ဒေါ်အောင်ဆန်းစုကြည် ရဲ့ တရုတ်ပြည်သွား ခရီးစဉ် အကြောင်း စိတ်ဝင်စားတဲ့ အနုပညာရှင်များ


ဝိုင်း
အခု လတ်တလော နိုင်ငံရေး မှာ ဒေါ်စုရဲ့ တရုတ်ပြည် ခရီးစဉ်ကို ကျွန်တော် ပြည်သူ တစ်ယောက် အနေနဲ့ စိတ်ဝင် စားတာ အမှန်ပဲ။ တိုက်တိုက် ဆိုင်ဆိုင် အခု ဒီမှာ လူ ငယ် ဘောလုံးပြိုင်ပွဲလည်း ရှိတော့ ဒီကိစ္စကိုပဲ စိတ်ဝင်စားကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒီခရီးစဉ်ဟာ ကျွန် တော်တို့ တိုင်းပြည် အတွက် အကျိုး ရှိစေမယ့် ခရီးစဉ် တစ်ခုဖြစ်မှာ ကျိန်း သေပါတယ်။ ဘာလို့လဲ ဆိုတော့ ဒေါ်စုဟာ တိုင်းပြည် အကျိုးယုတ် စေမယ့် ကိစ္စ ဘယ်သော အခါမှလုပ် မှာ မဟုတ်ဘူး ဆိုတာကို ယုံကြည် လို့ပဲ။
ဒီခရီးစဉ်မှာ အများဆုံး စိတ်ဝင်စားတဲ့ ကိစ္စက မြစ်ဆုံ စီမံကိန်း ကိစ္စပါ။ ခုလောလောဆယ် ဒီကိစ္စ က ဒေါ်စုနဲ့ မပတ်သက်ပေမယ့် အကယ်၍ ၂ဝ၁၅ မှာ ဒေါ်စုဘက် က နိုင် ပြီး သမ္မတ ဖြစ်လာခဲ့ရင် ကျိန်း သေ ကိုင်တွယ် ဖြေရှင်းရမယ့် ကိစ္စပဲ။ ခု လတ်တလောတော့ သမ္မတကြီး ရှိနေတော့ သူ နဲ့ပိုပြီး သက်ဆိုင်တယ်။ သူ့မှာပဲ တာဝန် ရှိတယ်။ ဒီကိစ္စ က မြန်မာပြည် အတွက် သိပ်အရေး ကြီးတဲ့ ကိစ္စတစ်ခုမို့ ဒေါ်စု စကား ပြောခဲ့မယ် လို့ ယုံကြည်ပါတယ်။
ဒီမြစ်ဆုံဟာ ကျွန်တော်တို့ တိုင်းပြည် အတွက် အဓိက ပြဿ နာ တစ်ခုပဲ။ ဘယ်သူမှ ဘာမှ မလုပ်ရင် ကျွန်တော် တို့ ပြည်သူတွေ အသက် နဲ့လဲပြီး ဆက်ကာကွယ် ရမှာပဲ။
ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ထုတ် ပြန်မယ့်အကြောင်းကိုလည်း စိတ် ဝင်စားပြီး စောင့်နေပါတယ်။
ဂုဏ်ရည်အေးကျော်
အခုက ရွေးကောက်ပွဲ ကလည်း နီးလာပြီ။ ပြည်သူ တစ်ယောက် အနေနဲ့ အမေစုနိုင်မလား၊ ရှုံးမလား သိချင်တာတော့ အမှန်ပဲ။ အမေစု ပြောထားတာ ရှိတယ်လေ။ ဒီ လမ်းကြောင်း တစ်ခုလုံးကို ရွေးချယ် ထားတယ်။ သူ့ကို သနားစရာ မလိုဘူး။ သူ့လမ်းကြောင်းကို  ယုံကြည်ရင် လိုက်ခဲ့ဖို့ ပြောတာကို ဂုဏ်ရည် ဖတ်ဖူးတယ်။
အခု အမေရဲ့ တရုတ်ပြည် ပထမခရီးစဉ်ကို စိတ်ဝင်စားကြ တယ်။ ဘာတွေ ဆွေးနွေးခဲ့လဲပေါ့။ ဂုဏ်ရည် ကိုယ်တိုင် မြစ်ဆုံ စီမံကိန်း ကို စိတ်ဝင်စားတယ်။ ဒီကိစ္စ က ပြည်သူတွေ ဘယ်လောက် အတိုက်အခံပြုခဲ့ ရသလဲ ဆိုတာဖေ့စ်ဘွတ်ခ် ပေါ်မှာရော အပြင်မှာ ရောဆန္ဒတွေ ပြခဲ့တာ။ အမေစု သိပါတယ်။
