အနာဂတ် ဆိုတာ ဘယ်သူမှမသိဘူးလေ။ ဒါပေမဲ့ လောလောဆယ်မှာတော့ ကျွန်တော် တစ်ယောက်တည်း ဖြစ်နေတာ ခြောက်လလောက် ရှိပါပြီ…..
“အမှန်တိုင်းပြောရရင် ကျွန် တော့် အနေနဲ့ အိမ်ထောင်ပြုဖြစ်တော့ မယ်လို့ လုံးဝ မထင်တော့ပါဘူး။ ဒါ ပေမဲ့ ကျွန်တော် စကားကို ကုန် အောင် မပြောချင်ပါဘူး။ ဘာ ကြောင့်လဲ ဆိုတော့ အနာဂတ် ဆိုတာ ဘယ်သူမှ မသိဘူးလေ။ လောလော ဆယ်မှာတော့ ကျွန်တော် တစ် ယောက် တည်း ဖြစ်နေတာ ခြောက် လလောက် ရှိပါပြီ” လို့ အိမ် ထောင် ရေး နဲ့ပတ်သက်ပြီး ဖွင့်ဟ ပြောပြ လာသူကတော့ Ah.boy ပဲ ဖြစ်ပါတယ်။ Ah.boy က အခုအချိန် မှာတော့ စီးပွားရေး လုပ်ငန်းတွေနဲ့ မိသားစုကိုပဲ ဦးစားပေးဖြစ်နေ ပြီး ဒါ တွေကြောင့်ပဲ သူ့အနေ နဲ့ နောက် အိမ်ထောင် မပြုဖြစ်ဖို့ များပါတယ်လို့ Ah.boy က ပြောပါတယ်။ မိဘတိုင်း ကတော့ သားသမီးတိုင်း ကို အ ကောင်းဆုံးတွေ ချည်းပဲ ဖြစ်စေချင် သလို Ah.boy ကလည်း သူ့သမီး လေးကို အကောင်းဆုံးတွေ ချည်းပဲ ဖြစ်စေချင်သူပါ။
“ကျွန်တော်ကတော့ ကျွန် တော့်သမီးလေးကို အကောင်းဆုံး ဖြစ်အောင် ပံ့ပိုးပေးပြီးတော့ သူ့ အနားမှာ နေသွားပေးဖို့ စဉ်းစား ထားတယ်။ သမီးက ကျွန်တော့် အဖေနဲ့၊ အမေရဲ့ လက်အောက်မှာပဲ ကြီးလာတာပါ။ ကျွန်တော် ကတော့ မော်လမြိုင်မှာ ပဲနေဖြစ်တာများတယ်။ ရန်ကုန်လည်း သိပ်မပြန် လာဖြစ်ဘူး။ သမီးက ရန်ကုန်မှာ ပဲ ကျောင်း တက်တော့ ကျွန်တော်ပြန်လာတဲ့ အချိန်လေးမှာ သူ့အနားမှာ အချိန်ပေးပြီး နေပေးဖြစ်တယ်။ အဲ အဓိကကတော့ ကျွန်တော့် အမေနဲ့ပဲ အနေပိုများ ပါတယ်” လို့ လည်း သမီး နဲ့ ပတ်သက်ပြီး Ah.boy က ပြောပါ တယ်။ Ah.boy ရဲ့ နာမည်အရင်း က ကျော်ဖြိုးထွန်းဖြစ်ပြီး သမီး ရဲ့နာမည် ကတော့ ဇင်ဇင်ဖြိုးထွန်း ပဲဖြစ်ကာ အင်္ဂလိပ် နာမည် ကတော့ ဂျူးလိယက် လို့ အမည်ပေးထားပါတယ်။ ဖခင် တစ်ယောက် အနေနဲ့ သမီးအပေါ် ချုပ်ချယ် ထားတာမျိုးတွေ ရှိမှာ မဟုတ်ပါဘူး လို့ ပြောထားတဲ့ Ah.boy က…”ဘာကြောင့်လဲ ဆိုတော့ ကျွန် တော့်ကို အိမ်ကဖြစ်စေချင်တာက စီးပွားရေး လုပ်ငန်းရှင်ပါ။ ဒါပေမဲ့ ကျွန်တော်က အနုပညာ ကို ဝါသနာ အရ လုပ်ဖြစ်ခဲ့တာပါ။ သမီး ကလည်း အဆိုတော်တွေ က မွေးလာလို့လား တော့ မသိဘူး။ ဆိုတာတွေ၊ ကတာ တွေတော့ ဝါသနာပါတယ်။ ကျွန် တော့်အမေ ကတော့ နည်းနည်းလေး မျက်ခုံး လှုပ်နေ တယ်(ရယ်လျက်)။ ကျွန်တော် ကတော့ သူ့သဘောပါပဲ ကျွန်တော် ကတော့ ဟိုဟာဖြစ်မှ ဒီ ဟာဖြစ်မှ ဆိုတာမျိုး မရှိပါဘူး။ အဓိ ကကတော့ အချိန်တန်ရင် သူပညာ တတ် ကြီးဖြစ်ရမယ်။ တစ်ချိန်မှာ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ယောက် ဖြစ်စေချင်ပါတယ်” လို့ ပြောပြပါ တယ်။ Ah.boy ရဲ့ သမီးဇင်ဇင်ဖြိုး ထွန်းက အသက် ၇နှစ် ရှိပြီ ဖြစ် ကာ ပန်းလှိုင် အင်တာနေရှင်နယ်ကျောင်း မှာ တက်ရောက် ပညာသင်ကြားနေ ပါတယ်။

လင်းအက္ခရာ
Source:popularmyanmar.com
0 comments:
Post a Comment