ဖုန်း သုံးစွဲသူများထံမှ ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ကောက်ခံမှု အပေါ် အနုပညာရှင် တို့၏ အမြင် သဘောထား


အခု လပိုင်းတွင်း ကစလို့ မြန်မာ ပြည်သူ၊ ပြည်သားတွေရဲ့ အကြား မှာ “လေခွန်” ဆိုပြီးတော့ အရပ်စကား ရေပန်းစား ဂယက်ထပွက်လော ညံ နေပါတယ်။ အဲဒီ လေ ခွန်ကောက်ခံ ခြင်းကတော့ ပြည်သူတွေ လူမှု ဆက် သွယ်ရေး နယ်ပယ်တစ်ခု အနေနဲ့ အသုံးပြုနေကြတဲ့ လက်ကိုင်ဖုန်းများ ရဲ့ Top Up ကတ်တွေ ကနေ ၅ ရာခိုင် နှုန်း အခွန်ကောက်ခံမယ့် အကြောင်း အခြင်း အရာဖြစ်လိုမို့  အနုပညာရှင် တို့ အမြင် သဘောထား စကားသံ များ ကို စုစည်းဖော်ပြလိုက်ပါတယ်။
သားစိုး
“ဖုန်း  Top Up ကတ်တွေကနေ အခွန်ကောက်တယ် ဆိုတာ မဖြစ် သင့်ပါဘူး။ ဒါက ပြည်သူ အားလုံးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်တဲ့ အတွက် သေချာ စဉ်းစား သင့်ပါတယ်။ ပြီးတော့ ကျွန် တော်တို့ ဆီမှာ ခုမှ ဖွံ့ဖြိုးတိုးတက် တဲ့အတွက် ဒီကိစ္စကို မလုပ်သင့်သေး ပါဘူး။ စီးပွားရေး လုပ်ငန်းတွေက အခွန်ကောက်တာ ကတော့ထားပါ။ ဒီလိုလူထု လူတန်းစား အားလုံးက ဖုန်း ငွေဖြည့်ကတ် ထဲက ကောက်ဖို့ ဆိုတာ မဖြစ်သင့်သေးပါဘူး။ ဖြစ်နိုင်ရင် ဒီကိစ္စကို ၁နှစ် ဆိုင်းတာ တင်မကဘဲ ဆယ် နှစ်လောက် ဆိုင်းထား သင့်ပါတယ်”
ထွန်းအိန္ဒြာဗို
 ”တိုင်းပြည်တိုင်း တိုင်းပြည် တိုင်းမှာ နိုင်ငံသားတိုင်း က အခွန် ပေးဆောင်ရမယ့် တာဝန် ဆိုတာ  ရှိပါတယ်။ ဒါပေမဲ့ တစ်ခု ရှိတာက ကျွန်မတို့ တိုင်းပြည်မှာက ဘာအခွန် ပဲ ကောက်ကောက် ဒီအခွန်တွေက ဘယ်လောက် ရတယ်။ တိုင်းသူပြည်သားတွေ အတွက် ဘယ်နေရာမှာ ဘယ်လို အသုံးပြုပေးတယ် ဆိုတာ လည်း ပွင့်လင်းမြင်သာ လုပ်ပြရင် တော့ အခွန်ထမ်းတွေ အနေနဲ့ အားလုံးက သဒ္ဓါစိတ်ပေါက်စွာနဲ့ နိုင်ငံ အတွက် အခွန်ဆောင် ကြမှာပေါ့။ အခု က ကောက်ချင်တာတွေ ကောက်နေ ပြီးတော့ ဘယ်သွားလို့ သွားမှန်းမသိ၊ ဘာတွေလုပ်မှန်း မသိဆိုတော့ တကယ် အစစ်အမှန် လုပ်ပေးတယ် ဆိုရင် တောင် အခွန်ထမ်းဘက်က ယုံကြည် စရာမကောင်းတော့ သဒ္ဓါ ပျက်ကြ တယ်လို့ ထင်ပါတယ်။ ဥပမာ မော်တော် ကားတွေက ကောက်သမျှ အခွန်တွေ ဟာ လမ်းတွေခင်းတယ်။ တံတားတွေ ဆောက်တယ်။ ဘယ်နေရာမှာ ဘာ တွေ လုပ်တယ်ပေါ့။ အခုက ဂျာနယ်မှာ ဖတ်ရသလောက် ဆိုရတာ။ ဘီလီယံ ပေါင်း များစွာ သုံးတာက ဘယ်လောက် precent မှ မရှိဘူး ဖြစ်တော့ ပိုတာ တွေက ဘယ်ရောက်နေ တာလဲပေါ့။ နိုင်ငံမှာ အိမ်ခွန်၊ မြေခွန်၊ ဘာခွန်ပဲ ကောက်ကောက်၊ ကောက်သမျှ အခွန် က နိုင်ငံသူ၊ နိုင်ငံသားတွေ အတွက် ဘာတွေပြန်လုပ်ပေးတယ် ဆိုတာမျိုး ဖြစ်ရပါမယ်။ အခုက မီးလည်းမှန် အောင် မပေးနိုင်တာမျိုး အခြေခံလို အပ်ချက်တွေက အများကြီးပဲ။ လို အပ်ချက်တွေ မဖြေရှင်းဘဲ ထပ် ကောက်တော့ အကဲ့ရဲ့ ခံရတာပေါ့။ အစ ကတည်းက ယုံကြည်လောက် အောင်နေပြီး လုပ်မှ ကြည်ကြည်ဖြူ ဖြူ နဲ့ နိုင်ငံကို အုပ်ချုပ်တဲ့ လူတန်းစား အပေါ် ချစ်မြတ်နိုး စိတ်ရှိမှာပါ”
ဖြူဖြူကျော်သိန်း
 ”အခွန် ဆိုတာက နိုင်ငံသားတွေ အနေနဲ့ပေးရတယ်။ ပြည်သူတစ် ယောက် အနေနဲ့ အခွန်ပေး ဖို့ကို မကျေနပ်တာ မဟုတ်ဘူး။ ဒါပေမဲ့ အခွန်ပေးပြီးသွားတဲ့ အခါ ကျရင် နိုင် ငံရဲ့ ဘယ်ကဏ္ဍတွေ မှာ ဒီအခွန်တွေ ကို အသုံးပြုတယ် ဆိုတာကို ပြည်သူ က ပွင့်ပွင့်လင်းလင်း သိခွင့်ရရှိရမယ်။ ပြီးရင် ဘယ်နေရာ ကနေ ဘယ်လောက် ရတယ် ဆိုတဲ့ ကဏ္ဍ အလိုက် အဲ့ဒီ အခွန်တွေကို ဘယ်နေရာတွေမှာ သုံးစွဲတယ် ဆိုတာ ပြည်သူက ပွင့်ပွင့် လင်းလင်း သိရလိမ့်မယ်။ ဘယ်ကဏ္ဍတွေ မှာ ဘယ်လောက် သုံးတယ်၊ သုံး သင့် တယ် မသုံးသင့်ဘူး ဆိုတာ ပြည် သူက ဝင်ပြီးစွက်ဖက် ပြောဆိုပိုင် ခွင့်ရှိရမယ်။ အဝေဖန် လည်း ခံနိုင်ရ မယ်။ မှန်ကန်တဲ့ စနစ်ရှိတဲ့ နိုင်ငံ တိုင်းမှာ ဒီလို ပဲဖြစ်ရမယ်။ အခွန်ဆို တာကို ပြည်သူတွေက ပေးရမယ်ဆို တာ နား လည် သင့်သလို ပေးလည်း ပေးသင့်သလို ပေးပြီး သွားရင်လည်း ဒါက ပြည်သူ့ အခွန်က ရ တာဖြစ်တဲ့ အတွက် ဘယ်မှာ သုံး တယ်၊ မသုံးဘူး ဆိုတာ ပြည်သူ က သိရပါမယ်”
ပိုင်ဖြိုးသု
“ညီမ အထင် ကတော့ ၅ ရာခိုင် နှုန်းဖြတ်မယ် ဆိုပြီး ဖေ့စ်ဘုတ်မှာ လည်း တစ်ချိန်လုံး အဲဒါပဲ တွေ့ တယ်။ ဟာသအပြောင် စာသားတွေ နဲ့  ပြောင် ထားတာ လည်းတွေ့ တယ်။ အဓိက ကတော့ ဖုန်းလိုင်းလေးတွေ ပိုပြီးကောင်းဖို့ပဲ အရေးကြီး ပါတယ်။ အခွန်ကောက်ပြီး လိုင်းမကောင်းရင် အဲဒီ ပေးရမယ့် အခွန်ကိုတော့ ဘာ ပဲ ပြောပြော နှမြောတာပေါ့နော်။ ဖုန်း လိုင်းကောင်းပြီး အင်တာနက် သုံးရ တာ အဆင်ပြေမယ် ဆိုရင်တော့ တစ် မျိုးပေါ့”
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment