ကိုတင့်ရဲ့ အဆက် "စားတယ်" ဆိုတဲ့ ကားကြီးမှာလဲ ကိုတင့်နေရာက ပါဝင်သရုပ်ဆောင်နေပါတယ်ဆိုတဲ့ အရိုင်း


လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်တုန်းက သရုပ်ဆောင် လွင်မိုးနဲ့တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ အရိုင်း၊ ကုသိုလ်၊ ကင်းကောင်၊ ဖိုးဖြူဆိုရင် မသိတဲ့သူ မရှိရလေအောင် ဟာသအရာနဲ့ပတ်သက်ရင် လွန်စွာမှ ပရိသတ်ကို စိတ်ချမ်းမြေ့အောင်လုပ်ပေးနိုင်တဲ့ ဟာသ အနုပညာရှင်တွေပါ။ ထိုအထဲမှ တချို့ကွယ်လွန်သွားပြီဖြစ်သလို ဆက်မလုပ်တော့တဲ့သူတွေလဲ ရှိပြီး ထိုလေးယောက်ထဲကမှ ခုချိန်ထိ ပရိသတ်နဲ့ရင်းနှီးနေဆဲ ဖြစ်တဲ့ အရိုင်း ကတော့ လက်ရှိမှာ မကြာသေးခင်ကမှ ရုံတင်ပြသထားတဲ့ ကိုတင့်ဆိုတဲ့ ကားလေးနဲ့ ပရိသတ် အများအပြားအားပေးခြင်းခံထားရသလို လက်ရှိမှာလဲ ကိုတင့်ရဲ့ အဆက်လို့ပြောလို့ရတဲ့ စားတယ်ဆိုတဲ့ကားကြီးကို ထပ်မံရိုက်ကူးနေပြီး မရိုက်တာကြာပြီဖြစ်တဲ့ အနုပညာညီအစ်ကို ကိုလွင်မိုးနဲ့လဲ ဒီကားထဲမှာ ပြန်ဆုံတာမို့ လွင်မိုးနဲ့ပတ်သက်တဲ့ ဟိုးအရင် အမှတ်တရအချို့နဲ့ ကိုတင့် အဆက် စားတယ်ဆိုတဲ့ကားလေးကို ထပ်မံရိုက်ကူးဖြစ်ပုံကိုပြောပြခဲ့တာကတော့
"ဒီနေ့ရိုက်တဲ့ကားလေးရဲ့ နာမည်က စားတယ်လို့တော့ပေးထားတယ်။ ဒုတိယ ကိုတင့်လို့လဲပြောလို့ရတယ်။ ဒါပေမဲ့ ဒီမှာကတော့ ကိုတင့်ရဲ့ ပုံသဏန်လေးတွေကတော့ ပါတာပေါ့နော်။ နောက်တစ်ခုက ဘာလေးလုပ်ထားလဲ ဆိုတော့ အရင်ကိုတင့်မှာ မပါရသေးသော မင်းသားမင်းသမီးတွေ အပြင် မြိုင်ရာဇာတွတ်ပီကိုပါ ထည့်ပြီး ဇာတ်လေးကို ပြန်မွှေထားတာပေါ့။ ဒါရိုက်တာ ဦးကျော်ဇောလင်းကတော့ ကိုတင့်ကို ဒုတိယကားအဖြစ် ရိုက်ဖို့အတွက်ကို သူတော်တော်လေးစဉ်းစားတယ်။ ဒါကတော့ ဦးရိုင်းတို့တွေလဲ စဉ်းစားရတာပေါ့နော်။ ရှေ့ကကားကို မကျော်နိုင်ဘူးဆိုရင် မကောင်းဘူး။ သို့သော်ငြားလည်း ပရိသတ်ရဲ့တောင်းဆိုမှုကိုရှေးရှုပြီး စိန်ဌေး ကဦးဝင်းကြည်နဲ့ ဦးရိုင်းတို့တောင်းဆိုသပေါ့။ ကဲ ကိုကျော်ဇောလင်းရယ် ဒုတိယကားလေးတော့ ရိုက်ပါဆိုတဲ့အတွက်ကြောင့် သူရိုက်ပေးတာပေါ့နော်။ ဘာလို့လဲဆိုတော့ ဦးရိုင်းတို့ဒီဇာတ်ကားရိုက်နေစဉ်ရော ၊ ပြနေစဉ်ရော၊ ပြပြီးသွားတဲ့အခါမှာရော ပရိသတ်တွေက ဟိုးရုပ်ရှင်ရုံ မရှိတဲ့ နယ်ဝေးတွေဆို မကြည့်ရဘူးလေ။ ဗီဒီယို ထွက်မှပဲကြည့်ရတဲ့အတွက် နဲနဲတော့ကြာဦးမှာပေါ့နော်။ ပြီးတော့ နိုင်ငံခြားမှာရှိနေတဲ့ ကိုတင့်ရဲ့ ပရိသတ်ပေါ့ကွယ်။ သူတို့ကလဲ ဖေ့စ်ဘုတ်ကနေ နိုင်ငံခြားကို လာမပြနိုင်ဘူးလား။ နောက်ထပ်တစ်ခုထပ်ရိုက်ပြပါဦးဗျာဆိုတော့ ကဲ ဘာပဲပြောပြော ပရိသတ်ကိုတော့ ဒါလေး စဉ်းစားပေးသင့်တယ်ဆိုပြီး နောက်တစ်ကားထပ်ရိုက်ကြတာပါ။"လို့သူက ပြောပါတယ်။
