ကောလာဟလနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက် အဖြစ်မခံပါဘူးဆိုတဲ့ နန်းဆုဦးက အချိန်ပေးရိုက်ရတဲ့ ဇာတ်မျိုးတွေကိုကြိုက်တာကြောင့် Charm ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်နေတယ်လို့သိရပြီး လက်ရှိမှာ ရိုက်ကူးနေဆဲဖြစ်တဲ့ လူပျိုလူလွတ်ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာလဲ ဒီဇိုင်နာတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်နေတယ်လို့သိရတာကြောင့် သူမနဲ့တွေ့ဆုံခိုက်မှာ မေးမြန်းဖြစ်ခဲ့တာက
"အခုရိုက်နေတဲ့ကားလေးက လူပျိုလူလွတ်တဲ့။ ဒီကားလေးက ဟာသဖန်စီပေါ့ပေါ့ပါးပါးလေးပါပဲ။ ဒီကားထဲမှာ အန်ကယ်လေး၊ ဇေရဲထက်၊ မမြတ်မှူးခင်ရယ်ပေါ့။ ညီမကဒီထဲမှာ ဖက်ရှင်ဒီဇိုင်နာ၊ အဲ့ဒီကားထဲက ညီမရဲ့အစ်မက မော်လ်ဒယ်ဆိုတော့ ညီမကသူ့ရဲ့ဖက်ရှင်တွေကို ဒီဇိုင်းလုပ်ပေးတယ်။ ဖက်ရှင်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်တဲ့သူတစ်ယောက်ပေါ့။"လို့ ဖွင့်ဟလာပါတယ်။
Charm ဆိုတဲ့ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ဖြစ်တာနဲ့ပတ်သက်ပြီးတော့လဲ သူမက "အဓိကကတော့ ဇာတ်လမ်းတွဲကအချိန်ပိုပေးရတယ်။ ရုပ်ရှင်ကားကြီးလဲအချိန်ပေးရတာပါပဲ။ ဒါပေမဲ့ ဗီဒီယိုကတော့ အချိန် အတိုဆုံးနဲ့ရိုက်လို့ရတယ်။ အမှန်တော့လဲ အချိန်ဘယ်လောက်ယူယူ ဇာတ်လမ်းတစ်ခုကို ရိုက်တာပါပဲ။ ဒါပေမဲ့ နန်းဆုကတော့ အချိန်ပိုယူပြီးရိုက်ရတာကို သဘောကျတယ်။ အဲ့ဒါကြောင့်လက်ခံဖြစ်တာပါ။ ရိုက်ရတဲ့ ခံစားချက်ချင်းလဲ မတူဘူး။ ဗီဒီယိုဆိုရင်တော့ ကိုယ်ကြိုက်တဲ့အချိန် ငှားပြီးဝယ်ပြီးကြည့်လို့ရတယ်။ ကားကြီးကျတော့လဲ အချိန်ကာလတစ်ခုကိုစောင့်ပြီး သူတင်တဲ့အချိန်မှာကြည့်ရတယ်။ ဇာတ်လမ်းတွဲကျတော့ သူတို့လွှင့်တဲ့အချိန်မှာ စောင့်စောင့်ပြီးကြည့်ရတယ်။ ပရိသတ်ကလဲ အမျိုးမျိုးရှိတယ်။ နန်းဆုဆို ဖွက်ထားတာတွေကို ကြိုက်တယ်။ ဘာဆက်ဖြစ်မယ်ဆိုတာကို မသိရတဲ့ပုံစံမျိုးကိုကြိုက်တယ်" တဲ့။
လက်ဦးဆရာဖြစ်တဲ့ အန်ကယ်လေးနဲ့တွဲဖက်ရိုက်ကူးရတာကိုတော့ "အန်ကယ်လေးက နန်းဆု ဒီအလုပ်စထုတ်ရိုက်မယ်ဆိုတဲ့ အချိန်မှာ အန်ကယ်လေးကို တိုင်ပင်ပြီးတော့ အန်ကယ်လေးပဲ အစစအရာရာ ဇာတ်လမ်းရွေးတာက အစပေါ့။ သူပဲ လုပ်ပေးတယ်။ အန်ကယ်လေးကသေချာ သင်ပေးတယ်။ ကားရိုက်နဲ့ပတ်သက်ပြီး ဘာမှမသိသေးတဲ့အချိန်မှာ အကောင်းဆုံး သရုပ်ဆောင်နိုင်အောင်သင်ပြပေးတဲ့အတွက် အန်ကယ်လေးကိုကျေးဇူးတင်တဲ့ အကြောင်းဒီကနေပဲပြောချင်ပါတယ်။ အန်ကယ်လေးက သမီးရဲ့ဗီဒီယိုမှာဆို လက်ဦးဆရာပါ"လို့ ပြောပြသွားပါတယ်။
အနုပညာသမားဆိုတော့လေ ကောဟလဟနဲ့ကမကင်းဘူးလို့ ပြောလာတဲ့ သူမက "အဲ့ဒီပြောတဲ့ဟာတွေက ဟုတ်တာတွေလဲရှိသလို မဟုတ်တာတွေလဲရှိတယ်။ ဘယ်သူမှလဲမသိနိုင်ဘူး။ ကာယကံရှင်နဲ့ပြောတဲ့သူကိုယ်တိုင်ပဲ သိနိုင်မယ်။ အဲ့ဒီလိုကိစ္စကြီးကို ဘယ်သူကပြောမှန်းမသိ၊ ဘယ်ကထွက်လာတဲ့ စကားမှန်းမသိတဲ့ဟာအတွက်နဲ့နန်းဆုဘယ်တော့မှ စိတ်အနှောင့်အယှက်ဖြစ်မခံပါဘူး"တဲ့။
Source:trend.com.mm
0 comments:
Post a Comment