မြေး၊ မြစ် ၊ တီ အယောက် ၁၀၀ ကို မြင်တွေ့ခွင့်ရတဲ့ အီလီနွိုင်းစ်ဇနီးမောင်နှံ


သိပ်မကြာသေးမီက အမေရိကန်နိုင်ငံ အီလီနွုင်းပြည်နယ်နောက်ပိုင်းက စုံတွဲနှစ်ဦးဟာ သူတို့ရဲ့ ၁၀၀ မြောက်မြေးလေးမွေးနေ့ကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
Quincy ဒေသမှာနေထိုင်တဲ့ Leo နဲ့ Ruth Zanger တို့ဟာ မြေး ၅၃ ယောက်၊ မြစ် ၄၆ ယောက်နဲ့ ဆီ ၁ ယောက်ရှိပါတယ်။ ဧပြီ ၈ ရက်နေ့မှာ မွေးဖွားတဲ့ မြစ်လေး Jaxton Leo ဆိုသူဟာ အယောက် ၁၀၀ မြောက် မွေးဖွားသူ ဖြစ်လာခဲ့ပါတယ်။
ကောင်းမြတ်တော်မူတဲ့ ဘုရားသခင်က ဆက်လက်ပေးနေတုန်းပါပဲ လို့ Zanger က ပြောပြခဲ့ပါတယ်။ ကိုယ်ပိုင်မြို့ထူထောင်လို့တောင် ရတယ်လို့ ရယ်စရာအဖြစ် ပြောဆိုခဲ့ပါတယ်။
သူတို့ဇနီးမောင်နှံနှစ်ဦး အိမ်ထောင်ပြုတာ ၅၉ နှစ် ရှိနေခဲ့ပြီး သားသမီး ၁၂ ယောက် ထွန်းကားခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်အငယ်ဆုံးသားလေး Joe ဟာ မွေးကတည်းက ဆယ်ကြိမ်ဆယ်ခါ ဦးလေးရာထူး ရထားသူဖြစ်ပါတယ်။
ယင်းမိသားထဲက အများစုက Quincy ဒေသမှာ နေထိုင်ကြပါတယ်။ အတူစုနေကြတဲ့အခါမျိုးဆိုရင် ဘုရားကျောင်းဆောင်ခန်းမတစ်ခုငှားပြီး အားလုံးစားသောက်ဖို့ ဝက်ပေါင် ၅၀ ပေါင် သို့မဟုတ် ကြက်ဆင် ၁၀ ကောင်လောက်ကုန်တယ်လို့ သိရပါတယ်။  
Ref: Globalnews
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment