
နေတိုးက ပြင်ဦးလွင်မှာ ဇာတ်ကားလေးကား ရိုက်ကူးခဲ့ပြီး နောက် ဆုံးဇာတ် ကားဖြစ်တဲ့ ‘ဗီးနပ်လုပွဲ’ဇာတ်ကားမှာ ဆိုင်ကယ်စတန့် ဇာတ်ဝင်ခန်းတွေ ပါတဲ့အတွက်ရိုက် ကူးမှုပိုင်း မှာလည်း ခက်ခဲပြီး အန္တရာယ် တွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။ ဒီဇာတ်ကားက အန္တရာယ်များတဲ့အတွက် ပရိသတ်တွေကလည်း စိုးရိမ်ပူပန်ခဲ့ကြရပါ တယ်။ နေတိုးအနေနဲ့ကလည်း စိတ်ပူပန်ပေးခဲ့ကြတဲ့ ပရိသတ်တွေကိုတအားကျေးဇူးတင်ရှိပြီး ရိုက်ကူးရေးနဲ့ပတ်သက်ပြီးဘာဒဏ်ရာမှ ရရှိခဲ့တာမျိုးမရှိပါဘူး လို့ ပြော ပါ တယ်။
”ပြင်ဦးလွင်မှာ ကျွန်တော် တစ်လကျော် လောက်နေပြီး ဇာတ်ကား ၄ကားလောက် ရိုက်ခဲ့တယ်။ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ရိုက်ခဲ့တယ်။ ဇာတ်အစုံလေးတွေ ရိုက် ထားတယ်။ ကျွန်တော်တို့ နောက်ဆုံးရိုက်ခဲ့တဲ့ ‘ဗီးနပ်လုပွဲ’ ဇာတ်ကားမှာ ဆိုင်ကယ်စတန့်တွေပါတဲ့ ဇာတ်ဝင်ခန်းလေးပါတယ်။ အဲဒီမှာဖြစ်တာက ကျွန်တော်ဖြစ် တာလည်း မဟုတ် ဘူး။ စတန့်လုပ်တဲ့သူဖြစ်တာလည်းမဟုတ်ဘူး။ ဇာတ်သိမ်းလေးမှာ ဇာတ်ပို့သရုပ်ဆောင်တစ် ယောက် စလစ်ဖြစ်သွားတဲ့သဘောပါပဲ။ တအားကြီြး ပင်းပြင်း ထန် ထန် ဖြစ်တာမျိုး မဟုတ်ပါဘူး။ ဒဏ်ရာရတာမျိုးလည်းမရှိပါဘူး။ အဓိကကတော့ ဒီဇာတ်ကားကိုမရိုက်ခင် ကတည်းက အန္တရာယ်များတယ်ဆိုပြီး အွန် လိုင်းပေါ် မှာ ပြောခဲ့ဖူးတယ်။ အန္တရာယ်လည်းများပြီး တကယ်ကိုခက်ခက်ခဲခဲရိုက်ယူရတဲ့ ဇာတ်ကားတစ်ကားပါ။ ကျွန်တော်တို့ဆီမှာ တကယ့် Professional စ တန့်တွေ ကလည်း မရှိဘူး။ ရှားပါတယ်။ ဗီဒီယိုဈေးကွက်အရ အံဝင်ခွင်ကျ ဖြစ်အောင်နဲ့ ပရိသတ်ရဲ့ စောင့်ရကျိုးနပ်မယ့် ကားတစ်ကားဖြစ်အောင် လုပ်ထားတယ်။ လုပ်လို့ရတဲ့ ဘောင်ထဲမှာ အစွမ်းကုန်ကြိုးစားပြီး လုပ်ထားပါတယ်။ အဓိကကတော့ ပရိသတ်က စိတ်ပူတာ ကတော့ရှိတယ်။ ကိုယ်ချစ်တဲ့၊ အားပေးတဲ့ အနုပညာ ရှင်တစ်ယောက် ထိခိုက်သွားမှာကို စိုးရိမ်သွားတဲ့ စိတ်တွေ ရှိတယ်။ အဲဒီအပေါ်မှာလည်း ကျွန်တော့်ကိုဂရုတစိုက်နဲ့ စောင့်ကြည့်ပေးခဲ့တယ်။

ရိုက်နေတဲ့အချိန်မှာလည်း တကယ်ကို အန္တရာယ် ကင်းအောင်ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်”လို့ နေတိုးကပြော ပါတယ်။ သရုပ်ဆောင်တစ်ယောက်ရဲ့ ရပ်တည်မှုကပရိသတ်ရဲ့အားပေးမှုရာခိုင်နှုန်း တော်တော်များများပါတာကြောင့် အနီးစပ်ဆုံးတော့ ပရိသတ်ကြိုက်နိုင်မယ့် ဇာတ်တွေကိုပဲဦး စားပေးစဉ်းစားရိုက်ကူးသွားမယ်လို့ နေတိုးကပြောပါတယ်။
”ကျွန်တော်တို့သရုပ်ဆောင် တစ်ယောက်ရဲ့ ရပ်တည်မှုတော်တော်များများက ပရိသတ်ကြိုက်တဲ့ ဇာတ်ဖရိန်ပေါ်မှာ မူတည်ပါတယ်။ ပရိသတ်ကတော့ ကောင်းအောင် လုပ်ထားရင်တော့ ကြိုက်ကြတာပဲလေ။ ဒါကိုမှ ရာခိုင်နှုန်းတော်တော်များများ၊ အများအားဖြင့် လူတန်းစား မျိုးစုံ ကြိုက်နိုင်မယ့်ဇာတ်လမ်း၊ သဘာဝနဲ့ နီးစပ်တဲ့ ဇာတ် လမ်းမျိုးသာလျှင် ပရိသတ်ကတကယ့်ဘဝထဲကိုခံစားပြီး ကြည့်လို့ရမှာလေ။ အဲဒါကြောင့် သဘာဝနဲ့နီးစပ်တဲ့ ဇာတ်လမ်းမျိုးကိုလည်းဦးစားပေးပြီး ရိုက်ထားတယ်။ နောက် တစ်ခုက ဖန်တီးမှုကိုဦးစားပေးပြီးတော့ တွေး ခေါ်ယူဆမှုတွေနဲ့ အိပ်မက်ဆန်ဆန်၊ ဒဏ္ဍာရီဆန်ဆန် ဇာတ်လမ်းမျိုးတွေလည်း ရိုက်ထားပါတယ်။ ပရိသတ် အကြိုက်နဲ့ ကိုယ့်အကြိုက် ထပ်တူကျနိုင်အောင်တော့ အထူးဦးစားပေး ရိုက်ဖြစ်တယ်။ ဒီနှစ်ထဲမှာတော့ ‘ရွှေဒင်္ဂါး ကို ထွေခင်းကစားမယ်’ရုပ်ရှင်ဇာတ်ကားကြီး တစ် ကားတော့ ရိုက်ထားတယ်။ နောက်ထပ်ကားကြီးတွေ ထပ်ရိုက်ဖို့လည်း ရှိပါသေးတယ်။ ဇာတ်လမ်းပုံစံမှာရာခိုင်နှုန်း တော်တော်များများကို ကျွန်တော်အရင်ကျန်ခဲ့တဲ့ ၂ဝ၁၃၊ ၂ဝ၁၄ တုန်းက ဆိုရင်ရိုက်ကူးရေးနဲ့ ပတ်သက်ပြီးတင်ပြပုံမြင့်တဲ့ ဇာတ်လေးတွေရိုက်ခဲ့တယ်။ အခုနောက်ပိုင်းမှာလည်း ပရိသတ်တွေအတွက် အသစ်အ ဆန်း ဖြစ်ေ စမယ့် ဇာတ် မျိုး၊ ပရိသတ်ကြိုက်နှစ်သက်ပြီး အားပေးလက်ခံမယ့်ဇာတ်တွေကို ဦးစားပေးပြီးရိုက်ကူးသွားပါမယ်”လို့ နေတိုးက ထပ်လောင်းပြောပြခဲ့ပါတယ်။
လွင်လွင်ထွန်း
Sourcaepopularmyanmar.com
Sourcaepopularmyanmar.com
0 comments:
Post a Comment