
သန်လျင်မြို့၊ လမ်းမတော်လမ်း၊ မြို့မဈေးကြီး အနီးရှိ ‘မြဟံသာ’ ရုပ်ရှင် ရုံဟာ ၁ဝနှစ်ကျော် ကြာ ရုပ်ရှင်ပြသ ခြင်း လုပ်ငန်းတွေကို လုပ်ကိုင်ပြသနိုင် ခြင်း မရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ် ဇွန်လ ၉ ရက်နေ့၊ ကနေ စတင်ကာ အဆင့် မြင့် ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံ အဖြစ်ပြန်လည် အသက်ဝင် လာကာမြန်မာ့ရုပ်ရှင် ဇာတ်ကားတွေကို ပြသနေပြီဖြစ်ပါတယ်။
‘မြဟံသာ’ ရုပ်ရှင်ရုံကို အဆင့် မြင့် ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံ အဖြစ် ပြန်လည် ပြောင်းလဲပေးလိုက်တဲ့ အဖွဲ့က တော့ Red Radiance Digital Cinema Solutions ကုမ္ပဏီ ပဲ ဖြစ်ပါတယ်။
”မြဟံသာက ကျွန်တော်တို့ အတွက် ပထမဦးဆုံး ဖွင့်လှစ်ဖြစ်တဲ့ ရုပ်ရှင်ရုံပါ။ နောက်ထပ်ခြေလှမ်းတွေ လည်း ရှိနေပါတယ်။ ကျွန်တော်တို့ Red Radiance က အဓိက လုပ် ဆောင်နေတာက Cinema ကင်မရာ တွေဖြစ်တဲ့ Red အမျိုးအစား၊ Black Magic အမျိုးအစား ကင်မရာတွေကိုလည်း ငှားရမ်းပေးပါတယ်။ Pre Production နဲ Post Production တွေကို အဓိက ထားပြီး တော့ ရုပ်ရှင် ဇာတ်ကားတွေ အတွက် ကူညီပေးနေပါတယ်။ မြန်မာနိုင်ငံ မှာ ဆိုရင် Colour Collection အပိုင်း နဲ့ Colour Glazing အပိုင်းကို DCP Package ထုတ်ပေးတာကိုလည်း ကျွန်တော်တို့ ကုမ္ပဏီက အပြီးသတ် ဆောင်ရွက် လုပ်ဆောင်ပေးပါတယ်။ ပြည်ပကို သွားစရာ မလိုဘဲ နဲ့ မြန်မာ နိုင်ငံမှာပဲ အပြီးသတ် ရနိုင်တဲ့အထိ ကျွန်တော်တို့ ကြိုးပမ်းနေပါတယ်”လို့ Red Radiance ကုမ္ပဏီ ရဲ့ CEO ဖြစ်သူ ကိုတင်ထွန်းအောင် က ရှင်းပြပါတယ်။
Red Radiance ကုမ္ပဏီ အနေနဲ့ ၂ဝ၁၄ ခုနှစ်ကတည်းက လုပ်ငန်းဆောင်တာ တွေကို ဆောင်ရွက် ပေးခဲ့ပြီး မြန်မာ ရုပ်ရှင်တွေက DCP Package ပြောင်းတဲ့ အပိုင်း မှာတော့ လက်ပံ၊ တိုက်ဆိုင်မှု ရှိလျှင်၊ ကိုတင့်တို့ စူပါရပ်ကွက်၊ လော်မင်္ဂလာ၊ ကျွန်တော့်  ရည်းစားဘုရား မှာနေသည်၊ ဘောစိ စတဲ့ရုပ်ရှင်ဇာတ်ကားတွေ ကို ပြုလုပ် ပေး ထားတယ် လို့ ဆိုပါတယ်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း ကတော့ အခုလို အဆင့်မြင့် ဒစ်ဂျစ်တယ် ရုပ်ရှင်ရုံ တစ်ခု ထပ်မံခွင့်ပြုပေးလာတဲ့ အပေါ်ကို ”ကျွန်တော် တို့ မြန်မာ့ ရုပ်ရှင်လောက ကောင်းကင်ကြီးဟာ မည်းမှောင်နေခဲ့ တာ ကြာပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ အခုလို ရုပ်ရှင်ရုံတွေ မရှိလို့ပါ။ ဒီနေ့ ဒီရက်၊ ဒီအချိန်မှာတော့ အခု’မြဟံ သာ’ ဆိုတဲ့ ရုပ်ရှင်ရုံတစ်ရုံ သန်လျင် မြို့ပေါ်မှာ ပေါ်ပေါက် လာတာဟာ အနုပညာ မိုးကောင်းကင်ကြီး အတွက် ကြယ်လေး တစ်ပွင့်ပါ။ ဒီလိုကြယ် လေးတွေ များလာမှသာ ကျွန်တော် တို့ အနုပညာ ကောင်းကင်ကြီး လင်းလက်တောက်ပ လာမှာဖြစ်ပါတယ်။ နည်းပညာတွေ တိုးတက်လာတာ နဲ့ အမျှ အိမ်မှာ လည်း တီဗီနဲ့ ထိုင်ကြည့် လို့ ရနေ ပါပြီ။ ဒီဘက်ခေတ်မှာ လက် ကိုင်ဖုန်းတွေ နဲ့လည်း ကြည့်လို့ရနေပါ ပြီ။ ဒါပေမဲ့ အရုပ်၊ အသံ စနစ်အရ သာတွေကိုတော့ ရုပ်ရှင်ရုံတွေမှာ ပဲ ပေး စွမ်းနိုင်ပါ တယ်။ ကျွန်တော်စုံ စမ်း ကြည့်သလောက် သန်လျင်မြို့မှာ မြဟံသာ ရုပ်ရှင်ရုံ မပြနိုင်တာ ၁ဝနှစ် ရှိနေပြီလို့ သိရပါတယ်။ စရိတ်စက ကုန်ကျခံပြီး တော့ ရန်ကုန်မြို့ပေါ် ကို တက် ကြည့် ရပါတယ်။ အဲဒီတော့ မြဟံသာ ရုပ်ရှင်ရုံပေါ်ပေါက် လာတာဟာ အနုပညာ မိုးကောင်းကင် အတွက် ကြယ် တစ်ပွင့်ဖြစ်သလို သန်လျင်က မိဘ ပြည်သူ ပရိသတ်တွေ အတွက်လည်း အားကိုးစရာ၊ အပန်းဖြေစရာ လိုအပ်ချက် တစ်ခုကို ဖြည့်ဆည်းပေးနိုင်မယ့် ရုပ်ရှင်ရုံကြီး တစ်ခုပေါ်ပေါက်လာ တာ ဖြစ်တယ်လို့ ယုံကြည်ပါ တယ်”လို့ ပြောပြခဲ့ပါတယ်။
ထက်လူ
Source:popularmyanmar.com
0 comments:
Post a Comment