ထိုင်းနိုင်ငံသားတွေနဲ့ ရိုက်ကူးရတဲ့ အတွေ့ အကြုံတွေပြောပြသူ ပြေတီဦး


ပြေတီဦးက ‘ရာဇဝင်ရိုင်းသူများ’ ရုပ်ရှင်ဇာတ်ကားထဲမှာတော့ ရိုးသားတဲ့ကောင်လေးကနေ ကောင်မလေးတစ်ယောက်ကို ရိုးရိုးသားသားချစ်မိတဲ့ အတွက် ပေးဆပ်ခဲ့ပေမယ့် မထင်မှတ် တဲ့အချိန်မှာ သစ္စာမဲ့သွားတာကြောင့် တအားရိုင်းစိုင်းတဲ့၊ လက်စားချေတတ်တဲ့ သူတစ်ဦးအဖြစ် သရုပ်ဆောင် ရမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးရာမှာ အခက်အခဲတွေလည်း များစွာရှိ သလို တာဝန်တွေလည်း ပိုကြီးတယ်ဆိုတဲ့ ပြေတီဦးက..
“အခက်အခဲတွေကတော့ အများကြီးပါပဲ။ တချို့ဇာတ်ဝင်ခန်း တွေဆိုရင် ဇာတ်ဝင်ခန်းတစ်ခန်း တည်းကို ၃ ရက်လောက်ရိုက်ရ တာ တွေလည်းရှိ တယ်။ အရှေ့မှာလည်း ‘တိုက်ဆိုင်မှုရှိလျှင်’က အောင်မြင်ထားတာဆိုတော့ အဲဒီ ဇာတ်ကားထက်ကို ကျော်အောင်ဆိုတဲ့ ဖိစီးမှုတွေက ကျွန်တော်တို့ မှာ အများကြီး ရှိပါတယ်။ ဒီရက်ပိုင်းတွေက ကျွန်တော့်အတွက် စိတ်ဖိစီးမှု တွေ တအားများနေတယ်။ ထိုင်းနဲ့ရိုက်တဲ့ ဇာတ်ကားကလည်း ကျွန်တော့် အတွက် ဖိစီးမှုများတဲ့ ဇာတ်ကားပါပဲ။ ဒီရုပ်ရှင်ဇာတ်ကားကလည်း ဖိစီးမှုတွေများတယ်ဆိုတော့ ဒီရက်ပိုင်းအတွင်းကတော့ သိပ်နာလန်မထူနိုင် ဘူးဖြစ်နေတယ်” လို့ စိတ်ဖိစီးမှုတွေနဲ့ ကြုံတွေ့ရကြောင်း ပြေတီဦးက ပြောပါတယ်။ မြန်မာနဲ့ ထိုင်းနိုင်ငံက သရုပ်ဆောင်တွေ ပူးပေါင်း ရိုက်ကူးတဲ့ TT & Donut  ရုပ်ရှင် ဇာတ်ကားထဲက ပြေတီဦးနဲ့ ထိုင်း မင်းသမီးတို့ရဲ့ ဇာတ်ဝင်ခန်းတချို့ကို ဖေဖော်ဝါရီ ၂၃ ရက်နေ့က ဗိုလ်တထောင်ဘုရားမှာ ရိုက်ကူးခဲ့ကြကြောင်း သိရပါတယ်။ ထိုင်း ဒါရိုက်တာနဲ့ ရိုက်ကူးတဲ့ ရှုတင်အတွေ့အကြုံနဲ့ပတ်သက်ပြီး ပြေတီဦး က “အဓိကကတော့ အပြင်အဆင်ေ တွပေါ့။ ရှုတင်တစ်ခုကို ဘယ်လို Run သလဲဆိုတဲ့System တွေ တအားကွာပါတယ်။ သူတို့ဆီက စက် အဖွဲ့တွေက ဘယ်သူတာဝန်ယူလုပ်မယ်ဆို တာ ခွဲခြားထား ပြီးသား။ မီးဘုတ်ကိုင်မယ့်သူကမီးဘုတ်၊ ဘယ်သူက ဘာလုပ် မယ်ဆိုတဲ့ တာဝန်ကို တိတိကျကျခွဲထားတဲ့အတွက်၊ ကိုယ်လုပ်ရ
မယ့်အပိုင်းကို တိတိကျကျလုပ်တဲ့ အတွက် အလုပ်က မြန်မြန်ဆန် ဆန် ပြီးတာပေါ့။ သူတို့မှာSchedule က အသေးစိတ်ရှိပြီးသား ဆိုတော့ လုပ် ရတာ တအားလွယ်ကူပါတယ်” လို့ ထိုင်းနိုင်ငံသား တွေနဲ့ ရိုက်ကူးတဲ့ ရှုတင်အတွေ့အကြုံများကို ပြောပြပါတယ်။ ပြေတီဦးက ဒီရုပ်ရှင်ဇာတ်ကားကို ရိုက်ဖို့အတွက် မတ်လ ၂ ရက်နေ့က ထိုင်းနိုင်ငံကို ထွက်ခွာသွားပြီဖြစ်ပြီး မတ်လကုန်မှ ပြန် လည်ရောက်ရှိမှာဖြစ်ကြောင်း သိရပါတယ်။
ခိုင်ဝေလွင်
Source:Popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment