တရုတ်နိုင်ငံသားတစ်ဦး စည်းကမ်းမဲ့ ယာဉ်မောင်းနှင်ရာမှ ယာဉ်မတော်တဆမှုဖြစ်ပွား


နေပြည်တော် ဖေဖော်ဝါရီ ၁၃

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ကျောက်မျက်ရတနာပြတိုက်ရှေ့ ရာဇ သင်္ဂဟလမ်းပေါ်၌ ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်က လယ်ဝေးဘက်မှ သပြေကုန်းအဝိုင်းဘက်သို့ Mr.Li Zhong Hau အသက် (၃၂)နှစ် မောင်းနှင်လာသော တိုယိုတာ လင်ခရူဆာ အမျိုးအစား ယာဉ် အမှတ် YGN 2C/----- သည် လက်ယာဘက်ယာဉ်ကျောမှ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်ရှိ ဓာတ်တိုင်နှင့် အပင်များအား တိုက်ပြီး လက်ဝဲဘက်ယာဉ်ကြောသို့ လမ်းပြောင်းပြန်ဒယဥ့်တိုက်ဆွဲကာ ပေ ၃ဝဝ ကျော် လွင့်စဉ်သွားခဲ့သည်။

အဆိုပါ ယာဉ်မဆင်မခြင်မောင်းနှင်လာသူ တရုတ်နိုင်ငံသား Mr. Li Zhong Hau အား နေပြည်တော် ယာဉ်ထိန်းတပ်ဖွဲ့မှ ယာဉ်မှုစစ်ရဲအရာရှိ ရဲအုပ်မောင်မောင်သိန်းနှင့်အဖွဲ့က ဆက်လက်အမှုဖွင့်အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းလွင်ဦး(နေပြည်တော်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment