မောင်ဟက်ကာ တစ်ယောက် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေရတယ်ဗျ။ မဖြစ်ခံနိုင်ရိုးလား ခုရောက်နေတဲ့ ပတ်ဝန်းကျင်မှာ မြင်နေသမျှတွေက ကိုလိုနီခေတ် အဆောက်အအုံတွေ၊ အပြင်အဆင်တွေနဲ့ဝတ်ထားစားထားကြတာကလည်း အဲဒီခေတ်ကအတိုင်းပဲ ဘန်ကောက်လုံချည်၊ ပြောင်နေတဲ့ ရှူးဖိနပ်၊ အင်္ကျီဇာပါး၊ ပိုးဖဲလုံ ချည်တွေနဲ့ဗျ။ သို့သော် ခေတ်ကသာ ဘယ် နှနှစ်မှန်းမသိ နောက်ပြန်ရောက် သွားပေမယ့်၊ တွေ့ရတဲ့ လူတိုင်း လက်ထဲမှာ မှန်ပွတ်ဖုန်းလေးတွေကိုယ်စီနဲ့ဗျ။ အခန်းတွေ ထဲ မှာ လည်းနုတ်ဘုတ်တွေ၊ တက်ဘလက် တွေနဲ့။ ကိုင်း မောင်ဟက်ကာ မအံ့ သြခံနိုင်ရိုးလား။ ဆူးလေဘုရား ကြီးကိုလည်း တွေ့ပါရဲ့၊ ဖိုက်ခ်ျစ ကွဲ ပန်းခြံကြီးလည်း ရှိပါရဲ့၊ မနီးမဝေးမှာလည်း ရိုးကုမ္ပဏီတိုက်ကြီးကိုလည်းတွေ့ပါရဲ့၊ သူ့နံဘေးနားက ဧမာနွေလ ဘုရားကျောင်းကိုလည်း တွေ့ပါရဲ့။ ဒါပေမဲ့ လမ်းမကျယ်ကြီးပေါ်မှာတော့ ကားတွေ ထက် လန်ခြားတွေ မြင်းလှည်းတွေက ပိုများနေတယ်။
အင်း..ခုခေတ်လို ကားပိတ်တာတွေ ရှိမနေတော့ လေဝဝ ရှူနေရသလိုပါပဲ။ လေကလည်း ၂၁ ရာစုထက်လတ်ဆတ်နေတာတော့အမှန်။ လန်ခြားကုလား တစ်ယောက် ဆိုရင် ပြေးနေရင်းလက် တစ်ဖက်က ဖုန်းပြောနေသေး။ လန်ခြားကုလားတောင် မှန်ပွတ် ဖုန်း ပြောနေမှတော့ တက္ကသိုလ် ကျောင်းသားတွေဆိုရင် ဘယ်လို နေမှာ ပါ လိမ့် လို့ တွေးမိလိုက်ရုံရှိ သေးမိုက်ခနဲ တစ်ချက်ဖြစ်သွားပြီးလားလား … နဖူးစည်းမှာ တရုတ်နဂါးနှစ်ကောင်ကနေတဲ့ ဘွဲ့နှင်းသဘင် ခန်းမကြီးကို ဘွား ခနဲ တွေ့ လိုက် ရပါလေရော။
ကျောင်းသားတွေဟာလည်း ကိုလိုနီခေတ် အဝတ်အစားတွေ နဲ့ပါပဲ။ ခုခေတ်လိုလည်း ကျောင်း သား မများလှပါဘူး။ သို့သော်…လက်ထဲမှာ မှန်ပွတ်ဖုန်းလေးကိုယ် စီနဲ့ တပွတ်ပွတ် လုပ်နေကြသဗျ။ ဒါနဲ့ ကျောင်းခန်းထဲ အသာ ဝင် ကြည့်လိုက်တော့ စားပွဲတိုင်းလိုလို မှာ တက်ဘလက်လေးတွေစီလို့။ တချို့ဆို နုတ်ဘုတ်လေးတွေ ဖွင့် ထားလို့။ ဘာတွေ လုပ်နေကြပါ လိမ့်လို့ အနားကပ် စပ်စုကြည့် တော့ အလိုလေးလေ်းခေနဘသသု သုံးနေကြတာကိုးဗျ။ မောင်ဟက် ကာ ကိုလည်း ဘယ်သူကမှ မမြင် ကြဘူး ဆိုတာ သိလိုက်ရတော့ မောင်ဟက်ကာ တစ်ယောက် ပို ရဲတင်းလာတယ်။ ကောင်မလေး တစ်ယောက် အနားကပ်ပြီးကြည့် တယ်။ သူ့ရည်းစားနဲ့ ချက်နေ တယ်။ ကောင်လေးတစ်ယောက် နား သွားကြည့်တယ်။ သူရိယ သတင်းစာ fan page ကို စိတ်ဝင် တစား ဖတ်နေတယ်။ နောက်တစ် ယောက်…မောရိယ သတင်းစာ ဖတ်နေတယ်။ နောက် တစ် ယောက်….အိုးဝေမဂ္ဂဇင်း fan page ကို ဖတ်နေတယ်။ အိုးဝေ မဂ္ဂဇင်း မြင်တော့ ဒါဟာ သခင် အောင်ဆန်းတို့ ကျောင်းသား ဘဝက ခေတ်ဖြစ် မှာပဲလို့ စဉ်းစားမိ ပြီး သခင်အောင်ဆန်းကို တွေး လိုက်မိတာနဲ့ ခုနကလိုပဲ မိုက်ခနဲ တစ်ချက်ဖြစ်သွားပြီး အခန်းကျဉ်း လေးတစ်ခန်းထဲကို ရောက်သွား တော့ တာပါပဲ။
ဒီအခန်းလေးကိုတော့ဖြင့် မောင်ဟက်ကာ သိပါသဗျား။ ဗိုလ်ချုပ်အောင်ဆန်းတက္ကသိုလ် ကျောင်းသားဘဝက နေတဲ့ ပဲခူးဆောင်က အခန်းလေ။ တလော လေးကတင်သွား ကြည့်လိုက် သေးတာ။ အခန်းထဲမတော့ လူ လေးယောက်ဗျ။ စားပွဲပေါ်က နုတ်ဘုတ်ကွန်ပျူတာရှေ့မှာတော့ ကိုအောင်ဆန်း ထိုင်နေတယ်။ ကျန်တဲ့သူတွေက သူ့နောက် မှာ။ မတ် တတ်ရပ်နေတာက နှစ်ယောက်၊ ခုတင်ပေါ်မှာ တက်ဘလက်ပွတ် နေတဲ့သူက တစ်ယောက်ဗျ။
ဆန်း။ ။ အိုးဝေ အတွဲ ၆ အမှတ် ၁ ကို တင်နေတာဗျ။ ခင်ဗျားစာကို တင်လိုက်တာမှ မကြာသေးဘူး အောက်မှာ ကွန်မင့်တွေအများကြီး ဖြစ်လာပြီ ကိုညိုမြရေ။
သူ့နောက်မှာ မတ်တတ်ရပ်နေတဲ့ ၂ယောက်အနက် တစ်ယောက် က…
သူ့နောက်မှာ မတ်တတ်ရပ်နေတဲ့ ၂ယောက်အနက် တစ်ယောက် က…
မြ။ ။ ”ငရဲခွေးကြီးလွတ်နေသည်” လား..။ ဟဲဟဲ ကျောင်းအုပ်ကြီး မစ္စတာဆလော့ကို စောင်းရေးထား တာလေ။ ဘယ်သူတွေက မင့်ကြ သတုန်းဗျ။
ဆန်း။ ။ စောင်း ရေးတာကို သိတဲ့သူတွေက ဝိုင်းအားပေးကြ တာလေ။ ခုလေးတင်ပဲ မက်ဆေ့ ဘောက်ကနေ ကျောင်းအုပ်ကြီး ရုံးခန်းက စာတစ်စောင် ဝင်လာပြီ ဗျ။ ဒါကို ရေးတဲ့သူ ဘယ်သူလဲတဲ့။ အမှန်အတိုင်း မပြောရင် ကျုပ်ကို ကျောင်းထုတ်မတဲ့။ ခြောက်တိုင်း ကြောက်ရင် ခက်ရချည်ရဲ့ဗျာ။ ဒါနဲ့ ကျုပ်လည်း ကျုပ်ရေးထားတဲ့ အယ်ဒီ တာ့ အာဘော်ကို ထပ်တင် ပေးလိုက်တယ်။ ”အနိုင်မခံ”လေ။ ဟင်နလေရဲ့ Invictus ကို မြန်မာ ပြန်ထားတာလေဗျ။ မှတ်ကရော ပေါ့။
မြ။ ။ ကောင်းဗျား…။ သူတို့က ခြောက်ရင် ကြောက်မယ် မှတ်နေ ကြတာ။
ဆန်း ။ ။ ဒါတင် ဘယ်ကဦးမလဲဗျ။ ကျုပ်ရဲ့ ဝေါလ်မှာတောင် ၁၉၃၅ ခုနှစ်က ဂန္ထလောကမဂ္ဂဇင်းမှာ ကျုပ် ရေးခဲ့တဲ့ Burma and Buddhism ဆိုတဲ့ ဆောင်းပါး တင် လိုက်သေး တယ်။ ခင်ဗျား ဖတ်ဖူးမှာပါ။
မြ။ ။ ဖတ်ဖူးတာပေါ့ဗျာ။ ”ဗုဒ္ဓ၏ ဝိဘဇ္ဇဝါဒကိုသုံး၍ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် တိုးတက်ကြီးပွား ရေးအတွက် လုပ်ဆောင်သွားကြ ရန်မှာ မြန်မာနိုင်ငံသားအားလုံး ၏အဓိကတာဝန်ဖြစ်သည်” ဆိုပြီး ခင်ဗျား အဆုံးသတ်ထားတာ တောင် အလွတ်ရနေသေးတယ်။
ကိုညိုမြနံဘေးမှ မျက်မှန်ဝိုင်း နှင့် သူက ”အင်း…ကျုပ်လည်း ကျုပ်ဝေါလ်မှာတင်ရမှာတွေ ရှိသေးသဗျ။ အခန်းပြန်ရောက်မှပဲ တင်ပါတော့မယ်လေ” လို့ပြော တော့ ခုတင်ပေါ် မှာ တက်ဘလက် ပွတ်နေတဲ့ မျက်နှာဝိုင်းဝိုင်းနဲ့ လူ က ”တိုင်းပြည်အကျိုးရှိဖို့ အများ သူငါ သိစေဖို့ကိုတော့ လုပ်ရမှာပဲ ကိုသိန်းဖေ …။ ကိုဗဟိန်းလည်း သူရေးတာတွေ ကို တောက်လျှောက် တင်နေတာဗျ။ ကျုပ်ကတော့ သွားရင်း လာရင်း စိတ်ကူး ပေါ်တာ လေးတွေ တင်နိုင်အောင် တက်ဘ လက် တစ်ခု ဖြစ်ညှစ်ဝယ်လိုက်လို့ အတော် အ ဆင်ပြေနေပြီဗျ။ ခု လည်း ခင်ဗျားတို့ကိစ္စကို သူရိယ သတင်းစာက ကျုပ်အသိ အယ်ဒီ တာတွေဆီ သတင်း ပို့နေတာဗျို့” လို့ ပြန်ပြောတယ်။
မြ။ ။ ကောင်းတယ် ကိုကြီးနု၊ မောရိယ သတင်းစာမှာလည်း ကျွန်တော်နဲ့သိတဲ့ အယ်ဒီတာ တစ်ယောက် ရှိသေးတယ်။
အင်း..ခုမှပဲ မောင်ဟက်ကာ ဇာတ်ရည်လည်တော့တယ်။ ငရဲခွေးကြီးလွတ်နေသည် စာမူကို facebook တင်မိလို့ ပြဿနာ တက်နေတာကိုး။ ဒါကို ကိုအောင် ဆန်း၊ ကိုညိုမြ၊ ကိုသိန်းဖေနဲ့ ကိုနုတို့က ပြန်ချေပနေကြတာကိုး။ မောင်ဟက်ကာတို့ ခေတ်အထိ ဒီ ငရဲခွေးကြီး လွတ်နေသည်ဟာ နာမည်ကြီးပေ သကိုးဗျ။ အင်း facebook.. facebook
…လို့ တွေးမိပြီး ခုကြုံသမျှတွေ ကို facebook တင်ဖြစ်အောင် တင်ဦး မှ ဆိုပြီး အိပ်ထဲက ဖုန်းကို နှိုက်လိုက်တဲ့ အခါမှာတော့ လက် ဟာ အင်္ကျီအိတ်ထဲကို ဒိုးယိုပေါက် ဝင် သွားပြီး လက်တင်သာ မက လူတစ်ကိုယ်လုံးပါ အကျီအိတ်ထဲ လိုက်ဝင် သွားသဗျ။ ဘာအလင်း ရောင်မှ မမြင်ရတော့ဘဲ ပိန်းပိတ် အောင် မှောင်ကျသွားတာမို့ လန့် ဖြတ်ပြီး အသံကုန် အော်လိုက် တော့မှ မျက်စိထဲလင်းခနဲဖြစ်လာ လို့ ကမန်းကတန်း ထထိုင်လိုက် တော့ အိမ်က ဆိုဖာပေါ်ရောက် နေတာ တွေ့ရတယ်။ ဆိုဖာနံဘေး မှာလည်း စာ အုပ်တစ်အုပ် ပြုတ် ကျနေတယ်။ ဖုန်းကလည်း အင် တာနက်ချိတ်လျက်သားကြီး ပွင့် နေတာ တွေ့ရတယ်။ နိုတီတွေ တတုန်တုန်တက်နေတာကိုလည်း တွေ့ရတယ်။ လက် စသတ်တော့ facebook သုံးပြီး စာရေးဆရာ ကိုအောင်ဆန်း စာအုပ်ဖတ်ရင်း အိပ်ပျော်သွားတာ ကိုး။ ဒါကြောင့် အိပ်မက်ထဲမှာ ခေတ်တွေရောထွေး ကုန်တာကိုး။
…လို့ တွေးမိပြီး ခုကြုံသမျှတွေ ကို facebook တင်ဖြစ်အောင် တင်ဦး မှ ဆိုပြီး အိပ်ထဲက ဖုန်းကို နှိုက်လိုက်တဲ့ အခါမှာတော့ လက် ဟာ အင်္ကျီအိတ်ထဲကို ဒိုးယိုပေါက် ဝင် သွားပြီး လက်တင်သာ မက လူတစ်ကိုယ်လုံးပါ အကျီအိတ်ထဲ လိုက်ဝင် သွားသဗျ။ ဘာအလင်း ရောင်မှ မမြင်ရတော့ဘဲ ပိန်းပိတ် အောင် မှောင်ကျသွားတာမို့ လန့် ဖြတ်ပြီး အသံကုန် အော်လိုက် တော့မှ မျက်စိထဲလင်းခနဲဖြစ်လာ လို့ ကမန်းကတန်း ထထိုင်လိုက် တော့ အိမ်က ဆိုဖာပေါ်ရောက် နေတာ တွေ့ရတယ်။ ဆိုဖာနံဘေး မှာလည်း စာ အုပ်တစ်အုပ် ပြုတ် ကျနေတယ်။ ဖုန်းကလည်း အင် တာနက်ချိတ်လျက်သားကြီး ပွင့် နေတာ တွေ့ရတယ်။ နိုတီတွေ တတုန်တုန်တက်နေတာကိုလည်း တွေ့ရတယ်။ လက် စသတ်တော့ facebook သုံးပြီး စာရေးဆရာ ကိုအောင်ဆန်း စာအုပ်ဖတ်ရင်း အိပ်ပျော်သွားတာ ကိုး။ ဒါကြောင့် အိပ်မက်ထဲမှာ ခေတ်တွေရောထွေး ကုန်တာကိုး။
ဒါပေမဲ့ ဗိုလ်ချုပ်တို့ ဦးသိန်း ဖေမြင့်တို့ ဦးညိုမြတို့ ဦးနုတို့ ကျောင်းသားဘဝမှာ၊ ၁၃ဝဝပြည့် အရေးတော်ပုံ အချိန်မျိုးမှာ facebook ဆိုတာကြီးသာ ရှိနေခဲ့ ရင်…..ဆို တာ ကိုတော့ ပြန် တွေးနေမိရင်း ကိုယ့်အိပ်မက်ကိုယ် သဘောကျနေမိပါသဗျား။ မိတ် ဆွေတို့လည်း တွေးကြည့်ကြပေါ့။ သူတို့တတွေ လုံးဝမသုံးဘဲ နေကြ မလား။ နိုင်ငံရေး အတွက် အကျိုး ရှိအောင် တွင်တွင်ကျယ် သုံးကြ မလား ဆိုတာကို။ ကိုယ့်အတွေး ကိုယ်ပိုင်တာပဲဥစ္စာ…။
ဟက်ကာ
Source:Popularmyanmar.com
0 comments:
Post a Comment