တကယ်လို့များ ဒီကိစ္စကို အမေစု ကပြောခဲ့ရင် အောင်မြင် ခဲ့မယ်ဆိုရင် ဘယ်လောက်ကောင်း မလဲ။ အမေစု ပြောခဲ့မှာတော့ သေချာမှာပါ။ ဒီကိစ္စက တိုင်းပြည် ရဲ့အနာဂတ် နဲ့ သက်ဆိုင်တာကိုး။ ဒါပေမဲ့ အစိုးရ နဲ့ တရုတ်တွေကြား မှာ ဘယ်လို ကတိတွေ ဥပဒေတွေ ရှိလဲ မသိဘူးလေ။
တို့ နိုင်ငံကောင်းဖို့ တစ်ဦးချင်းစီ မှာ တာဝန်ရှိတယ်။ ကိုယ်တိုင်က မပြောင်းလဲဘူး။ ကောင်းအောင် မနေဘူး။ မပါဝင်ဘူး ဆိုရင် ဘယ်အရာက ကောင်းလာ မှာလဲ။ အဲဒါကြောင့် တစ်ယောက် နဲ့တစ်ယောက် အပြစ်တင်ပြောနေမယ့် အစား ဘယ် အကြောင်းအရာ မဆို ဆွေးနွေးတိုင်ပင်ပြီး လုပ်ဆောင် ကြမယ် ဆိုရင် အောင်မြင်မယ် ဆို တာ သေချာပါတယ်။
ထားထက်ထက်
နိုင်ငံရေး နဲ့ပတ်သက်ပြီး အကျွမ်းတဝင် မသိပေမယ့် အခုအမေစုရဲ့ တရုတ်ပြည် ခရီးစဉ်ကိုတော့ စိတ်ဝင် စားမိတယ်။ နိုင်ငံတွေ အများကြီးကို ရောက်ဖူးတဲ့ အမေ အခုမှ တို့နိုင်ငံ နဲ့ အနီးစပ်ဆုံး နိုင်ငံကို ပထမဆုံး သွားခွင့်ရတယ်။ ဒီခရီးစဉ်မှာ အမေစုက မြန်မာနိုင်ငံနဲ့  မြန်မာလူမျိုးတွေ အတွက် အကောင်းဆုံးတွေပဲ သူလုပ်ခဲ့မှာပဲ။ သူ များတော့ မသိဘူး ထားထက်ထက်က မြစ်ဆုံစီမံကိန်းကို စိတ်အဝင်စားဆုံးပဲ။ ဒီကိစ္စ အမေပြောခဲ့ရင် ကောင်းမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒါကချင် တိုင်းရင်းသားတွေ အတွ က် တန်ဖိုးထားရတဲ့ သဘာဝ အလှ တရားတစ်ခု ဖြစ်သလို မြန်မာနိုင်ငံအတွက် တန်ဖိုးဖြတ် မရတဲ့ ရတနာ တစ်ခုပဲလေ။
ငြိမ်းချမ်းရေး ပန်းခင်းစကား တစ်ခုလည်း သူပြောခဲ့မှာပါ။ နောက်တစ်ခု က ရွေးကောက်ပွဲ က တအားကို နီးသထက် နီးလာပြီ။ ဒါကြောင့် ပြည်သူတွေ က နိုင် ငံခေါင်းဆောင်တွေ ကို မျက်စိဒေါက်ထောက် ကြည့်နေမှာပဲ။ သူတို့ လုပ်ရပ်တိုင်း ကို စိတ်ဝင်စားမှာပဲ။ အမေစုရဲ့ တရုတ်ပြည် ခရီးစဉ်မှာ မြန်မာနိုင်ငံ အတွက် အကောင်း ဆုံးတွေပဲ လုပ်လာခဲ့မှာ ယုံကြည်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်စုက ဗိုလ်ချုပ် ရဲ့သမီးဖြစ်သလို တိုင်းပြည် နဲ့ပြည်သူကို တန်ဖိုးထားတဲ့ ခေါင်းဆောင် မို့လို့ပါပဲ။
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment