ဗန်းမောက်မြို့နယ် အရှေ့ကုန်းကျေးရွာတွင် ရေကြီးရေလျှံမှုဖြစ်ပွား


ဗန်းမောက် ဇွန် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက် မြို့နယ် မံအင်-မင်းကုန်းကျေးရွာ အုပ်စု အရှေ့ကုန်းကျေးရွာတွင် ဇွန် ၁၂ ရက် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ရွာသွန်းခဲ့သော မိုးကြောင့် ချောင်းကြီးချောင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။

အဆိုပါ မိုးရွာသွန်းမှုကြောင့် နန့်ကဆားချောင်း၊ ကတောင်ချောင်း၊ ချောင်းဆုံချောင်း၊ ကျွဲကောချောင်း၊ သဖန်းချောင်း၊ ပါထွန်ချောင်း၊ ကျောက်ဆည်ချောင်းတို့သည် ချောင်း ကြီးချောင်းအတွင်းသို့စီးဝင်မှုကြောင့် ချောင်းကြီးချောင်းမှာ ညနေ ၃ နာရီမှ စ၍ရေများတက်လာကာ သရက်ကုန်း ကူးဆိပ်ဈေးတန်းနှင့် နောင်ယော ဈေးတန်းလူနေအိမ်များ ရေနစ်ခဲ့ သည်။

သရက်ကုန်း ကူးဆိပ်ဈေးတန်း ကူးတို့စက်လှေဂိတ်မှ စက်တပ်မော် တော်ယာဉ်တစ်စင်း ရေစီးထဲမျောပါခဲ့ သော်လည်း ပြန်လည်ဆယ်ယူနိုင်ခဲ့ ကြောင်း၊ သရက်ကုန်းရွာ ကူးဆိပ်ဈေး တန်း လူနေအိမ် ၃ဝ ခန့် ရေနစ်မှု ကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ ရကြောင်း၊ အရှေ့ကုန်းရွာ နောင်ယော ဈေးတန်းရှိ ဈေးဆိုင်တန်းနှင့် လူနေအိမ်အလုံး ၁ဝဝ ခန့် ရေနစ် ခဲ့သော်လည်း ထိခိုက်ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း၊ အဆိုပါ ချောင်းကြီးချောင်းရေမှာ တရိပ်ရိပ် တက်လာပြီး ဇွန် ၁၃ ရက် နံနက် ၃ နာရီခန့်တွင် ချောင်းရေများပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။

အဆိုပါ ရေကြီးရေလျှံမှုဖြစ်ရာ နေရာများသို့ အရှေ့ကုန်းကျေးရွာ ရာအိမ်မှူး ဦးထွန်းအောင်နှင့် ကျေးရွာအထောက်အကူပြုကော်မတီ ဝင်များ၊ သရက်ကုန်းကူးဆိပ်ရွာ ဈေးတန်းလူငယ်အဖွဲ့၊ ဦးနိုင်ဦးနှင့် အဖွဲ့၊ ဒေသအရန်မီးသတ်တပ်ဖွဲ့ဝင် များ၊ အရှေ့ကုန်းရွာ ရပ်မိရပ်ဖ ဦးလှဖေဦးဆောင်သောအဖွဲ့များမှ ကယ်ဆယ်ရေးလုပ်ငန်းများ၊ နေရာ ပြန်လည်ချပေးရေးလုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြကြောင်းနှင့် ဇွန် ၁၂ရက် တစ်ရက်တာ စက်လှေ ကူးတို့ ဖြတ်သန်းသွားလာမှုရပ်ဆိုင်းခဲ့ရပြီး ဇွန် ၁၃ ရက် နံနက် ၈ နာရီမှ စတင်ကာ စက်လှေခရီးစဉ်များကို ပြန်လည်ပြေးဆွဲခဲ့ကြောင်း သိရ သည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment