သက်သေတွေနောက်ကို အချိန်ကုန်ခံ လိုက်ဖို့အတွက်၊ငွေကုန်ခံလိုက်ဖို့အတွက် စရိတ်မရှိဘူး ဖြစ်နေတယ်။ အပွင့်လင်းဆုံးပြောမယ်ဆိုရင် ကျနော်တို့ဘက်က လုပ်နေ၊ ကိုင်နေတာကို ကျနော်ကို
ယ်တိုင် အားမရဘူး။
လိပ်ကျွန်း လူသတ်မှု စွဲချက်နဲ့ သေဒဏ်ချမှတ်ခံထားရတဲ့ လူငယ်နှစ်ဦးအတွက် အယူခံနောက်ဆုံးရက်ကို တစ်လ ထပ်တိုးပေးလိုက်ပေမယ့် သက်သေထွက်ပေးမယ့် လူတွေကို ရှာဖွေရေးနဲ့ အခြားလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ဘဏ္ဍာငွေအခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။
"ကျနော်တို့မှာ အားနည်းနေတာတခုက လက်ရှိလိပ်ကျွန်းကော်မတီနဲ့ အဲဒီလို သက်သေတွေ နောက်ကို အချိန်ကုန်ခံလိုက်ဖို့အတွက် ၊ငွေကုန်ခံလိုက်ဖို့အတွက် စရိတ် မရှိဘူးဖြစ်နေတယ်။ အပွင့်လင်းဆုံးပြောမယ်ဆိုရင် ကျနော်တို့ဘက်က လုပ်နေ၊ ကိုင်နေတာကို ကျနော် ကိုယ်တိုင်အားမရဘူး" လို့ မြန်မာ အလုပ်သမားနှစ်ဦးရဲ့ အမှုကို လိုက်လံဆောင်ရွက်ပေးနေတဲ့ စုံစမ်းစစ်ဆေးရေးတာဝန်ခံ ဦးကျော်သောင်းက ပြောပါတယ်။
သေဒဏ်မချမီ တစ်လအတွင်းမှာ သက်သေထွက်ပေးနိုင်တဲ့ သူတွေရဲ့ နေထိုင်ရေး၊ အလုပ်အကိုင်နဲ့လုံခြုံရေးကိစ္စတွေကို မြန်မာသံရုံးနဲ့ လိပ်ကျွန်း အထူးကော်မတီတို့က တာဝန်ယူပေးနိုင်တာတွေမရှိတဲ့အတွက် လိပ်ကျွန်းပေါ်မှာ အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံသားသက်သေတွေ ရသင့်သလောက် မရရှိခဲ့ဘူးလို့လည်း ဦးကျော်သောင်းက ပြောပါတယ်။

လက်ရှိ သေဒဏ်ကျခံရပြီး တစ်လပြည့်တဲ့ အချိန်အထိလည်း လိုအပ်တဲ့မျက်မြင်သက်သေတွေကို ရှာဖွေနိုင်ဖို့လုပ်ဆောင်နိုင်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။
ဇန်န၀ါရီလဆန်းပိုင်းမှာ ဒီအမှုအတွက် အထက်တရားရုံးကို အယူခံဆက်တက်ဖို့ ဥပဒေနဲ့ မူခင်း ပညာရှင် သုံးဦးကို မြန်မာအစိုးရက စေလွတ်ပေးခဲ့ပြီး အမှုအတွက် ပြင်ဆင်မူတွေ လုပ်ဆောင်ခဲ့တာပါ။
Credit - Duwun
0 comments:
Post a Comment