၂၀၁၆မှာ ကာရိုက်တာပိုင်း ကွဲထွက်အောင် သရုပ်ဆောင်သွားမယ်လို့ ဖွင့်ဟလိုက်တဲ့ သွန်းဆက်


၂၀၁၆ ထဲမှာ ကွဲပြားခြားနားတဲ့ ကာရိုက်တာတော်တော်များများနဲ့ပရိသတ် လက်ခံနိုင်မဲ့ ဇာတ်လမ်းပုံစံတွေကို ရွေးချယ်ရိုက်ကူးသွားဖို့ရှိတယ်လို့ဆိုလာသူကတော့ သွန်းဆက်ပါ။ လက်ရှိမှာ ဇာတ်လမ်းရိုက်ကူးမှုတွေဆက်နေသလို အားလပ်ချိန်တွေကို နိုင်ငံခြားထွက်ရင်း စိတ်အပန်းဖြေဖြစ်တယ်လို့ပြောလာသူသွန်းဆက်ရဲ့ သင်္ကြန်အစီအစဉ်နဲ့ လက်ရှိမှာရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်းကိုမေးမြန်းလာတဲ့အခါ
"အခုရိုက်နေတဲ့ကားလေးက မဒီးဒီရဲ့ နှိုက်မှာပဲ သီချင်းလေးကိုပြန်ရိုက်ထားတဲ့ ကားလေးပါ။ မင်းသားက ကိုညီထွဋ်ခေါင်နဲ့ အိမ်ထောင်ရေးဇာတ်လေးပါ။ ကိုညီထွဋ်ခေါင်ကို စနှိုက်လုပ်တဲ့ ကားလေးပေါ့။ ဒီရဲ့အရှေ့မှာတော့ အရင်က အထီးမှုန်ဆိုတဲ့ကားလေး ကိုကျော်နဲ့ပေါ့။ အဲ့ဒီကားလေးကပေါက်ခဲ့တော့ အခုအမမှုန်ဆိုပြီး သွန်းဆက်ရဲ့ဇာတ်လေးကိုရိုက်ဖို့ပြောတာနဲ့ဆက်ရိုက်ဖြစ်တယ်။ အဲ့ဒီကားမှာဆို သွန်းဆက် က အရမ်းကို အိုဗာဖြစ်နေတဲ့ အိုက်တင်တွေ လုပ်ရတယ်။ အသုံးအနှုန်းတွေကလဲ ဖေ့စ်ဘုတ်ထဲက စကားလုံးတွေပေါ့။ သူ့ကိုကွီးလို့ခေါ်တယ်။ သူက ကိုယ့်ကို ခေးလို့ခေါ်တယ်။ ကိုယ့်ကိုကိုယ်ကျစမီးလို့ပြောပြီး အိုဗာအိုက်တင်တွေနဲ့ပေါင်းစပ် သရုပ်ဆောင်ထားတယ်။ အရင်က အဲ့ဒီလိုကာရိုက်တာမျိုး သွန်းဆက် မလုပ်ဖူးဘူး။ ဒီလိုကားက ပထမဆုံးပေါ့။ တော်တော်လေးလဲ ရယ်ရပါတယ်။ သွန်းဆက်အပြင်မှာ ဘယ်တော့မှ မကြိုက်သောအရောင်တွေကို အဲ့ဒီကားထဲမှာ အားလုံးသုံးထားတယ်။ တခြားကားတွေနဲ့အရမ်းကွာတယ်။ ကားတိုင်းကားတိုင်းမှာ လှအောင်ပြင်ပြီး သရုပ်ဆောင်ခဲ့တာဆိုတော့ ဒီ ၂၀၁၆ ထဲမှာ ကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီး ကွဲထွက်စေချင်တဲ့အတွက် သွန်းဆက် အဲ့ဒီကားလေးကို လက်ခံပြီးရိုက်ဖြစ်ခဲ့တယ်။"လို့ သူမက ပြောပြသွားပါတယ်။
အားလပ်ချိန်ကို ဖြတ်သန်းဖြစ်ပုံအကြောင်းနဲ့ပတ်သက်ပြီးတော့လည်း သူမက "အားလပ်ချိန်က မိသားစုနဲ့နိုင်ငံခြားထွက်တယ်။ ၁ရက် ၂ ရက်လောက်ပဲဆိုရင်တော့ အိမ်မှာအခွေကြည့်တယ်။ မုန့်တွေလျှောက်စားတယ်။ အေးအေးဆေးဆေးလေးပဲနေပါတယ်။ အချိန်ရရင်တော့ နိုင်ငံခြားသွားတာ များတယ်။ သင်္ကြန်ကိုတောင် မိသားစုနဲ့တူတူ ဗုဒ္ဓဂါယာသွားဖို့စီစဉ်ထားပါတယ်"တဲ့။
ဧပြီ ၃ ရက်နေ့မှာပြုလုပ်မဲ့ အကယ်ဒမီပေးပွဲ အကြောင်းကိုတော့ "အန်ကယ်လေးတို့ရုပ်ရှင်အစည်းအရုံးကပြောထားတာ တစ်ခုရှိတယ်။ အကယ်ဒမီ နဲ့ပတ်သက်တဲ့ သီချင်းလေးရိုက်မယ်။ မင်းသမီးအကြီးတွေလဲ ပါတယ်ပေါ့။ အဲ့ဒါလေးတော့ လုပ်ပေးဖြစ်မယ်။ ဒီနှစ်ပိုးထည်က မြတ်လေးနွယ်ပိုးထည်တိုက်က စပွန်ဆာပေးပါမယ်။ ဒီဇိုင်နာက တီးတီးစံပါ။ အကယ်ဒမီဆိုတာကတော့ တကယ်သရုပ်ဆောင်ကောင်းတဲ့ သူတွေ သရုပ်ဆောင်ကောင်းတဲ့ စီနီယာတွေကို ပေးတဲ့ မျှတတဲ့ပွဲတစ်ပွဲပါ"လို့ သူမက ဖွင့်ဟသွားပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment