Eric Clapton ရဲ့ ရှိုးပွဲကိုသွားရောက်ကြည့်ရှုခဲ့တဲ့ ကင်ဂျုံအွန်ရဲ့ အစ်ကို ကင်ဂျုံချိုလ်


မြောက်ကိုရီးယား အာဏာရှင် ကင်ဂျုံအွန် ရဲ့ အစ်ကိုတော်စပ်သူကို လန်ဒန်မြို့တော် Royal Albert Hall မှာ ပြုလုပ်ခဲ့တဲ့ Eric Claptonရဲ့ ဖျော်ဖြေပွဲမှာ တွေ့ခဲ့ရပါတယ်။
မြောက်ကိုရီးယား အာဏာရှင်ဟောင်း ကင်ဂျုံအီ ရဲ့ သားအကြီးဖြစ်ပေမယ့်လည်း ကင်ဂျုံချိုလ်ဟာ အနည်းငယ် မိန်းကလေးဆန်နေတဲ့အတွက် အာဏာရဖို့ ဖြစ်မလာခဲ့ပဲ ကမ္ဘာပတ်ပြီး လှည့်လည် သွားလာနေတာပဲဖြစ်ပါတယ်။
အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ မြောက်ကိုရီးယား အာဏာရှင်ရဲ့ အစ်ကိုဖြစ်သူဟာ မီးခိုးရောင် တီရှပ်နဲ့ အနက်ရောင် ဂျာကင် အကျီင်္ကို ၀တ်ဆင်ထားတာကို ဖျော်ဖြေပွဲမှာ တွေ့ခဲ့ရပြီး လန်ဒန်မှာ ရှိတဲ့ မြောက်ကိုရီးယား သံရုံးကတော့ ကင်ဂျုံချိုလ် ဗြိတိန်နိုင်ငံ ကို ရောက်ရှိနေသလားဆိုတဲ့ မေးခွန်းက အတည်ပြု မပြောကြားခဲ့သလို ငြင်းပယ်မှုလည်း မရှိခဲ့ပါဘူး။
ထို Eric Clapton ရဲ့ အသက် ၇၀ ပြည့်မွေးနေ့ အမှတ်တရ ရှိုးပွဲဝင်ကြေးဟာ စတာလင်ပေါင် ၁၀၀ ကနေ စတာလင် ၂၈၈ အထိဈေးနှုန်းရှိပါတယ်။ မြောက်ကိုရီးယား တိုင်းသူပြည်သားတွေ အစာရေစာ ငတ်နေချိန်မှာ အာဏာရှင်ကြီး ရဲ့ အစ်ကိုကတော့ ကမ္ဘာပတ်ပြီး ဈေးကြီးတဲ့ ဖျော်ဖြေပွဲတွေကို လိုက်လံ ကြည့်ရှု နေပါတယ်။
ကင်ဂျုံချိုလ်ဟာ plush Chelsea Harbour ဟိုတယ်မှာ တည်းခိုနေတယ်လို့ သိရပြီး ထိုဟိုတယ်ဟာလည်း တစ်ည တည်းခိုဖို့ စတာလင်ပေါင် ၂၁၀၀ ခန့် ကျသင့်ပါတယ်။
၂၀၁၁ ခုနှစ်ကလည်း ကင်ဂျုံချိုလ်ဟာ စကာင်္ပူမှာ ပြုလုပ်ခဲ့တဲ့ Eric Clapton ရဲ့ ရှိုးပွဲကို သွားရောက်ကြည့်ရှုခဲ့သလို ၂၀၁၀ တုန်းကလည်း ဂျာမနီ နိုင်ငံမှာ Eric Clapton ရဲ့ ရှိုးပွဲကို သွားရောက်ကြည့်ရှုခဲ့ဖူးတယ်လို့ သိရပါတယ်။
Ref:mirror.co.uk
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment