၁၈ နှစ်ပြည့်မွေးနေ့မှာထွက်ရှိမယ့် ဟန်သီရဲ့ MTV အခွေ


အမေရိကမှာ ကျောင်းသွားမတက်ခင် ပရိသတ်တွေကို အမှတ်တရအနေနဲ့ ဖန်တီးပေးထားခဲ့ချင်တာကြောင့် သီချင်းခွေကို စီစဉ်ခြင်းဖြစ်ကြောင်း ဟန်သီကပြောပါတယ်။ အသံနဲ့ပတ်သက်ပြီး လေ့ကျင့်ပြင်ဆင်မှုတွေလည်း လုပ်ဖြစ်ကြောင်းကိုဟန်သီက..
”ဟန်သီအဆိုသင်တန်းကို ဆရာခိုင်မြဲသာဆီမှာ တက်ထားပါတယ်။ ဟန်သီ့အနေနဲ့ကျတော့ အသက်လည်းငယ်သေးတယ်။ အသံက အရင်ကတည်းက ကလေးအ သံဆိုတော့ Sweet  ဖြစ်တဲ့အသံဖြစ်တော့ တချို့သီချင်းပုံစံတွေ ဟန်သီနဲ့သိပ်မလိုက်ဘူး။ အသံကို တော်တော်ကျင့်ထားရတယ်။ တေးရေးဆရာတွေကလည်း ဟန်သီ့ ကို တော်တော်လေးဝိုင်းကူပြီး သင်ပေးတော့မဆိုးဘူး။ အခြေအနေတွေ တော်တော်လေးတိုးတက်လာပါတယ်” လို့ ပြောပါတယ်။
ဒီအခွေမှာသီချင်း ၇ ပုဒ်၊ ၈ ပုဒ်ခန့် ပါဝင် မှာ ဖြစ်ပြီး MTV ပါ တစ်ခါတည်းရိုက်ကူးကာ ဇူလိုင်လ၂၅ ရက်နေ့မှာကျရောက်မယ့် ဟန်သီရဲ့ ၁၈ နှစ်ပြည့်မွေးနေ့မှာ ထွက်ရှိနိုင်ဖို့အတွက် စီစဉ်နေကြောင်းကို ဟန်သီက’ ‘MTV အကုန်လုံးက ဟန်သီ့ ရဲ့ Own Creationပါပဲ။ ဟန်သီလိုချင်တဲ့ ပုံစံ လေးတွေကို ရိုက်ထားတယ်။ သီချင်းနဲ့လိုက်မယ့် ပုံစံတွေ၊ Story လေးတွေကို ကိုယ့်ဘာသာကိုယ်စဉ်းစားပြီး နောက်မှာလူဘယ်နှယောက်သုံးမယ် ဆိုတာကအစ စဉ်းစားတယ်။ လူ ငယ်တွေဖြ စ်လေ့ ဖြစ်ထရှိတဲ့ပုံစံ၊ လတ်တလောမှာရေပန်းစားမယ့် ခပ်ဆန်းဆန်းလေးတွေကို ရိုက်ထားပါတယ်။ ကိုယ့်မွေးနေ့မှာထွက်တဲ့ အခွေလေးဖြစ်ချင်တယ်။ ဟန်သီရဲ့ အခွေ နာမည်ကလည်း ၁၈လို့ပေးဖြစ်မလားတော့မသိဘူး”လို့ ပြောပါတယ်။ အခုမှသီချင်းစဆိုတာဖြစ်ပေမယ့် အကောင်းဆုံးဖြစ်အောင် ကြိုးစားထားကြောင်းဟန်သီကပြော ပါ တယ်။ ဒီသီချင်းခွေမှာပေါ့ပ်သီချင်း ချိုချိုလေးတွေနဲ့ ရက်ဂေးသီချင်းတွေပါဝင်မှာဖြစ်ပြီး တေးရေးဇဝါ၊ ရွှေဂျော်ဂျော်၊ ဆလိုင်း၊ ဖိုးကာ၊ ဟဲလေးတို့က ရေး သားပေး ထားကြောင်း သိရပါတယ်။ ဟန်သီက သြဂုတ်လကုန် (သို့မဟုတ်) စက်တင်ဘာလဆန်းမှာ အမေရိက က New York Film Academy မှာ သရုပ်ဆောင်မေဂျာကို တစ်နှစ်ကြာသွားရောက်သင်ကြားမှာဖြစ်ပြီး မိခင်ဖြစ်သူကသူနဲ့အတူ ၆ လကြာလိုက် နေပေးမှာဖြစ်ကြောင်း သိရပါတယ်။
ခိုင်ဝေလွင်၊ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment