ပြည်တွင်း ဈေးကွက် ရောက်ကမ္ဘာ့ အပါးဆုံးစမတ်ဖုန်း OPPO R5


ရန်ကုန် (မဇ္ဈိမ)။ ။ OPPO တို့က ပြည်တွင်း ဈေးကွက်ကို ဒီဇိုင်းပိုင်း ထူးခြားကောင်းမွန်တဲ့ စမတ်ဖုန်းတွေ တင်သွင်းပြီး ဈေးကွက်ဝေစုကို ရယူဖို့ ကြိုးပမ်းလာပါတယ်။ OPPO N1၊ OPPO N3 စတဲ့ဖုန်းတွေမှာ ကင်မရာကို လှည့်လို့ရတဲ့ ဒီဇိုင်းနဲ့ ဈေးကွက်ကို ထိန်းချုပ်ခဲ့သလို OPPO R5 ကကမ္ဘာ့ အပါးဆုံးဆိုတဲ့ ဂုဏ်နဲ့ ပြည်တွင်းဈေးကွက်ကို ဝင်ရောက်ခဲ့ပါတယ်။
၂ဝ၁၅ ဇန်နဝါရီလမှာ ဈေးကွက်တွင်း စတင်မိတ်ဆက်ခဲ့ပြီး R5 ရဲ့ အပါးဆုံးဆိုတဲ့ ဂုဏ်အပြင် ဘာတွေထူးခြား ကောင်းမွန်အောင် ပြင်ဆင်ထားသလဲဆိုတာ ကြည့်ရအောင်။
မျက်နှာပြင် အရွယ်အစားနဲ့ အရည်အသွေး
အရွယ်အစားက၅ဒသမ၂လက်မရှိပါတယ်။ AMOLED capacitive touch screen ကိုအသုံးပြုထားပါတယ်။ အပါးဆုံးဆိုတဲ့ R5 ရဲ့အထူက ၄ ဒသမ ၈၅ မီလီမီတာရှိတယ်လို့ OPPO ရဲ့ မြန်မာပြည် အရောင်းတာဝန်ခံက ဆိုတယ်။ မျက်နှာပြင်အရည်အသွေး 1080 x 1920 pixels ရှိပါတယ်။ မျက်နှာပြင် ထိခိုက်မှုကို ကာကွယ်ဖို့ Corning Gorilla Glass 3 ကို အသုံးပြုထားပါတယ်။
ကင်မရာ အရည်အသွေး
ကင်မရာအရည်အသွေး 13MP ရှိပါတယ်။ 4128 x 3096 pixels အရွယ်အစား ပုံရိပ်တွေ ရိုက်ကူးနိုင်ပါတယ်။ Geo-tagging, touch focus, face detection, panorama, HDR စတဲ့ ကင်မရာစွမ်းဆောင်ချက် တွေပါဝင်ပါတယ်။ ရှေ့ကင်မရာက 5MP ပါ။ HD အရည်အသွေး ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။
ဘက်ထရီ အရည်အသွေး
Non-removable Li-Po 2000 mAh ဘက်ထရီကိုလည်းအသုံးပြုထားပါတယ်။ သုံးခံနိုင်မှုကို မဖော်ပြထားပေမယ့် ထိပ်တန်း စမတ်ဖုန်းတွေထဲမှာတော့ ဒါဟာလုံလောက်တဲ့ အရည်အသွေးလို့ ဆိုနိုင်ပါတယ်။ပါးလွှာအောင်ဖန်တီးထားတဲ့အတွက်ဘက်ထရီကို ဖြုတ်လို့မရပါဘူး။
အခြားစွမ်းဆောင်ရည်များ
Android ဗားရှင်း 4.4.4 (KitKat) ကိုအသုံးပြုထားပါတယ်။ CPU က Quad-core 1.7 GHz Cortex-A53 & quad-core 1.0 GHz Cortex-A53 နှစ်ခု ထည့်သွင်းထားပါတယ်။ ဖုန်းအတွင်း သိုမှီးနိုင်မှုပမာဏက 16GB ဖြစ်ပါတယ်။RAM က 2GB ထည့်သွင်းထားပါတယ်။ အခြားချိတ်ဆက်မှု အနေနဲ့ Bluetooth နည်းပညာပါဝင်ပါတယ်။ Accelerometer, proximity, com-pass စတဲ့အာရုံခံစနစ်တွေ ထည့်သွင်းပေးထားပါတယ်။ အရောင်အနေနဲ့ ရွှေရောင်နဲ့ ငွေရောင်နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။
ပြည်တွင်းဈေးကွက်အတွင်း ရောက်လာတာတစ်လနီးပါးရှိလာခဲ့ပြီး ဈေးကွက်ပြတ်တဲ့အထိ ရောင်းချခဲ့ရတယ်လို့ OPPO ရဲ့အရောင်း တာဝန်ခံကဆိုပါတယ်။ ကမ္ဘာ့ အပါးလွှာဆုံးဆိုတဲ့ OPPO R5 က ပြည်တွင်းဈေးကွက် ဝေစုကို ဘယ်လောက် ချုပ်ကိုင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source:http://www.mizzimaburmese.com/2013-10-20-16-16-07/2014-09-12-10-43-43/item/39500-oppo-r5
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment