သူငယ်ချင်း ၃ ယောက် ရှိုးအတွက် တီးဝိုင်းရွေးချယ်နေတဲ့ မေဆွိ



မီမီဝင်းဖေ၊ ရတနာဦးတို့နဲ့ နိုဝင်ဘာလမှာ ရှိုးပွဲပြုလုပ်မယ့် မေဆွိကသူတို့ ၃ ဦးရဲ့ ရှိုးအနေနဲ့ ပွင့်လင်းရာသီမှာ ပထမဦးဆုံးကျင်းပနိုင်မယ့် ရှိုးဖြစ်ဖို့စီစဉ်နေကြောင်းပြော ပါတယ်။ ဒီရှိုးပွဲကိုတော့ ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ကျင်းပဖို့ စီစဉ်ထားပြီး သူတို့ ၃ယောက်အနေနဲ့ ဘယ်လိုတွေတင်ဆက်သွားမလဲ ဆို တာကို မေဆွိက..
”ပွင့်လင်းရာသီမှာ ပထမဦးဆုံး ရှိုးဖြစ်အောင်တော့ ကျွန်မတို့စီစဉ်နေပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ပရိသတ်တွေကို ပေးချင်တဲ့ ရသလေးတစ်ခုပေးနိုင်ဖို့ စီစဉ်နေတဲ့ပွဲလေးပါ။ ၃ ယောက်စလုံး ဒီပွဲမှာဖျော်ဖြေတဲ့ အခါမှာ တစ်ယောက်နဲ့တစ်ယောက်က အင်္ကျီလဲဖို့ဆင်းသွားတာမျိုးတို့၊ စင်ပေါ်မှာတစ်ယောက်တည်းဖျော်ဖြေနေတာမျိုးတို့ကို သိပ်မ လုပ်တော့ဘဲနဲ့ ကျွန်မတို့ ၃ယောက်စလုံးဟာ စတိတ်ပေါ်မှာရှိနေအောင် ဖန်တီးမယ်လို့ စိတ်ကူး ထားတယ်။ သဘောအားဖြင့် ကျွန်မတို့က နိုင်ငံခြားမှာရိုက်ကူးထားတဲ့ ဒီဗီဒီလည်းရှိတဲ့အခါကျတော့ ဒီဟာလေးတွေက ဘယ်နားမှာရိုက်ခဲ့တယ်၊ ဒီရဲ့အကြောင်းလေးတွေနည်းနည်းပြောမယ်။ သီချင်းလေးတွေဆိုမယ်။ အဲဒီလို မျိုး အကြောင်းေ လးတွေလုပ်ဖို့တော့ စိတ်ကူးထားတယ်” လို့ ပြောပါတယ်။
ဆက်လက်ပြီး မေဆွိက အဲဒီရှိုးပွဲအတွက် တီးခတ်မယ့်တေးဂီတဝိုင်း ကိုတော့ အတိအကျမရွေးချယ်ရသေးပေမယ့် မိမိတို့သီချင်းပုံစံနဲ့ ကိုယ်လို ချင်တာကို အချိန်ပေးပြီး တိုက်နိုင်တဲ့ တေးဂီတဝိုင်းကို ရွေး ချယ်သွားမှာ ဖြစ်ကြောင်း ဆိုပါတယ်။ သူ့အတွက်ကတော့ ပရိသတ်နဲ့ ပြန်လည်ထိတွေ့ နေပေမယ့် မီမီဝင်းဖေနဲ့ ရတနာဦးတို့အ တွက် ကတော့ ဒီပွဲကဝေးကွာနေတဲ့ပရိသတ်နဲ့ ပြန်လည်ဆုံတွေ့ရမယ့်ပွဲဖြစ်ကြောင်းကို မေဆွိက..
”တကယ်တမ်းက ကျွန်မတို့ ၃ ယောက်စလုံး နိုင်ငံခြား မှာရောက်နေတဲ့ အချိန်ထွက်တဲ့စီးရီးလေးပါ။ ‘အဝေးတစ်နေရာ’ဆိုတဲ့ နာမည်နဲ့လည်း ကိုက် တဲ့သဘော မျိုးပေါ့ေ နာ်။ ရတနာဦးနဲ့ပတ်သက်ပြီး ဒီပွဲ လေးကို လုပ်ဖြစ်ဖို့ ကျွန်မတို့ အခွင့်အလမ်းလေးတစ်ခုရခဲ့တယ်။ ကျွန်မတို့ ဒီမှာမရှိလို့ သီချင်းကလူတွေကြားမှာ သိပ်ပြီးတော့ပေါ က်ပေါက် မြောက်မြောက်မရှိခဲ့ပေမယ့် သီချင်းတွေရဲ့ ပုံစံ၊ သဘော၊ သဘာဝအကုန်လုံးကို သဘောကျတယ်လေ။ အဲဒီဟာလေးကို ၃ ယောက်စ လုံးပြန် ရောက် တဲ့အချိန် မှာချပြရင်းနဲ့ အဲဒီအထဲက သီချင်းလေးတွေလည်းဆိုမယ်၊ ရတနာဦး အနေနဲ့ သူအောင်မြင်ခဲ့တဲ့ သီချင်းလေး တွေကိုလည်း ဆိုပြမယ်။ မီမီ့အနေနဲ့ လည်း သူအောင်မြင် ခဲ့တဲ့ သီချင်း တွေကို ဆိုစရာရှိတယ်။ ဒီကြားထဲ မှာ ကျွန်မတစ်ယောက်တည်းသာ ပွဲတော်တော်များများကို ဆိုဖြစ်တဲ့ အတွက် သူတို့ ၂ယောက်ကို မကြည့် ရတာကြာတဲ့ ပရိသတ်တွေကတော့ ဒီပွဲလေးက ကောင်းတဲ့ပွဲလေးဖြစ် လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။ မိုးရာသီဖြစ်တဲ့အတွက် အဆိုတော်တွေအနေနဲ့ အသံသွင်းရင်း စတူဒီယိုထဲမှာပဲ အချိန်ကုန်ဖြစ်ကြတဲ့ ငယ်စဉ်က အဆိုတော်ဘဝကို သတိရမိကြောင်းပြောတဲ့ မေဆွိကအခုအချိန်မှာလည်း သီချင်းသစ်တွေအတွက် အသံသွင်းဖို့ စဉ်း စားနေကြောင်း ပြောပါတယ်။ မေဆွိရဲ့ လတ်တလောလှုပ်ရှားမှုတွေကတော့”လောလောဆယ်မှာ တော့ ရှိုးပွဲလေးတွေဆိုဖြစ် တယ်။ အိပ်မက်ဆုံရာရဲ့ ရာသက်ပန်မှာ Grand Final အထိတာဝန်ယူပါမယ်”လို့ မေဆွိ က ပြောပြခဲ့ပါတယ်။
မျိုးမောင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment