အနုပညာရှင်ဟူ သည်ပြည်သူ ပရိသတ်များအား ဖျော်ဖြေမှုရသပေးစွမ်းမှုအပြင်အသိပညာဗဟုသုတ များကိုလည်း ပရိသတ်များက အနုပညာရှင်များထံမှ တစ်ဆင့်ပြန် လည်မှတ်သားရသည် များရှိသည်။ သာမန်လူတစ် ဦးပြောသည့် စကားနှင့်တိုင်းသိ ပြည်သိနိုင်ငံကျော် ပုဂ္ဂိုလ်တစ်ဦးပြောသည့် စကားတာသွားမှုမတူချေ။ တချို့ အနုပ ညာရှင်များကလည်း ပြည်သူပရိသတ် အကျိုး ရှိစေမည့် စကားများကိုဖျော်ဖြေရေးစင်မြင့်များမှတစ်ဆင့်အခါအခွင့်သင့်တိုင်း ပြောဆိုကြလေ့ရှိသူများ ဖြစ်သည်။ အနုပညာ ရှင်တစ်ဦး စင်မြင့်ပေါ်မှပြောလိုက်သည့် နှုတ်ထွက်စကားသည် တချို့စကားများမှာ ဗန်းစကားအဖြစ် လူငယ်ထုကြား ရေပန်းစားခဲ့ပြီး တချို့မှာလည်း မှတ်သားဖွယ်ရာ၊ သိ မှတ်ဖွယ်ရာများအဖြစ် ကျန်ခဲ့သည်။ ဥပမာဆိုရလျှင် Iron Cross ၁၅ နှစ်ပြည့်အမှတ်တရ ဂီတဖျော်ဖြေပွဲတွင် တေးသံရှင်လေးဖြူပြောခဲ့သည့် ပရိသတ်များအား “အမျိုးတွေ” ဟု ရင်းနှီးစွာသုံးနှုန်းခဲ့မှုမှာ ယနေ့တိုင်လူငယ်များအကြားဗန်းစကားအဖြစ် တည်ရှိနေသည်။ ထို့ပြင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်ရန်ပုံငွေပွဲတွင် ပညာရေးက အရေးကြီးတယ်ဆိုတာ ပြောချင်လို့ ကျွန်တော်တို့ ဒီပွဲမှာ ပါဝင်ခဲ့တာပါဟု Iron Cross မှ လေးဖြူကပင် ပြောခဲ့ခြင်းကလည်း ပညာရေးသည် အရေးကြီးေ ကြာင်းကို ဂီတနှင့်ဖျော်ဖြေရင်း ပြောသွားခဲ့ခြင်းဖြစ်သည်။
” အားလုံးပဲ ညဘက်ရောက်လို့ အိပ်စက်ချိန်ရောက်ရင် အားလုံးပဲ လိပ်ပြာသန့်သန့်နဲ့ အိပ်စက်နိုင်ပါစေ” ဟူသော စကားကို သီချင်းဆိုပြီးတိုင်း အမြဲပြောလေ့ ရှိသူ တေး သံရှင်လင်းလင်းကလည်း ” ကျွန်တော့် အနေနဲ့က သီချင်းဆိုရင်းနဲ့ ပရိသတ်တွေအတွက်လည်း မက်ဆေ့ခ်ျတစ်ခုခုရအောင် ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျလေးတွေ ထည့် ထည့်ပြောဖြစ်တယ်။ တကူးတကကြီးပြောဖို့ကျတော့လည်း ဟောပြောပွဲတွေ၊ ဘာတွေလိုမဟုတ် တော့ စင်ပေါ်မှာ သီချင်းဆိုရင်းနဲ့ပဲ ပရိသတ်အတွက် အကျိုး ရှိစေ မှာလေးတွေ ထည့်ပြောဖြစ်တယ်” ဟု ပြောသည်။
မြန်မာပြည်တွင်းရှိ ဖျော်ဖြေပွဲတော်တော်များများသည် အထိမ်းအမှတ်ခေါင်းစဉ်တစ်ခုနှင့် ပြုလုပ်ကြသည့် ဖျော်ဖြေပွဲများလည်းရှိရာ ထိုဖျော်ဖြေပွဲများတွင် ပါဝင်ကြသည့် အနုပညာရှင်များသည် အဆို၊ အကများ ဖြင့် ဖျော်ဖြေရုံ သာမကဖျော်ဖြေပွဲခေါင်းစဉ်အလိုက်သက်ဆိုင်ရာအကြောင်းအရာများကို ပရိသတ်များသိသင့်သည့် အချက်အ လက် များကို ဖြန့်ဝေပေးကြသည်။ဥပမာ-ကလေးသူငယ် ပြုစုစောင့်ရှောက်ရေး၊ မိဘမဲ့ကလေးများအရေး၊ ငြိမ်းချမ်းရေး၊စစ်ဘေးဒုက္ခသည်များအရေး၊ ကျန်းမာ ရေး၊ ပ ညာရေး စ သည်ဖြင့် ခေါင်းစဉ်များဖြင့်ပြုလုပ်ကြသောရန်ပုံငွေပွဲများတွင် သီချင်းသီဆိုဖျော်ဖြေမှု အပြင်သက်ဆိုင်ရာအကြောင်း အရာများကိုပါ မှတ်သားဖွယ်ဗဟု သုတဖြစ် ဖွယ် အဖြစ်ထည့်သွင်းပြောတတ် ကြသည် သာမန်လူတစ်ဦးပြောသည် ထက်ပို၍တာသွားသည့် ပြည်သူချစ်အနုပညာရှင်တို့၏ပြောစကား များသည်ပရိသတ်တွေကြား မှာ အ သိပညာရစရာ၊ ဗဟုသုတရစရာ၊ အတုယူစဉ်းစားဖွယ်ရာ စကားသံ များ၊လူငယ်ထုကြားပျံ့နှံ့သောဗန်းစကားများအဖြစ်နှစ်များစွာကပင်ယနေ့တိုင်တည်ရှိဆဲဖြစ်သည်။
ရဲရဲ
Source:Popularmyanmar.com
0 comments:
Post a Comment