ဒီကားပြီးရင်တော့ ဦးတင့်ကို ရုပ်ရှင်ကားကြီးအနေနဲ့ထပ်မံပြီးရိုက်ဖို့ မစဉ်းစားကြတော့ပါဘူးလို့ ပြောပြလာတဲ့ ဦးအရိုင်းက "တခြားအကြောင်းအရာ၊ နောက်တစ်မျိုးကိုပဲ ထပ်မံပြီး စဉ်းစားသွားပါမယ်။ ဦးတင့်အနေနဲ့ ဒီထဲမှာက ဦးတင့်နဲ့မိချိုပဲ။ ဒါပေမဲ့ ဘာကို သွားတွေ့လဲဆိုတော့ ကိုတင့်ကားလေးနဲ့ပတ်သက်ပြီးတွေ့ရတဲ့အချက်က ရပ်ကွက်ထဲက အခြေခံလူတန်းစားတွေနဲ့ပတ်သက်လို့ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေများတဲ့အတွက် လူပတ်ဝန်းကျင်မှာ ရှိတဲ့ အလွဲအချော်လေးတွေကို ပြန်ရိုက်ပြရတဲ့အတွက် ဦးရိုင်းရဲ့ကိုတင့်အပေါ်မှာ ပါဝင်လှုပ်ရှားရတဲ့ ကာရိုက်တာကတော့ ဒီပုံလေးအတိုင်းပါပဲ"တဲ့။
လွန်ခဲ့တဲ့ နှစ်များစွာက တွဲဖက် ရိုက်ကူးခဲ့တဲ့ ကိုလွင်မိုးနဲ့ ဒီကားမှာ ပြန်ဆုံတွေ့ရတဲ့ စိတ်ခံစားချက်ကိုလဲ " သြော် ကောင်းတာပေါ့။ ဘာလို့လဲဆိုတော့ ကိုလွင်မိုးက သူ့ရဲ့ အနုပညာလမ်းကြောင်းအစ သရဲလေးကောင် ၊ ၀ိဥာဉ်များနဲ့ကခုန်ခြင်း၊ နှင်းဆီဝိုင်၊ ပင်လယ်ရယ်သံ စသဖြင့် အဲ့ဒီကားတွေနဲ့တာထွက်လာကြတာ နည်းတဲ့နှစ်မှ မဟုတ်ပဲ။ ဦးရိုင်းတို့တွေ တတွဲတွဲ ၊ တလုံးလုံးနဲ့ ညီအစ်ကိုတွေအမျှပဲနေခဲ့ကြတယ်။ သို့သော်လည်း ပဲ နောက်ပိုင်းကျတော့ သူလဲ မိသားစုအရေးနဲ့ စီးပွားရေးဖက်ကို လေ့လာချင်သေးတယ် ဆိုတော့ အဲ့ဒီဖက်ကို အားပြုပြီ လုပ်လိုက်တဲ့အတွက်ရုပ်ရှင်ဖက်ကို နည်းနည်း အလှမ်းဝေးသွားတယ်။ သို့သော်လည်း သူနဲ့ဦးရိုင်းတို့ကတော့ ဘယ်ချိန်ပြန်တွေ့တွေ့ အရင်တိုင်းပါပဲ။ အခုပြန်တွေ့ကျတော့ ပျော်တာပေါ့ကွယ်။ အချိန်အားဖြင့် ကွာခြားသွားပြီ။ အသက်အရွယ်အားဖြင့်က ကြီးသွားကြပြီ။ လွန်ခဲ့တဲ့ အနှစ်၂၀ကျော်တုန်းက လွင်မိုးနဲ့လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်တုန်းက အရိုင်းနဲ့တော့ မတူတော့ဘူးပေါ့ကွယ်။ လူကြီးတွေဖြစ်နေကြပြီပေါ့။ ခုချိန်မှာပြန်တွေ့ရတော့ ၀မ်းသာတယ်ပဲပေါ့။ အနုပညာသမားကတော့ ဦးရိုင်းထင်ပါတယ်။ ဒီအလုပ်ကိုရာ သက်ပန်စွန့်လွှတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ တိတိ တိတိနဲ့တော့ လုပ်နေဦးမှာပါပဲ။ ဒီအလုပ်ကို မလုပ်ရရင် မနေနိုင်ဘူး။ ရွစိကိုက်နေတာလေ။ အနုပညာနဲ့ပတ်သက်တဲ့အလုပ်ကို ဘယ်အနုပညာသမားမှ ရပ်တန့်မယ်လို့မထင်ပါဘူး။ အခွင့်အရေးရရင်ရသလို လုပ်နေဦးမယ်ထင်ပါတယ်။"လို့ သူက ပြောပြသွားပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment