သိမ်းယူခဲ့သော ရှေးဟောင်းပစ္စည်းများကို ရောင်းချရန် ISIS အဖွဲ့က Facebook တွင်ဖော်ပြခဲ့ရာ ဖြုတ်ချခံရ


လန်ဒန် ၊ ၁၄-၆-၂၀၁၅

ISIS စစ်သွေးကြွ များသည် ၄င်းတို့ သိမ်းပိုက်ခဲ့သည့် ဒေသများမှ သိမ်းယူခဲ့သော ရှေးဟောင်းရှားပါး ပစ္စည်းများကို ရောင်းချနိုင်ရန် အတွက် ဖေ့စ်ဘွတ် ပေါ်တွင် ဖော်ပြခဲ့ရာ ၄င်းတို့၏ စာမျက်နှာကို ဖေ့စ်ဘွတ် ဝက်ဘ်ဆိုက် က ဖြုတ်ချ ခဲ့သည်ဟု ဗြိတိန် သတင်းဌာန တစ်ခုက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

ISIS စစ်သွေးကြွ အဖွဲ့က ဖော်ပြခဲ့သော ဖေ့စ်ဘွတ် စာမျက်နှာတွင် ရှေးဟောင်း ရွှေစင်ရုပ်တုများ၊ ဟီဘရူး နှင့် အာရမစ် ဘာသာ စကားဖြင့် ရေးသားထားသည့် ပုရပိုက်များ၊ ကဗ္ပည်းရေးထိုး ထားသော ရှားပါး ကျောက်တိုင်များ၊ ရှေးခေတ် သုံးငွေဒင်္ဂါးများ ပါဝင်ကြောင်း ဒေးလီး မေးလ် သတင်းဌာန က ဖော်ပြခဲ့သည်။

ISIS စစ်သွေးကြွ များသည် အဆိုပါ ရှေးဟောင်း ပစ္စည်းများကို ဆီးရီးယား နိုင်ငံအတွင်းမှ သိမ်းဆည်းရမိ ခဲ့ဖွယ်ရှိကြောင်း သိရသည်။

ရှေးဟောင်းပစ္စည်း များအနက် အချို့မှာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁ဝဝဝဝ ကျော်ခန့် ရှိပြီး ISIS စစ်သွေးကြွ များက ယင်းပစ္စည်း များအား အမေရိကန် ဒေါ်လာ တစ်သန်း နီးပါးဖြင့် ရောင်းချရန် ကြိုးပမ်းလျက် ရှိကြောင်း ဖော်ပြချက်များ အရ သိရသည်။

#PyiChitThar
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment