မဲဇာချောင်း ရေကြီးမှုကြောင့် ညောင်တုန်းတံတားရေနှင့် အတူမျောပါ


စစ်ကိုင်း ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ကသာ ခရိုင် ဗန်းမောက်မြို့နယ်မှ စတင် စီးဆင်းလာသော မဲဇာချောင်းမှာ ဇွန် ၁၃ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေကြီးပြီး ညောင်တုန်းရွာရှိ သစ်သားတံတား တစ်စင်း ချောင်းရေထဲ မျောပါသွား ခဲ့ကြောင်း သိရသည်။

ဇွန် ၁၃ ရက်က မိုးသည်းထန် စွာ ရွာသွန်းမှုကြောင့် မဲဇာချောင်း ရေကြီးပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေ ကျပ်သိန်း ၅ဝ၊ ပြည်သူများ၏ထည့်ဝင် ငွေတို့ဖြင့် တည်ဆောက်ထားသော အင်းတော်မြို့နယ် မန်လည်အုပ်စု ဝါးဖြူတောင်ကျေးရွာနှင့် ညောင်တုန်း ရွာကြားရှိ မဲဇာချောင်းကူး အရှည် ပေ ၄၅ဝ ရှိတံတားမှာ မျောပါပျက်စီး သွားခဲ့သည်။

အင်းတော်မြို့နယ်အတွင်းရှိ ချောင်းကူးတံတားများကို အလှည့်ကျ ရေကင်းများချထားပြီး စောင့်ကြည့် လျက်ရှိရာ အဆိုပါတံတားမှာ အခန်း ၁၃ ခန်းရှိပြီး ခြောက်ခန်းမှာ ရေဖြင့်မျောပါသွားရာ တစ်တွဲမှာ တံတားအောက် ပင်သချေရွာတွင် ပြန်လည်ဆယ်ယူရရှိပြီး နှစ်တွဲမှာ လောင်စုကျေးရွာတွင် ပြန်လည် ဆယ်ယူရရှိခဲ့ကြောင်း၊ ကျန်သုံးတွဲကို စက်လှေဖြင့် လိုက်လံရှာဖွေလျက် ရှိပြီး လူ၊ကျွဲ၊ နွား၊ တိရစ္ဆာန် ထိခိုက်ပျက်စီးပျောက်ဆုံးမှုမရှိကြောင်း သိရ သည်။

ကိုနိုင်( အင်းတော်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment