မက်ဒရစ်- စပိန်နိုင်ငံမှာ နှစ်စဉ်ပပြုလုပ် တဲ့ ရိုးရာပွဲတစ်ပွဲဖြစ်ပါတယ်။ နူEl Cola-cho လို့ခေါ်တဲ့ ကလေးခုန်ကျော်တဲ့ ရိုး ရာကို စပိန်မှာ ၁၆၂ဝ ခုနှစ်လောက်ကစ တင်ပြီး ကျင်းပခဲ့ကြပါတယ်။
အခုရိုးရာပွဲ ဖြစ်ပေါ်လာပုံမူ လအရင်းအမြစ်ကို အတိအကျမသိရှိကြ ပေမယ့် တစ်နှစ်အောက်ကလေးငယ်တွေ ကို အခုလို မကောင်းဆိုးဝါးဝတ်စုံ ဝတ် ဆင်ပြီး ခုန်ကျော်ခြင်းက ကလေးငယ်တွေ ရဲ့ ဘဝတစ်လျှောက်ကို ဘေးကင်းလုံခြုံ စေပြီး အဖျားအနာကင်းသလို မကောင်း ဆိုးဝါးကပ်ခြင်းကလဲ ကင်းဝေးစေတယ် လို့ ယုံကြည်ကြပါတယ်။
စပိန်မှာ အခုလို ကလေးခုန် ကျော်ရိုးရာပွဲကို တစ်နှစ်တစ်ကြိမ် သီတင်း တစ်ပတ်ကြာ ကျင်းပလေ့ရှိပါတယ်။ ရိုးရာ ပွဲကို ပါဝင်ဆင်နွှဲသူများကတော့ အဝါ ရောင်နဲ့ အနီရောင်စပ်ထားတဲ့ မကောင်း ဆိုးဝါးဝတ်စုံကို ဝတ်ဆင်ကြပြီး လက်ထဲ မှာ ကြာပွတ်တစ်ချောင်းကိုလဲ ကိုင်ဆောင် ကြရပါတယ်။
#TheFlowerNews

0 comments:
Post a Comment