၅၆ ကြိမ် အရက်မော့လို့ သေဆုံးခဲ့မှုအပေါ် အရက်ရောင်းသူ အပြစ်ပေးခံရ


အရက်ဝယ်သောက်သူတဦးကို အရက်တမော့စာ အကြိမ်ပေါင်း ၅၆ ကြိမ် ထည့်ပေးခဲ့လို့ သေဆုံးသွားတဲ့အတွက် ပြင်သစ်အဖျော်ရမကာ ရောင်းသူတဦးကို လူသေမှုနဲ့ အပြစ်ရှိတယ်ဆိုပြီး အရေးယူခဲ့ပါတယ်။

အသက် ၅၆ နှစ်အရွယ်ရှိ Renaud Prudhomme ဆိုသူဟာ သူသောက်နေကျ အရက်စံချိန်ကျိုးအောင် သောက်ခဲ့တာဖြစ်ပြီး သူနဲ့အတူ သမီးဖြစ်သူနဲ့ သူငယ်ချင်းတွေ အရက်ဘားမှာ ရှိနေတာ ဖြစ်ပါတယ်။

အရက် အလွန်အကျွံသောက်ထားတဲ့ မစ္စတာ Prudhomme ဟာ အိမ်ကနေတဆင့် ဆေးရုံတင်လိုက်ရပြီး နောက်တနေ့မှာ သေဆုံးသွားခဲ့တာ
ဖြစ်ပါတယ်။

အရက်ဘားမှာ အရက်ရောင်းသူ အသက် ၄၇ နှစ်အရွယ်ရှိ Gilles Crepin က ကြော်ငြာသင်ပုန်းမှာ အရက်သောက်သူတွေရဲ့ စံချိန်ချိုးခဲ့တာတွေကို ရေးပြပြီး မစ္စတာ Prudhomme ကို အရက်သောက်ဖို့ မြှောက်ပေးခဲ့တယ်လို့ ၀န်ခံပြောဆိုခဲ့ပါတယ်။

အရက်သောက်အောင် မြှောက်ပေးခဲ့တဲ့ အရက်ရောင်းသူ မစ္စတာ Crepin ဟာ ဆိုင်းငံ့ပြစ်ဒဏ် ၄လ ချမှတ်ခံရပြီး အရက်ဘားမှာ အလုပ်လုပ်ခွင့် ၁ နှစ် ပိတ်ပင်ခံခဲ့ရပါတယ်။

BBC Burmese
https://www.facebook.com/bbcburmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment