သင့်ခြေထောက် ပုံသဏ္ဍာန်က ပြောပြပေးမယ့် သင့်အကြောင်း





သင့်ခြေထောက်ပုံသဏ္ဍာန်နဲ့ သင့်စိတ်နေစိတ်ထား ပတ်သက်ဆက်နွယ်မှုရှိနေတယ်လို့ ပြောရင် နည်းနည်းထူးဆန်းသွားမလား။ ခုပြောပြပေးမယ့်အကြောင်းအရာက နောက်ဆုံးလေ့လာတွေ့ရှိချက် တစ်ခု လည်း ဖြစ်ပါတယ်။ ခြေထောက် ပိုင်ရှင်တွေကို လေ့လာကြည့်လိုက်တော့ လေးမျိုးရှိနေတာတွေ့ရပါတယ်။ အဲ့ဒါတွေ ကတော့ တွေ့မြင်နေကျ ခြေထောက်မျိုး ရယ်၊ ခြေညှိုး ပိုရှည်တဲ့ ခြေထောက်မျိုး ရယ်၊ခြေချောင်းတွေ အကုန်ညီပြီး လေးထောင့်ကျတဲ့ ခြေထောက်မျိုးရယ်၊ နောက် ခြေချောင်းတွေကပ်ပြီး ထပ်နေတဲ့ သဘောရှိတဲ့ ခြေထောက်မျိုးရယ် ဆိုပြီးတော့ပါ။ ကဲ ကိုယ့်ခြေထောက်ကို ကိုယ်ငုံ့ကြည့်လိုက်ပြီး သင်ဟာ ဘယ်လိုခြေထောက် ပိုင်ရှင်မျိုး ဖြစ်မလဲ၊ ဘယ်လိုစိတ်ထားရှိမလဲဆိုတာ ဖတ်ကြည့်လိုက်ပါဦး။
၁။တွေ့မြင်နေကျ ခြေထောက်မျိုး
အားလုံးတွေ့မြင်နေကျ ခြေထောက်၊ သိပ်ထူးခြားမှုမရှိတဲ့ ခြေထောက်မျိုးမှာတော့ ခြေချောင်းတွေဟာ အရမ်းကြီးကောက်နေတာမျိုး မရှိသလို၊ အတိုအရှည်ကလည်း ထူးခြားနေတာမျိုး မရှိပါဘူး။ ဒီလိုခြေထောက်ပိုင်ရှင်မျိုးတွေက ဆိုရှယ်ကျကျနေတတ်ပါတယ်။ ပြီးတော့ အသစ်အသစ်သော အရာတွေကိုလည်း စမ်းသပ်ချင် လေ့လာချင်စိတ်ရှိပါတယ်။ ဘယ်လိုနေရာမျိုး နိုင်ငံမျိုးသွားရောက်တဲ့အခါမျိုးဖြစ်ဖြစ် ပျင်းရိမနေပဲ တက်ကြွစွာ သွားလာလှုပ်ရှားတတ်ပါတယ်။ ဒီလိုလူမျိုးတွေက များသောအားဖြင့် ခရီးသွားရတာနှစ်ခြိုက်တဲ့ လူမျိုးတွေလို့ ပြောနိုင်ပါတယ်။
၂။ခြေညှိုးပိုရှည်တဲ့ ခြေထောက်မျိုး (မီးတောက်ပုံရှိနေတဲ့ ခြေထောက်မျိုး
ဒီခြေထောက်ပိုရှင်မျိုးဟာ ခြေညှိုးက ခြေမထက် ပိုရှည်နေတာကို တွေ့ရမှာဖြစ်ပြီး သူ့ကိုပြောပြပေးဖို့ကတော့ သတင်းကောင်းရော အဆိုးပါ ရှိနေပါတယ်။ အဲ့ဒီခြေထောက် ပိုင်ရှင်ဟာ အားကစားဘက်မှာ ထူးချွန်မယ်။ စိတ်အားထက်သန်မှုအပြည့်နဲ့ လုပ်ဆောင်တတ်မယ်။ ပွင့်လင်းတဲ့စိတ်ထားရှိမယ်။ သင့်ရဲ့လုပ်နိုင်ကိုင်နိုင်စွမ်းတွေကြောင့် လူတိုင်းရဲ့ အာရုံစိုက်ခြင်း သဘောကျခြင်းခံရမယ်။  ဆိုးတဲ့အချက်ကတော့ သင်ဟာ စိတ်အားထက်သန်စွာ လုပ်ဆောင်တတ်သလို စိတ်လိုက်မာန်ပါလည်း ပြောဆိုပြုမူတတ်သူဖြစ်ပါတယ်။
၃။လေးထောင့်ကျတဲ့ ခြေထောက်မျိုး
တကယ်လို့ သင်ခြေချောင်းတွေဟာ တစ်ပြေးညီတည်းရှိနေတယ်ဆိုရင် သင်ဟာ လေးထောင့်ကျတဲ့ ခြေထောက်ပိုင်ရှင်မျိုးပါ။ အဲ့ဒီ ခြေထောက်ပိုင်ရှင်တွေဟာ စိတ်ကူးအရမ်းယဉ်တတ်ပါတယ်။ ဘယ်လိုနေရာမျိုး ရောက်နေပါစေ၊ အတွေးထဲအမြဲမျောနေတတ်တာမျိုးပေါ့။ ပြီးရင် စိတ်လည်း အရမ်းပူတတ်သလို အသေးအဖွဲကိစ္စလေးတွေကအစ ထပ်ခါထပ်ခါ စီစစ်နေတာမျိုး၊ ဇီဇာကြောင်သလို လုပ်တတ်တာကြောင့် သူငယ်ချင်းအဖွဲ့ထဲမှာတော့ သင့်ကို အားလုံးရဲ့ အမေနေရာ ပေးထားမှာပါ။
၎။ခြေချောင်းကပ်ပြီး ထပ်နေတဲ့အနေအထားနဲ့ ခြေထောက်မျိုး
ဒီလိုခြေထောက်မျိုး ပိုင်ဆိုင်သူတွေဟာ တစ်သီးတစ်သန့်နေတတ်သူ၊ နည်းနည်းအူကြောင်ကြောင်နိုင်သူတွေလို့ ပြောရပါလိမ့်မယ်။ အဲ့ဒီလူရဲ့ ခြေချောင်းတွေဟာ တစ်ခုနဲ့တစ်ခု အရမ်းကပ်ပြီး ထပ်နေသလို ဖြစ်နေတာမျိုးပေါ့။
Ref:yourtango
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment