၂၀၁၆ ရဲ့ အကြီးမားဆုံးပြောင်းလဲမှုက အီဖေကိုတို့ ရွေးကောက်ပွဲပါလို့ ပြောပြလာတဲ့ နန်းမြတ်ဖြိုးသင်း


မကြာခင်မှာ ရုံတင်တော့မဲ့ အိဖေကိုတို့ရွေးကောက်ပွဲက သူမအတွက် ၂၀၁၆ မှာအကြီးမားဆုံးပြောင်းလဲမှု တစ်ခုလို့ပြောပြလာတဲ့ သူကတော့ နန်းမြတ်ဖြိုးသင်းပါ။ သူမဟာလက်ရှိမှာ သီချင်းတွေလဲ သီဆိုရင်း ကားရိုက်ဖက်ကိုလဲ မလစ်ဟင်းရအောင် ကြိုးစားနေသူလဲဖြစ်ပါတယ်။ ဗီဒီယိုကားတွေထက် ဇာတ်လမ်းတွဲဖက်ကို ပိုပြီး အားထည့်ကြိုးစားဖြစ်နေတဲ့ နန်းမြတ်ဖြိုးသင်းက လက်ရှိမှာရိုက်ကူးနေတဲ့ ရင်တွင်းရေးပြသနာဆိုတဲ့ ဇာတ်လမ်းတွဲလေးအကြောင်းကို ပြောပြလာတဲ့အခါ
-အခုရိုက်နေတဲ့ ဇာတ်လမ်းတွဲအကြောင်းကို အရင်ပြောပြပေးပါဦး။
အခုရိုက်နေတဲ့ဇာတ်လမ်းတွဲက ရင်တွင်းရေးပြသနာတဲ့။ မြန်မာ့အသံက လွှင့်မှာပါ။ နန်းမြတ်ရဲ့ကာရိုက်တာက ဒီထဲမှာအရမ်းချမ်းသာတဲ့ မိသားစုကကောင်မလေး၊ အရမ်းလဲဆိုးတယ်။ မောက်မာတယ်။ အရာရာကိုငွေနဲ့ဖြေရှင်းဖို့ကြိုးစားတဲ့ကောင်မလေးပေါ့။
-ဒီထဲကကာရိုက်တာကရော အပြင်နဲ့ကွာခြားမှုရှိမလား။
ကွာခြားပါတယ်။ အပြင်မှာနန်းမြတ်ကအငယ်ဆိုတော့ အငယ်စိတ်ပဲပေါ့။ ဒီထဲမှာက အကြီးဖြစ်တဲ့အတွက် အကြီးစိတ်တော့နည်းနည်းသွင်းပြီးသရုပ်ဆောင်ရတယ်။
-ပြင်ဆင်မှုအပိုင်းနဲ့ပတ်သက်ပြီးရော အထူးတလည်လုပ်ရတာမျိုးရှိမလား။
မိတ်ကပ်ကိုခပ်ရင့်ရင့်ခြယ်ရတယ်။ နှုတ်ခမ်းနီဆိုလဲ အရောင်ရင့်ရင့်ဆိုးရတယ်။ ဆံပင်ကိုလဲ ခေတ်ဆန်ဆန်လေး အတိုကိုကောက်ထားတယ်။ ဒီလောက်ပဲ။
-သင်ဇာနဲ့ကမြေးအဘွားဆိုတော့ အပေးအယူတည့်အောင်ဘယ်လိုသရုပ်ဆောင်ဖြစ်လဲ။
မသင်ဇာနဲ့က အမေရော၊ အဖွားရော နှစ်ကိုယ်ခွဲပေါ့။ အမေကသေသွားတော့ အဖွားနဲ့ပဲတွေ့ကြတယ်ပေါ့။ အသက်အရွယ်ပုံစံအရနည်းနည်း Strong ဖြစ်အောင်ညီမကသရုပ်ဆောင်ရတယ်။ မသင်ဇာနဲ့လဲအဆင်ပြေပါတယ်။
-ဒီဇာတ်လမ်းတွဲက နန်းမြတ်အတွက်ဘယ်နှစ်ခုမြောက်များဖြစ်မလဲ။
ဝါ၊စိမ်းနီ ကလွှင့်နေပြီ။ နောက်ကိုဝိုင်းနဲ့ မီးသတ်ဂုဏ်ပြု ၀မ်းနိုင်းဝမ်း ဆိုပြီးရိုက်ထားတယ်။ ဘယ်တော့လွှင့်မလဲမသိဘူး။ အခုဒါနဲ့ဆို၃ခုရှိပြီ။ နောက် ၄လပိုင်းမှာ တစ်ခုထပ်ရိုက်ပါမယ်။
-မကြာခင်မှာ အိဖေကိုတို့ရွေးကောက်ပွဲလဲ ရုံတင်တော့မယ်ဆိုတော့ ရင်ခုန်မှုအတိုင်းအတာလေးကိုလဲသိချင်ပါတယ်။
ရင်ကတော့ အရမ်းခုန်တယ်။ အဲ့ဒီကားကြီးကကိုယ်ပထမဆုံးခေါင်းဆောင်အနေနဲ့ပါဝင်ခွင့်ရတဲ့ကားကြီး၊ ပထမဆုံးလဲပထမဆုံးဆိုတော့ အရမ်းလဲရင်ခုန်တယ်။ ပရိသတ်လဲတုံ့ပြန်မှုကိုလဲ အများကြီးမျှော်လင့်မိပါတယ်။ ကိုယ့်ဖက်ကလဲအကောင်းဆုံးကြိုးစားထားတယ်။ လိုအပ်မှုတွေအများကြီးရှိနေမယ်ဆိုတာလဲသိပါတယ်။ ဒါပေမဲ့ကိုယ့်ရဲ့ကြိုးစားမှုလေးတစ်ခုကို ပရိသတ်ဘယ်လိုတုံ့ပြန်မှုပေးမလဲဆိုတာကို အရမ်းရင်ခုန်နေပါတယ်။
-ဂီတပိုင်းနဲ့ပတ်သက်ပြီးတော့ရော ဘာတွေလုပ်ဖြစ်နေလဲ။
နောက်တစ်ခွေအတွက်သီချင်းစုနေတယ်။ သီချင်းရေးဆရာတွေဆီမှာ သီချင်းအပ်ထားတယ်။ အတွဲဖြစ်မလား။ တစ်ကိုယ်တော်ဖြစ်မလားတော့ မပြောတတ်သေးပါဘူး။
-အတွဲခွေတွေမှာရော ဆိုထားတာရှိမလား။
အတွဲခွေကတော့ ရွှေ FM ခြောက်နှစ်ပြည့်မှာ ဆိုထားပါတယ်ရှင့်။ ပရိသတ်တွေအဲ့ဒီသီချင်းလေးကိုကြိုက်ကြတယ်လို့ပြန်ကြားပါတယ်။
-ပြန်ဆိုတေးနဲ့ပတ်သက်ပြီး ကိုယ့်ဖက်ကဘယ်လိုတာဝန်ရှိတယ်လို့ ခံယူထားလဲ။
ကိုယ်တွေက ပြန်ဆိုတေးကိုလုပ်တဲ့အခါမှာ အရင်အဆိုတော်တွေရဲ့ ပုံစံမဟုတ်ပဲ ပုံစံလေးပြောင်းသွားအောင် တစ်မျိုးဆန်းသွားအောင်ဒီဖက်ခေတ်ပုံစံပေါက်သွားအောင်အမြဲလုပ်ပါတယ်။ လာလာ မလာလာ တုန်းကဆိုရင်လဲ အရင်ပုံစံပျောက်သွားပြီးတော့ အသစ်တစ်ပုဒ်ပုံစံမျိုးလေးဖြစ်သွားအောင်ကြိုးစားထားပါတယ်။ အခုမင်းမရှိတဲ့နောက်ဆိုလဲ အဲ့ဒီလိုပုံစံလေးပဲဖြစ်အောင်ကြိုးစားထားပါတယ်။
-ဗီဒီယိုလောကကလဲ ယိုင်နဲလာတဲ့အခါကျတော့ အခုနောက်ပိုင်း ကားကြီးနဲ့ဇာတ်လမ်းတွဲတွေပိုပြီးအရိုက်များလာတာတွေ့ရတယ်။ အဲ့ဒီအပေါ် နန်းမြတ်ရဲ့ အမြင်လေးကိုလဲသိချင်ပါတယ်။
နန်းမြတ်တို့ကသရုပ်ဆောင်ပရိုဂျူဆာလဲ မဟုတ်တော့ သိပ်နားမလည်ဘူး။ သရုပ်ဆောင်ဖြစ်တဲ့အတွက် ကိုယ့်ကိုလာပေးတဲ့ ဇာတ်အပေါ်မှာရွေးချယ်တယ်။ ကြိုက်နှစ်သက်တယ်။ ကိုယ်လုပ်နိုင်တယ်။ ကိုယ်သဘောကျတယ်ဆိုရင် လက်ခံပြီးရိုက်ကူးဖြစ်တယ်။ ဒီလောက်ပါပဲ။
-လက်ခံထားတဲ့ ကားရိုက်အနေနဲ့ရော ဘာတွေရှိဦးမလဲ။
၂လပိုင်းမှာ ဥက္ကဌမဧ။် သားမက်တော် ၂ ဆက်ရိုက်ဖြစ်မယ်။ အစက ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ရိုက်ဖို့စီစဉ်ထားတာ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖေဖော်ဝါရီလထဲရောက်သွားပါတယ်။ ပြီးရင်နန်းမြတ် နယ်ရှိုးတွေတောက်လျှောက်ဆိုဖို့ရှိတယ်။ နောက်လေးလပိုင်းမှာ ဇာတ်လမ်းတွဲနောက်တစ်ခုထပ်ရိုက်မယ်။
-၂၀၁၆ ထဲမှာ ပြောင်းလဲလာတဲ့အပိုင်းတွေကရော ဘာတွေဖြစ်မလဲ။
ပထမဆုံးအနေနဲ့ အကြီးဆုံးပြောရရင် အီဖေကိုတို့ရွေးကောက်ပွဲပေါ့။ အဲ့ဒါကနန်းမြတ်အတွက် ပထမဆုံးပြောင်းလဲမှုလို့ပြောလို့ရပါတယ်။ ရိုက်ထားတာက ၂၀၁၅ မှာ အခုရုံတင်တာက ၂၀၁၆ ဆိုတော့ ကိုယ့်ရဲ့ပြောင်းလဲမှုတွေတစ်ခုပြီးတစ်ခုဖြစ်လာတယ်လို့ထင်တယ်။ ဒီကားကြီးရုံတင်တဲ့အခါကျတော့ ပရိသတ်တွေဘယ်လိုတုံ့ပြန်မလဲ။ အဲ့ဒါကြီးပြီးသွားရင်ရော ဘာတွေပြောကြမလဲ ။ အဲ့ဒါကိုပဲရင်ခုန်နေပါတယ်။
-၂၀၁၅ တစ်နှစ်လုံးရဲ့ အနုပညာအလုပ်တွေအတွက် ကျေနပ်မှုရှိရဲ့လား။
ကျေနပ်ပါတယ်။ ကိုယ်လုပ်မယ်လို့ဆုံးဖြတ်ပြီးလက်ခံလိုက်တဲ့အရာအားလုံးကို ကိုယ့်ဖက်ကနောင်တရစရာမကျန်အောင်အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment