဝေလမင်းသမီး ဒိုင်ယာနာ လုပ်ခဲ့တဲ့အတိုင်း ကမ်းဘရစ်မြို့စားကတော် ကိတ်ဟာ သူမကြောင့် ဒီဖြစ်ရပ်အပေါ် သတိပြုသူ များပြားလာအောင် ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ထားပါလိမ့်မယ်။
ပြီးခဲ့တဲ့နှစ် မေလက မင်းသား ချားလော့တ်ကို မွေးဖွားပြီးတဲ့နောက် ခဏအနားယူပြီးနောက် အများအကျိုးပြု လုပ်ငန်းတွေ ပြန်လုပ်နေတဲ့ ကိတ်အတွက် ဒါဟာ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခုပါပဲ။
အသက် ၇ လအရွယ် သမီးလေးက အန်မာဟောလ်မှာ ထားခဲ့လို့ ရနေပြီဖြစ်ပြီး အသက် ၂ နှစ်အရွယ် မင်းသား ဂျော့ဂ်ျက ဒီလထဲမှာပဲ နော်ဖို့ခ်က ကလေးထိန်းကျောင်းမှာ စတက်နေပြီဆိုတော့ သူမအတွက် အလုပ်ကို အာရုံစိုက်လုပ်ဖို့ အချိန် ပိုရသွားပါတယ်။
သူမဟာ ဖေဖော်ဝါရီ ၈ ရက်မှာ စတင်မယ့် ကလေးသူငယ်များ စိတ်ကျန်းမာရေးသီတင်းပတ်ကို ကြော်ငြာဖို့အတွက် ဗွီဒီယိုတစ်ခု ပြုလုပ်ရင်း သူမရဲ့ လုပ်ငန်းကို စတင်နေပါပြီ။
ပထမဆုံးအကြိမ်ကျင်းပတဲ့ ၂၀၁၅ ခုနှစ်က ကလေးသူငယ်များ စိတ်ကျန်းမာရေး သီတင်းပတ်မှာ ကိတ်ရဲ့ ပါဝင်မှုက သက်ရောက်မှု အရမ်းရှိခဲ့ပြီး သူမရဲ့ ထောက်ခံအားပေးတဲ့ ဗီဒီယိုဟာ တစ်ကမ္ဘာလုံးအနှံ့ရှိ လူသန်းပေါင်းများစွာထံ ရောက်ရှိခဲ့တယ်လို့ ကိတ်က ပြောခဲ့ပါတယ်။
Source & Photos : Daily Mail
Credit: duwun

0 comments:
Post a Comment