ငယ်စဉ်ကျောင်းသားဘဝမှာ စင်မြင့်ပေါ်မှာ ကျပန်းစကား ပြောပြိုင်ပွဲတွေဝင်ပြိုင်ဖြစ်ခဲ့ကြတဲ့အနုပညာရှင်တွေရဲ့ ငယ်စဉ်ဘဝကအတွေ့အကြုံတွေ ကို မေးမြန်း တင်ပြ လိုက် ပါတယ်။
အေးမြတ်သူ-
” ငယ်ငယ်တုန်းကကျောင်းမှာ ကျပန်းစကားပြောပြိုင်ပွဲတွေ ဝင်ပြိုင်ဖူးတယ်။ မြို့နယ်အဆင့်ထိ ပထမရဖူးတယ်။ မှတ်မှတ်ရရ ၆ တန်း၊ ၇ တန်းလောက်စပြိုင်တယ်။ ၈ တန်း၊ ၉ တန်းအထိ နှစ်တိုင်းပြိုင်တယ်။ ကျောင်းအဆင့်ပြိုင်တိုင်း ပထမပဲရတယ်။ မြို့နယ်အဆင့်ထိရောက်တယ်။ ကျပန်းစကားပြောတာ ဆရာတွေက လေ့ လာအောင် လုပ်ပေး တာပေါ့။ ဒီအတိုင်းချည်းပဲ တော့ မပြောခိုင်းဘူး။ ကိုယ့်ကျောင်းအောင်နိုင်ရေးအတွက်ဆိုတော့ ဆရာတွေကလည်း အချက်အလက်တွေ စုစည်း ပေးတယ်။ ကိုယ် တိုင်လည်းရှာတယ်။ အဲဒီတုန်းကဆိုရင် ကျောင်းပေါင်းစုံပြိုင်ရမယ် ဆိုတော့ ဆရာတွေ၊ ကျောင်းသားတွေအားလုံးကို ဟောခန်းထဲခေါ်လိုက်တယ်။ အကုန်တန်း စီပြီး ထိုင်နေကြတယ်။ စင်ပေါ်မှာ မိုက်တစ်လုံးပေးထားတယ်။ ပြောချင်တာ အကုန်တက်ပြောခိုင်းတယ်။ အဲဒီမှာ ကိုယ်တက်ပြောဖြစ်တယ်။ အဲဒီကတည်းက လူဘယ်လောက် များများ မကြောက်တော့ဘူး။ ကျပန်းစကားပြောရတာကို တအားသဘောကျတယ်။ ပြောရင်လည်း ဘယ်တော့မှ စာလိုမပြောဘူး။ စကားလိုပြောပြီး ဟန်ပန်က ပါသေး တယ်။ မှတ်မိသေးတယ် ” စပါးရွှေဝါ တောင်လိုပုံ၊ ဆီကို ရေချိုး၊ ဆေးရိုးမီးလှုံ၊ ဆေးရိုးမီးလှုံ” ဆိုပြီး ကလိုက်ရော၊ လက်သီးလက် မောင်းတန်းသင့်ရင် တန်းလိုက်ရော။ အဲဒီ လိုလေး တွေလည်းပါတော့ ကျပန်းစကားပြောရတာ တအားသဘောကျတယ်။ အမှတ်တရ စကားတွေ အများကြီးရှိခဲ့ပါတယ်။ ကျောင်းတွေမှာ ဒီလိုပြိုင်ပွဲတွေ အများ ကြီး ရှိစေချင်တယ်။ လူငယ်တွေအတွက် တအားဗဟုသုတဖြစ်စေတယ်။ ပြောတတ်၊ ဆိုတတ်လာတယ်။ ပြောရဲဆိုရဲလာတယ်”
ရတနာမိုင်-
” ညီမငယ်ငယ်တုန်း ၁၄၊၁၅နှစ်လောက်က အမျိုးသားပြတိုက်မှာ လုပ်တဲ့ပွဲတစ်ခုမှာ အစီအစဉ်တင်ဆက်သူအနေနဲ့ လုပ်ဖူးတယ်။ အဲဒါက ပထမဆုံးပဲ။ သီချင်းဆိုတာ မ ဟုတ်ဘဲ စင်ပေါ်မှာ စကားပြောရတာပေါ့။ အဲဒီတုန်းကငယ်လည်းငယ်သေးတော့ လုပ်ချင်စိတ်ပဲရှိတယ်။ သိပ်ရင်တုန်ပန်းတုန်မဖြစ်ဘူး။ ခုကျမှပြောင်းပြန်ဖြစ်ပြီး သီချင်း ဆိုခါနီးရင် စိတ်လှုပ်ရှားတယ်”
အိစိကွေး-
” ဆရာ၊ ဆရာမတွေက ဝင်ပြိုင်ပေးပါလားဆိုတာနဲ့ ကျပန်းစကားပြောဝင် ပြိုင်ဖြစ်သွားတာပါ။ ၂ ပွဲရှိပြီ။ တစ်ပွဲမှာတော့ ဆုရတယ်။ နောက်တစ်ပွဲကတော့ မြို့နယ်မှာ တ က်ပြိုင်တာဆိုတော့ကျန်ခဲ့တယ်။ လက်တန်းပြောရတဲ့ ပထမတစ်ခုကတော့ မြန်မာအမျိုးသမီးတွေကို ယဉ်ကျေးမှုမပျောက်စေဘဲ ဝတ်စားဆင်ယင်မှုအပိုင်းကို ပြိုင်ရ တယ်။ သူတို့က ခေါင်းစဉ်ကြိုပေးတယ်။ ကျပန်းဆိုတာ အခုနောက်ပိုင်းမှ ပြန်ပြီးအစပြုလာတာဆိုတော့ လက်တန်းချည်းလည်းမဖြစ်စေချင်ဘူး။ နောက်ပိုင်း တဖြည်းဖြည်းမြင့် လာတော့မှ လက်တန်းဖြစ်စေချင်တယ်။ သူတို့က ခေါင်းစဉ် ၉ ခုပေးတယ်။ ကိုယ်က ၈ ခုလောက်ကျက်သွားရင် အဆင်ပြေမှာပေါ့ဆိုပြီး ၈ ခုပဲ ကျက်သွားတယ်။ ဟိုေ ရာက်တော့ မဲနှိုက်ရတယ်။ ကျက်သွားတဲ့ ၈ ခုစလုံးမပါဘဲ ချန်ခဲ့တဲ့တစ်ခုကပါသွားတယ်။ သူများတွေကတော့ စာပုံစံမျိုးပြောကြတာပေါ့။ ကျွန်တော်ကျတော့ ရုပ်ရှင်နယ် ပယ်မှာရော၊ အပြင် နယ်ပယ်မှာရော သတင်းစာ တွေက အမြဲဖတ်နေတော့ လက်တန်းပြော လိုက်တဲ့အချိန်မှာ ဆုရသွားတာပါ။ ကျပန်းစကားပြောရတာ လူငယ်တွေ အ တွက် ဗဟုသုတတွေလည်း အများကြီးတိုးတက်စေနိုင်ပါတယ်”
ခိုင်ဝေလွင်
Source:Popularmyanmar.com
0 comments:
Post a Comment