တန်းတူအခွင့်အရေးရရန် မသန်စွမ်းသူအားလုံး မှတ်ပုံတင်နိုင်တော့မည်


ဇူးဇူး
ရန်ကုန်၊ မေ ၂၅
မသန်စွမ်းအခွင့်အရေး ကာကွယ် စောင့်ရှောက်ရေးဥပဒေအတည်ပြု ပြဋ္ဌာန်းပြီးမှသာ မသန်စွမ်းသူများ အားလုံးမှတ်ပုံတင်နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကိုယ်အင်္ဂါ မသန်စွမ်းသူများအဖွဲ့မှ ဥက္ကဋ္ဌ ဦးမြတ်ဦးက ပြောသည်။ အဆိုပါဥပဒေတွင် မသန်စွမ်းမှတ်ပုံတင်ထားသူများအတွက် အစိုးရက အကျိုးခံစားခွင့်ပေးထားခြင်းဖြစ်ပြီး ၎င်း တို့၏ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများသာမက အလုပ်မလုပ်နိုင်သည့် မသန်စွမ်းများ၏ အခြေခံစားဝတ်နေရေးအ တွက်ပါ နိုင် ငံတော် ကထောက်ပံ့ပေးရမည် ဟူသောအချက်များ ပါရှိသည်။ မြန်မာနိုင်ငံကိုယ်အင်္ဂါ မသန် စွမ်းသူများအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ဦး က ”အခု အားလုံးက ဒီဥပဒေ ကိုပဲ စောင့်နေကြ တာပါ။ မသန်စွမ်းမှန် ရင် မသန်စွမ်း မှတ်ပုံတင်ရမှာပဲ။ ဒါပေမဲ့ မှတ်ပုံတင်ပြီးသား မသန် စွမ်းကိုမှ အခွင့်အရေးတွေ၊ အကျိုး ခံစားခွင့်တွေပေးမယ်ဆိုတာ မဖြစ် သင့်ပါဘူး။ မသန်စွမ်းအားလုံးနဲ့ သက်ဆိုင်တဲ့အတွက်အားလုံးအကျိုး ခံစားခွင့်ရှိပါတယ်”ဟု ဆိုသည်။
အဆိုပါမှတ်ပုံတင်တွင် မသန်စွမ်းအမျိုးအစားအလိုက်အဆင့် ခွဲခြားထားသဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်အခွင့်အရေးခံစားခွင့်များ ကွဲပြားသွားမည်ဖြစ်ပြီး ကိုယ်လက်သန်စွမ်းသူများက မည်သည့်အကြောင်းနှင့် ဖြစ်စေ၊ မသန်စွမ်းအယောင်ဆောင်ခြင်းများ ပြုလုပ်နိုင်မည် မဟုတ်တော့ကြောင်း မသန်စွမ်းများ အရေး ဆောင် ရွက်ပေးနေ သည့်အသင်းအဖွဲ့များကမှတ်ချက် ပြုကြသည်။ ထိုဥပဒေ ပေါ်ထွက်လာပါက မသန်စွမ်းများသည် ၎င်းတို့၏ အခွင့်အရေးများဖြစ်သည့်အသက် ရှင်နိုင် ခွင့်၊ နိုင် ငံသားဖြစ်မှု၊ လွတ်လပ်မှု၊ လုံခြုံမှု၊ တန်းတူညီမျှရှိမှုများကို ခံစားခွင့်ရရှိလာမည်ဖြစ်ပြီး ပညာသင်ကြားခွင့်များ၊ သတင်းအချက်အလက်များ ရယူသုံးစွဲခွင့်များနှင့် ကျန်းမာရေး စောင့်ရှောက်ခွင့်များလည်း ပိုမို ရရှိလာမည် ဖြစ်သည်။
မသန်စွမ်း ဥပဒေမူကြမ်း အစည်းအဝေးတွင် ဝင်ရောက်ဆွေးနွေးခဲ့ဖူးသည့် ဥာဏ်ရည်မမီ ကလေးမိဘများကွန်ရက် ဒုဥက္ကဋ္ဌ ဦးမိုးဇင်က ”လူမှုဝန်ထမ်းဝန်ကြီး ဌာနကလည်း သူတို့လုပ်သင့်တာကို အကောင်းဆုံးဖြစ်အောင်လုပ်တယ်။ ကျွန်တော်တို့ကလည်း  ကျွန်တော် တို့ မသန်စွမ်းတွေရဲ့ရင်ထဲက ခံစား ချက်တွေပါတဲ့ ဥပေ ဒကြီးဖြစ်လာ အောင် ဝိုင်းပြီးကြိုးစားကြမယ်”ဟု ဆိုသည်။ လွန်ခဲ့သော နှစ်လခန့်က မ သန်စွမ်းကလေးများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့်ယင်းတို့၏ ဘဝ ကို မြှင့် တင်ေ ပးနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် မှတ်ပုံတင်ပြီးသား မသန်စွမ်းများအား ထောက်ပံ့ငွေပေးရန်အဆိုကို လွှတ်တော်တွင်တင်ခဲ့သော်လည်း ၎င်းအချက်သည် ဥပဒေထဲတွင် ပါရှိပြီးဖြစ်၍ မလိုအပ်ကြောင်း မသန်စွမ်းသူ များက ထောက်ပြကြသည်။ လက်ရှိ မြန်မာတစ်နိုင်ငံလုံး တွင် မသန်စွမ်းဦးရေ ၁ ဒသမ ၃ သန်းကျော်ရှိပြီး ၎င်းတို့အားလုံးသည် မသန်စွမ်းမှတ်ပုံတင်နိုင်ရန် နှင့် အခွင့်အရေးများ တန်းတူရရှိ စေရန်အတွက် အဆိုပါဥပဒေကို စောင့်မျှော်နေကြသည်။
Source;popularmyanmar.com

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment