
အလှမယ် သရုပ်ဆောင် နန်းခင်ဇေယျာ အနေနဲ့ မတ်လ ၁၅ရက်နေ့က သူ့ရဲ့ ပရဟိတ လုပ်ဆောင်မှု အဖြစ် မြောက်ဒဂုံ မြို့နယ်ရှိ နာရေး တစ်ခုကို နာရေး ကူညီမှုအသင်း (ရန်ကုန်) နိဗ္ဗာန်ယာဉ်နဲ့ ပို့ဆောင်ကူညီဖေးမ ခဲ့ပါတယ်။ နာရေး ကူညီမှုအသင်း (ရန်ကုန်)မှာ မေလ ၁၅ ရက်ကနေ ၂၄ ရက်နေ့ အထိ ဖွင့်လှစ်တဲ့ လူမှု အကျိုးပြု အနုပညာ သင်တန်းမှာ ကိုယ်တတ် နိုင်တဲ့ဘက် ကနေ တစ်တပ်တစ်အား ဝင်ရောက် ပါဝင်ဖြစ်တဲ့ နန်းခင်ဇေယျာကို သူပါဝင်ဖြစ်ပုံ နဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ “ဦးမောင် က ဒီရက်တို သင်တန်းမှာ နန်းခင် ဘယ်လိုအပိုင်းကနေ ပါဝင်နိုင်မလဲ ဆိုပြီးမေး တယ်။ ဦးရန်လေးတို့ လည်းပါမယ်။ အန်တီ မေခလာ တို့လည်းပါမယ်ပေါ့။ သူတို့က အဲဒီမှာ သရုပ်ပြမယ်။ အဓိကကတော့ ရုပ်ရှင် အပိုင်းမှာ သင်တန်း သူ၊ သင်တန်းသားတွေ ကို ပို့ချတဲ့နေရာ မှာ နန်းခင် တို့အနေနဲ့ ဘေးကနေ လိုအပ်ရင် လိုအပ်သလို သရုပ်ဆောင်ပေးမယ့် အခန်း ကဏ္ဍကနေ ပါဝင်မှာပါ” လို့ နန်းခင်ဇေယျာ ထံမှ သိရပါတယ်။
နန်းခင်ဇေယျာ အနေ နဲ့ မေလ ၁၅ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တဲ့ အဆိုပါ သင်တန်းမှာလည်း အခမ်း အနားမှူး အဖြစ် ပါဝင်ခဲ့ ပါသေးတယ်။ ဒီလို မအားလပ်တဲ့ ကြားက ပါဝင်ဖြစ် တဲ့ အတွက် သူ့အနေနဲ့ ကုသိုလ်ရသလို အနုပညာရှင်ကြီးတွေ ဆီက ပညာလည်းရ ကြောင်း ပြောပါတယ်။ ဆက်လက်ပြီး နန်းခင်ဇေယျာ ရဲ့လတ်တလော ထွက်ရှိ လာမယ့် ဇာတ်ကားတွေက “အသစ်တွေ က ဟာသကားတွေ တော်တော် များမယ်။ နောက်တစ်ပတ်လောက် ကျလို့ရှိရင် နန်းခင် ကြိုးစားပြီး သရုပ်ဆောင် ထားတဲ့ ဒရာမာ ပုံစံ၊ ဇာတ်အိမ်ပုံစံ နည်း နည်းကြမ်း တဲ့ ပုံစံဇာတ်ကားလေး ထွက်ဖို့ရှိပါတယ်”လို့ နန်းခင်ဇေယျာက ပြောပါတယ်။
အလှ မယ်နန်းခင် ဇေယျာ ကနေ သရုပ်ဆောင် နန်းခင်ဇေ ယျာ အဖြစ် ဖြတ်သန်း လာခဲ့တဲ့ ကာလတစ် လျှောက်မှာ ကိုယ့် ကိုယ် ကိုယ်ဘယ် လို သုံးသပ်ပြီး ရှေ့ ဆက် ဖြစ် မလဲ ဆိုတဲ့ အမေး ကိုလည်း .. “နန်းခင်အ နေနဲ့ လေ့ လာစရာ၊ သင်ယူ စရာ တွေ အများကြီး ရှိပါသေးတယ်။ ဒီ နောက်ပိုင်း မှာ သရုပ်ဆောင် ပိုင်းကိုလည်း ပိုပြီးကြိုးစား သွားမယ်။ အဘက်ဘက် ကနေ ပြီးတော့ ဘက်ပေါင်းစုံမှာ လစ်ဟင်းမှု မရှိအောင် ကြိုး စား သွားပါမယ်”လို့ နန်းခင် ဇေယျာက ဖြေကြားခဲ့ ပါတယ်။
မျိုးမောင်
0 comments:
Post a Comment