
၂ဝ၁၆ ခုနှစ်၊ ဇန်နဝါရီ ၁ရက်နေ့ မှ စတင်ကာ မြန်မာ့ ရုပ်ရှင် ရဲ့ပြသမှု စနစ်ကို လက်ရှိ တန်းစီစောင့်ဆိုင်း ပြသနေရတဲ့ စနစ်မှ ရုံတွဲ စနစ်နဲ့ပြသ နိုင်မယ့် စနစ်ကို ပြောင်းလဲ သတ်မှတ် ကျင့်သုံး သွားတော့မှာ ဖြစ်ပါတယ်။ အထက်ပါ အကြောင်းအရာ ကိုတော့ မေလ ၁၆ရက်နေ့က ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်နဲ့ ရုပ်ရှင် ထုတ်လုပ်သူများ၊ ရုပ်ရှင်ရုံ ပိုင်ရှင်များ၊ ရုပ်ရှင်ပြသညှိ နှိုင်းရေးအဖွဲ့များ၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၊ မြန်မာ့ရုပ်ရှင် မြှင့်တင် ရေး ဦးစီးဌာနတို့ တွေ့ဆုံကာ ရုပ် ရှင် ရုံပြသရေး စနစ်ကို ပြောင်းလဲနိုင်ရန် အဖြေ ရှာပြီးနောက် အတည်ပြုလိုက် နိုင်တဲ့ ရလဒ် တစ်ခုဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်ကြည့် ပရိသတ် တွေ အနေနဲ့လည်း မြန်မာရုပ်ရှင် ဇာတ်ကားတွေကို လက်ရှိတန်းစီ စနစ် အရ ဆိုရင် ရုပ်ရှင်ရုံ တစ်ခုမှာ သူတို့ ပြသတဲ့ မြန်မာ ဇာတ်ကား တစ်ကား သာ ကြည့်ခွင့် ရနိုင်ပေမယ့်လည်း ရုံတွဲစနစ် ဖြစ်လာပါက မိမိ တို့ကြိုက် နှစ်သက်တဲ့ မြန်မာ ရုပ်ရှင် နောက် ထပ် ဇာတ်ကားကို ထပ်မံရွေးချယ် ကြည့်ရှုခွင့် ရလာတော့ မှာဖြစ်ပါတယ်။
ထို့အတူ ရုံတွဲ စနစ် ဖြစ်လာမှာ ဖြစ်တာမို့ A ရုပ်ရှင်ရုံ အုပ်စု၊ B ရုပ်ရှင် ရုံအုပ်စုပေါ်ထွက် လာမှာဖြစ်တာ နဲ့အညီ ပရိသတ်တွေ အနေနဲ့လည်း A ရုပ်ရှင် ရုံအုပ်စု မှာ ပြ သနေတဲ့ မြန်မာဇာတ် ကားမကြိုက်ပါက B ရုပ်ရှင်ရုံ အုပ်စုမှာ ပြသနေတဲ့ မြန်မာ ဇာတ်ကားတွေကို သွားရောက် ကြည့်ရှုနိုင်မယ့် အခွင့်အရေးတွေလည်း ထပ်ရလာပါ မယ်။
ဒီအပြင် ပရိသတ်တွေ အနေနဲ့ မြန်မာရုပ်ရှင်တစ်ကား အသစ် နောက် ထပ်ကြည့်ရှုနိုင်ဖို့ ၄ပတ်၊ ၃ပတ် စောင့် ဆိုင်းစရာ အချိန်တွေလည်း လျော့ကျ သွားမှာဖြစ်ပါတယ်။
ထုတ်လုပ်သူတွေ အနေနဲ့ကတော့ ပရိသတ်တွေ ရွေးချယ်ကြည့်ရှုခွင့် ရှိ လာတော့မယ့် အနေအထား မှာ မိမိ တို့ရဲ့ဇာတ်ကား ရဲ့အရည်အသွေး၊ ရိုက် ကူးမှု အရည် အသွေးနဲ့ ဇာတ်လမ်း အရည်အသွေးတွေ ကို ကောင်းမွန် အောင် ပြုလုပ်ပြီး ပရိသတ်ကို ရုံထဲ အရောက် ဆွဲဆောင်နိုင်အောင် ပြုလုပ် ရတော့မယ့် အခြေအနေ ကို ရောက် ရှိ လာနေပြီဖြစ်ပါတယ်။
“ရုပ်ရှင်ပြသရေး စနစ်ဟာ ပြောင်း လဲ သင့်နေပါပြီ။ အရင်တုန်း ကတော့ ရုပ်ရှင်ရုံ အရေအတွက် နည်းတယ်။ ဇာတ်ကား အရေအတွက်လည်း နည်း တော့ ရုံတင်ရက် ၃ပတ်၊ ၄ပတ်နဲ့ သွားနေရတယ်။ အခုကတော့ ဇာတ် ကားတွေ များလာတယ်။ ရုပ်ရှင်ရုံ တွေ ကလည်း အဆင့်မြင့်လာတယ်။ ဒါပေမဲ့ မင်္ဂလာ ရုပ်ရှင်ရုံတွေ နဲ့ ပြိုင်တူပြခွင့် မရှိတော့တဲ့ ရုံကို အဆင့်မြင့် ပြန်ပြင်လိုက် သူတွေက စကားသံတွေ ထွက်လာတော့ အခုလိုရုံပြိုင် စနစ်လုပ် လိုက်တာ တအားကောင်းတဲ့ စနစ်ပါ” လို့ မိုးကောင်းကင် ရုပ်ရှင်နှင့် ဗီဒီယိုထုတ် လုပ်ရေးမှ ဦစူဝမ်းကပြောပြပါတယ်။
သို့သော်လည်း ရုပ်ရှင်ဇာတ်ကားသစ် တစ်ကားနဲ့တစ်ကား ထိပ်တိုက် မတွေ့နိုင်ရေးအတွက် ကို သေချာစွာ စနစ်ကျအောင် ပြုလုပ် နိုင်မှရမှာ ဖြစ်ပြီး ထိပ်တိုက်တွေ့ ဆုံနေခဲ့လျှင် ရုပ်ရှင် ဇာတ်ကားသစ် နှစ်ကားထိပ် တိုက်တွေ့ဆုံတာမို့ ဝင်ငွေပြန်မရနိုင် တဲ့ အနေအထားမျိုးကို သတိပြုသင့် တယ်လို့ ဦးစူဝမ်း က ထောက်ပြပြော ဆိုထားပါ တယ်။
ရုံတွဲစနစ် အနေနဲ့ စတင်ကျင့် သုံးတော့မယ့် A ရုပ်ရှင် ရုံအုပ်စုထဲ မှာတော့ ရန်ကုန်မှာဆိုရင် သမ္မတ၊ မင်္ဂလာ (သိမ်ကြီးဈေး)၊ မင်္ဂလာ(စံပြ) ၊Junction Mawtin ၊ Junction Square ၊ရွှေဗဟိုရ်၊ မြရတနာ (သာကေတ)၊ မဟာမြိုင်တို့ ဖြစ်ပြီး မန္တလေးမှာတော့ ဝင်းလိုက် ၊ Junction Mandalay ၊မြို့ဂုဏ်ရောင် ရုပ်ရှင် ရုံတို့ပါ ဝင်နေပါတယ်။
B ရုပ်ရှင်အုပ်စု ထဲမှာတော့ ရန် ကုန်မှာ ဆိုရင် ရှေ့ဆောင်၊ သွင်၊ စံပြ (မင်္ဂလာ) ၊Junction Mawtin ၊ Junction Square ၊ နဝဒေး၊ ရွှေဗဟိုရ်၊ မြရတနာ၊ ဝဇီရာ(၂) တို့ဖြစ်ပြီး မန္တလေး မှာတော့ မြို့မ ၊မြို့ဂုဏ်ရောင်၊ Junction မန္တလေး တို့ ပါဝင်နေပါတယ်။
” A ရုပ်ရှင်ရုံ အုပ်စုမှာ ပြသနေ တဲ့ မြန်မာ့ရုပ်ရှင် ဇာတ်ကားသစ် တစ် ကားဟာ တစ်ပတ် လွတ်လွတ်ကျွတ် ကျွတ်ပြခွင့်ရမယ်။ B အုပ်စုက ဇာတ် ကားကို A အုပ်စုက တစ်ပတ်ပြ ပြီး ချိန်မှာ တင်ရမှာပေါ့။ အဲဒီတော့ ဆွဲ ဆောင်မှု မရှိတဲ့ ဇာတ်ကားဟာ အထိနာ ပါမယ်။ ဥပမာ- A အုပ်စုမှာ ပြသရတဲ့ ဇာတ်ကားက မကောင်းရင် B အုပ်စု က ဇာတ်ကားကို သွားကြည့်ကြမှာပေါ့။
ဒီဟာကိုလည်း ထုတ်လုပ်သူနဲ့ ရုံပိုင်ရှင် တွေနဲ့ ထပ်ညှိနှိုင်းရဦးမှာပါ” လို့ ဦးစူ ဝမ်းက မှတ်ချက်ပြု ပြောပါတယ်။
ထုတ်လုပ်သူတွေ အနေနဲ့က တော့ မိမိတို့ရဲ့ ဇာတ်ကားတွေကို A အုပ်စုနဲ့ B အုပ်စု ဘယ်မှာပြသချင်လဲ ဆိုတာ ကိုလည်း ရွေးချယ် ဆုံးဖြတ်လာ ကြရမှာဖြစ်တဲ့ အနေ အထားပါ။
လက်ရှိ ရုံတင်ပြသမှု စနစ်အရ ကတော့ ထုတ်လုပ်သူတွေ အနေနဲ့ မိမိရဲ့ ရုပ်ရှင်ဇာတ်ကား ကွာလတီ ကောင်းကောင်း ဆိုးဆိုး အနည်းဆုံး ရုံတင်ခွင့် ၂ပတ် ရရှိနေ တာကြောင့် ရိုက်ကူး ထုတ်လုပ်မှု ကုန်ကျ စရိတ်ကို ကာမိအောင် ပြန်လည် ရှာဖွေလို့ ရနေပါတယ်။
လက်ရှိတန်းစီ ပြသ စနစ်အရ ရုပ်ရှင်ဇာတ်ကားသစ် တစ်ကားဟာ ပထမအပတ် စတင်ရုံတင်ပြသလို့ သတ်မှတ် ထားတဲ့ ဝင်ငွေ စံချိန်ရဲ့ ၇ဝ ရာခိုင်နှုန်းကျော် ရခဲ့မယ် ဆိုရင် ၄ပတ် တိတိရုံတင် ပြသခွင့်ရနေပါ တယ်။ ၅ဝရာခိုင်နှုန်းကျော် ဆိုရင် ၃ပတ် တိတိပြခွင့်ရပါတယ်။ ၅ဝ ရာခိုင်နှုန်းအောက် ဆိုရင်တော့ ၂ပတ်တိတိပြခွင့် ရတဲ့ အပြင် နောက် လဲမယ့် ဇာတ်ကား ရှိမနေရင်တော့ ၃ပတ်တိတိ ပြခွင့်ရပြီး ငွေပြန်ရှာနိုင် တဲ့အခွင့်အရေး ရှိနေပါတယ်။
“တန်းစီစနစ် မှာတော့ ၇ ရက် အတွင်း ပြသရတဲ့အချိန်မှာ တစ်ယောက်တည်း သွားရတာဆို တော့ အဆင်ပြေပါ သေးတယ်။ ရုံတွဲ စနစ် ဆိုရင်တော့ နှစ်ယောက် ပြိုင် တူ ပြေးရမယ့် သဘောပါ။ ထုတ်လုပ်သူ တွေ အတွက်ကတော့ အခက်အခဲ ရှိ နိုင်ပါတယ်။ ရုံပိုင်ရှင် ဆိုတာကတော့ ကားသစ်လဲတိုင်း အင်္ကျီအသစ်လဲရ ပါတယ်။ အဲဒီတော့ ၂ဝ၁၆ခုနှစ် အစမှာ ကောင်းခြင်း၊ ဆိုးခြင်းတွေကို မြင်တွေ့ရမှာပါ” လို့ ရုပ်ရှင်ပြသညှိ နှိုင်းရေး ကော်မတီမှ ဦးဌေးအောင်က ထောက်ပြ ပြောဆိုပါတယ်။
လက်ရှိမှာတော့ ချစ်စံအိမ် ၂ဝ၂၈ ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသ လျက်ရှိနေပြီး နောက်မှာတော့ တန်း စီစနစ် အရ ပြသရန် စောင့်ဆိုင်းနေ တဲ့ ရုပ်ရှင်ဇာတ်ကား ၉ ကားအထိ ကျန်ရှိနေပါတယ်။
တန်းစီ စနစ်ပြသရေးအရ တွက်ချက်မယ် ဆိုရင်တော့ အဲဒီနောက် ကျန် ၉ကားပြီးစီးဖို့ ဆိုရင် ၂ဝ၁၅နှစ် နှစ်ကုန်၊ ဒီဇင်ဘာလလောက် ထိ ရောက် ရှိနေပါတယ် ။တန်းစီ စနစ်ပြသရေး အရတော့ ရုံရှင်နဲ့ ဇာတ်ကား ပိုင်ရှင် အချိုးကျ ဝင်ငွေ ရရှိမှုမှာတော့ ပထမအပတ် နဲ့ ဒုတိယ အပတ်မှာ ကားရှင်ဘက်မှ ၅ဝရာခိုင်နှုန်း နဲ့ ရုံရှင်ဘက်က ၄၅ ရာ ခိုင်နှုန်းလို့ သတ်မှတ်ထားကြပါတယ်။
တတိယအပတ် မှာတော့ ဇာတ် ကားပိုင်ရှင်က ၄၅ ရာခိုင်နှုန်း နဲ့ ရုံပိုင် က ၅၅ ရာခိုင်နှုန်း ဆိုတဲ့ ဝင်ငွေအချိုး ကျ ခွဲဝေမှုကို သတ်မှတ်ထားပါတယ်။
ရုံတွဲစနစ် ဖြစ်လာတော့မှာမို့ ဇာတ်ကားပိုင်ရှင် နဲ့ ရုပ်ရှင်ရုံ ပိုင်ရှင်တို့ အရင် သတ်မှတ်ထားတဲ့ ဝင်ငွေအချိုး ကျခွဲဝေမှု စနစ်ကိုလည်း ပြန်လည် သတ်မှတ်ရ မှာဖြစ် ပြီး ပြသရေး စနစ် ကိုလည်း စနစ်တကျဖြစ်အောင် သတ်မှတ် သွားကြရမယ့် အနေအထား ဖြစ်ပါတယ်။
ထက်လူ
Popularmyanmar.com
0 comments:
Post a Comment