ကျွန်မကနှင်းဆီပါမောင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရင်ခုန်မိသူ ဟဲဗီးဖြိုး


ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟဲဗီးဖြိုးက ဒီဇာတ်ကားနဲ့ပတ်သက်ပြီး အကယ်ဒမီဆုကိုလည်း ရင်ခုန် မိ တယ်လို့ ပြောပါတယ်။” ကျွန်တော်ဒီဇာတ်ကားလေးကို တအားလည်း ကြိုက်သလို တအားလည်း  Feel ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို ပရိသတ်တွေကြည့်ပြီး တဲ့ အခါမှာ ပရိသတ်ဆီကတက်လာမယ့် မက်ဆေ့ခ်ျတွေကို ကျွန်တော် နားထောင်ချင်ပါတယ်။ ကျွန်တော်တို့အားလုံးကတော့ ကြိုးစားထားကြပါတယ်။ ဒီဇာတ်ကားထဲမှာ ကျွန်တော် အမှတ်ရဆုံးဇာတ်ဝင်ခန်းနှစ်ခန်းရှိတယ်။ နှင်းဆီပန်းတွေ သယ်ပြီးပြေးလာတဲ့အခန်းနဲ့ မီးသတ်ပိုက်နဲ့အထိုးခံရတဲ့ ဇာတ်ဝင်ခန်းရယ်ပါ။ မီးသတ်ပိုက်နဲ့ အထိုးခံ ရတော့ ကျွန်တော်နှစ်ရက်လောက် ဖျားသွားတယ်။ အမှတ်တရပါပဲ။ ဒီဇာတ်ကားထဲမှာ ကျွန်တော်က ဒရာမာဇာတ်ရုပ်ဆိုတော့ ကျွန်တော့်အနေနဲ့ သိပ်အဆင်ပြေပါတယ်။ ဒီဇာတ်ကားလေးနဲ့ ကျွန်တော်နဲ့က သရုပ်ဆောင်ရတာ ထပ်တူထပ်မျှကျတယ်လို့ ပြောလို့ရပါတယ်။ ကျွန်တော်အကယ်ဒမီကို ရင်ခုန်မှုပေါင်းများခဲ့ပါပြီ။ အခုလည်း ဒီဇာတ် ကားနဲ့ပတ်သက်ပြီး ရင်ခုန်ပါတယ်။ ဒါပေမဲ့ ကံပေါ့နော်။ ကံပါရင်တော့ ကျွန်တော်အကယ်ဒမီရမှာပဲလေ။ ဒါပေမဲ့လည်း ကျွန်တော်လွဲပေါင်းများပြီဖြစ်တော့ သိပ်ပြီးတော့  Feel မဖြစ်တော့ပါဘူး။ အကယ်ဒမီက အနုပညာရှင်တွေရဲ့ မှတ်တိုင်ပါပဲ။ ဒါပေမဲ့ ပရိသတ်တွေပေးတဲ့ အကယ်ဒမီကို ကျွန်တော်ရပြီးသွားပြီလေ။ ဇော်ကကနေ သည် ဇာတ်ကားမှာကတည်းက ပရိသတ်တွေကအကယ်ဒမီပေးထားတယ်ဆိုတော့ အဲဒါနဲ့ပဲ ကျွန်တော် ပီတိဖြစ်နေပါပြီ။ တကယ်ရခဲ့ရင်တော့ အတိုင်းမသိ ဝမ်းသာရမှာပါ” လို့ ဇာတ်ကားနဲ့ပတ်သက်ပြီး ဟဲဗီးဖြိုးက ပြောပါတယ်။
ဟဲဗီး ဖြိုးက သရုပ်ဆောင်အလုပ်အပြင် အဆိုဘက်ကိုလည်း ဝါသနာပါတဲ့အတွက် စီးရီးထုတ်ဖို့အချိန်ပေးပြီး စီစဉ်ဖြစ်နေတယ်လို့ သိရပါတယ်။ ” ကျွန်တော် သီချင်းခွေစီးရီးလေးလုပ်ဖို့စဉ်းစားထားပါတယ်။ ကျွန်တော့်ဆရာကိုသူ သီချင်း ရေးပေးထားတာ ရှစ်ပုဒ်လောက်တော့ ပြီးသွားပါပြီ။ အပုဒ်နှစ်ဆယ်လောက် ရေးပြီး အဲဒီထဲမှာ မှကောင်းတဲ့သီချင်းလေးတွေကို ရွေးပြီးစီးရီးလေးလုပ်ဖို့ စီစဉ်ထားပါတယ်။ ကိုယ်တိုင်တော့ မရေးတတ်သေးဘူး။ ကျွန်တော် အခုမှစပြီး လုပ်မှာ ဆိုတော့ အချိန်အားဖြင့် ကြာတော့ကြာဦးမယ်။ အခုမှ စပြီးစီစဉ်နေဆဲပါ။  ကျွန်တော်ပရိသတ်ကတော့ ကျွန်တော်အနုပညာလုပ်ရပ်တွေအပေါ်မှာ အား ပေးမယ်လို့ထင်ပါတယ်။ ကျွန်တော့် ကိုပရိ သတ်တွေလည်းအားပေးပါဦးလို့ပြော ချင်ပါတယ်” လို့ ဟဲဗီးဖြိုးကပြောပါတယ်။
လွင်လွင်ထွန်း၊ဓာတ်ပုံ-အောင်ဇော်မင်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment