အမေရိကနိုင်ငံ Charlotte Douglas အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း အမျိုးသားတစ်ဦးဟာ အမေရိကန်လေကြောင်းက ဂျမေကာကို သွားမယ့်လေယာဉ်ကို နေရာရှိတာထက် ပိုပြီး လက်ခံခဲ့တာသိတော့ အားလုံးမထင်မှတ်တဲ့ အပြုအမူကို လုပ်ဆောင်ခဲ့ပါတယ်၊
WBTV သတင်းအရ မျက်မြင်သက်သေ Sherry Ketchie ပြောတာကအစကတော့ သူအဝတ်အစား ဝတ်ထားတယ်။ ပြီးတော့ လက်ကို ကြက်ခြေခတ်ပုံစံနဲ့ အဲဒီမှာ ရပ်နေပြီး ကောင်တာအမျိုးသမီးကို အော်ဟစ်နေတယ်။
အဲဒီမှာ ခဏ ရပ်နေခဲ့ပြီးနောက်တော့ သူ့အင်္ကျီကို စချွတ်ပါတယ်။ တစ်သက်မှာ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူးလို့ ဆိုပါတယ်။
တချို့လူတွေ ပြေးလွှားနေကြတာ တွေ့ရပြီး သူတို့ ဘာကြောင့် ပြေးနေကြလဲဆိုတာ အစက ကျွန်တော်တောင် အံ့သြနေခဲ့တာ၊ နောက်တော့မှ အဲဒီမှာ မတ်တပ်ရပ်နေတဲ့လူတွေ ကျိတ်ရယ်နေကြတာ သူ့ကိုပါလားဆိုပြီး သိသွားတာ။ သူတို့ဆီလျှောက်သွားတော့ အဲဒီမျိုးသားဟာ သူ့ဂျမေကာလေယာဉ် ခရီးစဉ်အတွက် ဒေါသထွက်နေတာလို့ လေဆိပ်ဝန်ထမ်းတစ်ဦးက ကျွန်တော့ိကို ပြောပြခဲ့ပါတယ်လို့ Sherry က ထပ်မံပြောဆိုခဲ့ပါတယ်။
သူ ခတ္တခဏတော့ အဲ့ဒီနားဝန်းကျင်ကို ပတ်တောင်လမ်းလျှောက်နေခဲ့သေးတယ်။ လုံးဝ ကိုယ်လုံးချွတ်ကြီးနဲ့ ပါ။ ၁ နာရီကြာ “free show” လေး တစ်ခုပေါ့။
အဲ့ဒီ အမျိုးသားဟာ စွပ်စွဲချက်တွေ ရင်ဆိုင်ရမှာ မဟုတ်ဘဲ သူ့လုပ်ရပ်ကို ဆေးဝါးကုသမှုကိစ္စရပ် တစ်ခုအဖြစ် ပိုသတ်မှတ်သင့်တယ်လို့ ရဲတွေက ပြောပါတယ်။
Ref: Stomp
Source:trend.com.mm
0 comments:
Post a Comment