လက်ရှိမှာ ၉တန်းပဲ ရှိသေးတဲ့ ငွေမှုန်ရတီက ပညာရေးတစ်ဖက် ၊ အနုပညာတစ်ဖက် နှစ်ဖက်စလုံးကို မျှတအောင် ကြိုးစားနေပြီး ပရိသတ်အတွက် သူမရဲ့ ကြိုးစားမှုလေးတွေကိုချပြချင်ပါတယ်လို့ပြောပြလာတဲ့အတွက် ငွေမှုန်ရဲ့ ပညာရေးအကြောင်း ၊ ကားရိုက်အကြောင်းနဲ့ အနုပညာ အကြောင်းအရာများကို မေးမြန်းကြည့်မိတဲ့အခါ
"လက်ရှိရိုက်နေတဲ့ ဇာတ်ကားလေးနဲ့ပတ်သက်ပြီး ဒီနေ့ရိုက်တဲ့ကားလေးက ရ လေးလုံးတဲ့။ ဖိုးတွမ်တီးကားလေးပါ။ ဟာသကားလေးပါပဲ။ မင်းသမီး ၃ ယောက်နဲ့ ကိုခန့်ပေါ့။ ဒါရိုက်တာက ကိုဇေပါ။ ကိုခန့်ကလဲ ချမ်းသာချင်တယ်။ ညီမတို့က သူဌေးပုံစံဆိုတော့ သူက ဖိုးတွမ်တီးလုပ်တယ်။ ညီမတို့ကလဲ သူ့ကို သူဌေးထင်ပြီး ဖိုးတွမ်တီးပြန်လုပ်တဲ့ ကားလေးပေါ့။ ဒါ ညီမရဲ့ ၇ ကားမြောက်ပါ။ စရိုက်ကတည်းက ဘာကမ်းလှမ်းတဲ့ ဇာတ်လမ်း အမျိုးအစားပိုင်းက လက်ရှိရိုက်ထားတဲ့ ကား၇ကားက ဟာသများတယ်။ ဒရာမာက တစ်ကားလောက်ပဲပါတယ်။ ညီမအားသန်တဲ့ကာရိုက်တာမျိုးတော့ ခုချိန်မှာမရှိသေးဘူး။ ပရိသတ်အားပေးတဲ့ဖက်ကို မူတည်ပြီး ရွေးချယ် ရိုက်ကူးရမှာဖြစ်တဲ့အတွက် ငွေမှုန်ကြိုးစားသွားမယ်။ ညီမကားတွေက ခု ရိုက်ထားပြီးသားထဲကဆို တစ်ကားပဲ ထွက်ရသေးတယ်။"လို့ သူမက ပြောပါတယ်။
ကားထွက်တဲ့အချိန်မှာ သူမကို ပရိသတ်တွေက အသစ်ဆိုပေမဲ့ မစိမ်းဘူးလို့ ပြောဆိုသုံးသပ်ချက်အပေါ် ငွေမှုန်ရတီက "ညီမကို သရုပ်ဆောင်တာ ကြောင်မနေဘူးလို့ ပရိသတ်တွေက ပြောကြတယ်။ အဓိကကတော့ ဘာလဲဆိုတော့ နဂိုကတည်းကလဲ အခြေခံရှိတယ်။ အစ်မဆီက သင်တာလဲရှိတယ်။ အမေက သင်ပေးတာလဲ ရှိတယ်။ ညီမနဲ့တွဲရိုက်တဲ့ စီနီယာတွေဆီက သင်ယူတာမျိုးလဲ ရှိတယ်။ အဲ့ဒီတွက်ငွေမှုန်ကြိုးစားတယ်။ ကားမရိုက်ခင်ကတည်းက အင်တာဗျူးတွေလဲဖြေဖူးတယ်။ မဂ္ဂဇင်းတွေလဲ ရိုက်ဖူးတယ်။ ဂျာနယ်တွေထဲမှာလဲ ရိုက်ဖူးတယ်။ အဲ့ဒီတွက် ပရိသတ်က သိပြီးသားဖြစ်နေတယ်။ အဲ့ဒါကြောင့်လဲ ပါမယ် ထင်ပါတယ်။ နောက်ကားတွေ ထပ်ထွက်တဲ့အခါမှာလဲ ပရိသတ်အားပေးမှု ရလိမ့်မယ်လို့မျှော်လင့်မိပါတယ်"တဲ့။
အမဖြစ်သူရွှေမှုန်ဆီက လေ့လာဖြစ်တဲ့ သရုပ်ဆောင်မှုအပိုင်းနဲ့ပတ်သက်ပြီးတော့လည်း "အမကတော့ ငိုတာအရမ်းတော်တဲ့အတွက် သူ့ဆီိ ငိုတာလေးတွေ တစ်ချက်တော့ မေးကြည့်ဖြစ်တယ်။ လေ့လာဖြစ်တယ်။ နောက်အမေကလဲ ပြောပြတယ်။ အခက်အခဲတော့ သိပ်မရှိပါဘူး။ တချို့ကလဲပြောကြတယ်။ အနုပညာလောကထဲမှာ မောင်နှမတို့ ညီအစ်မတို့ဆို အကြီးတွေက အောင်မြင်ရင် အငယ်တွေက ကျန်ခဲ့တယ်ပေါ့။ အဲ့ဒါကလဲ ကိုယ့်ကြိုးစားမှုနဲ့ပဲ ဆိုင်မယ်လို့ ထင်ပါတယ်။ ကိုယ်ကြိုးစားမှ ကိုယ်ရတာဆိုတော့ ဒါကကြိုးစားမှဖြစ်မယ်။ အဲ့ဒါကြောင့်ငွေမှုန်ကြိုးစားတယ်။ ပရိသတ်ရဲ့ အားပေးမှုရအောင်လဲ ငွေမှုန်ကြိုးစားနေပါတယ်။ ကားကြီးက ၁၁လပိုင်းမှာ တစ်ကားရှိတယ်။ ဒီကြားထဲမှာ ခရီးကသွားဖြစ်ရင်၇လပိုင်းတော့ သွားဖို့ရှိတယ်။ အတိအကျတော့မသိသေးပါဘူး။ အခက်အခဲကတော့ စရိုက်ကတည်းကနေ ခုချိန်ထိကြီးကြီးမားမား မရှိသေးပါဘူး။ အမေကလဲ တောက်လျှောက်ပံ့ပိုးမှုတွေ လုပ်ပေးတယ်။ အဆင်လဲပြေတယ်။" လို့ သူမက ပြောပြပေးခဲ့ပါတယ်။
Source:trend.com.mm

0 comments:
Post a Comment