ဝိုင်းလေးက တစ်ကိုယ်တော် သီချင်းခွေစီစဉ်နေပြီး ဒီအခွေမှာ တေးရေးသောမတ်စ်၊ ရွှေဂျော်ဂျော်၊ နောင် နောင် (SF)၊ ကိုဖိုးတူး၊ ကိုဆလိုင်း၊ ကိုပိပိ၊ စောဖြိုးဝေကျော်၊ ဝိုင်း လေးကိုယ်တိုင်ရေးစပ်ထားတဲ့ သီချင်းတွေလည်း ပါဝင်မှာဖြစ်ကာ စုစုပေါင်း သီချင်း ၁၄ပုဒ်ပါဝင်ကြောင်း သိရပါတယ်။
သီချင်း တွေကို ကိုယ်တိုင် ဖန်တီးဖြစ်ပုံကို ဝိုင်းလေးက… “ဝိုင်းရေးထားတာR&B ပါတယ်။ လူငယ်ဆန်တဲ့ သီချင်းတွေပါပဲ။ ၆ပုဒ် လောက်ပါမယ်။ ကိုယ်ရေးတဲ့ သီချင်းတွေကတော့ ကိုယ်တိုင်ခံစားပြီး ရေးထားတာဆိုတော့ ဘယ်နားမှာဘယ်လိုမျိုးလုပ်ရမလဲ။ ကောင်းကောင်းသိ တယ်။ တေးရေးဆရာတွေနဲ့ကျတော့ သူတို့နဲ့တိုင်ပင်ရတယ်။ သူတို့ဆီက ပညာယူပြီးမှဆိုရတာဆိုတော့ ခက်ခဲတယ်။ ကိုယ်တိုင်ရေးထားတဲ့ သီချင်းတွေ က ဆိုရတာ ပိုလွယ်ပါ တယ်။ သီချင်းကတော့ ငယ်ငယ်လေးကတည်းက ရေးဖြစ် တာပါ။ ခံစားချက်ကတော့ တစ်ခါတလေလုပ်ယူရတာ ရှိတယ်။ တစ်ခါတလေစာအုပ်တွေ၊ movie တွေကနေstory တွေရတာရှိတယ်။ အဲဒါတွေကို ဖန်တီးပြီးတော့မှ သီချင်းပြန်ရေးတာပါ။ တစ်ခါတလေကျရင် မြူးဇစ်အရင် ရေးတယ်။ တစ်ခါတလေကျရင် သီချင်းအရင် ရေးဖြစ်ပါ တယ်” လို့ ပြောပါတယ်။ စီးရီး title ကိုတော့ ရွေးချယ်နေဆဲ ဖြစ်ပြီး အခွေ ကတော့အားလုံးပြီးနေပြီဖြစ်ပြီးသူ့ရဲ့ Organizationက ထုတ်ပေးမှာဖြစ်ကြောင်း သိရပါတယ်။
ခိုင်ဝေလွင်
Source:Popularmyanmar.com
0 comments:
Post a Comment