စိတ်အပြောင်းအလဲဖြစ်အောင်၊ ပရိသတ်အမြင်ရိုးမသွားအောင် ဆံပင်တိုလေး ညှပ်ပစ်လိုက်ပြီဖြစ်တဲ့ အေးမြတ်သူ


ကားရိုက်ပိုင်းမှာ အနည်းငယ် ကျဲသွားပေမဲ့ အနုပညာလောကထဲမှာ ဖြေးဖြေးနဲ့မှန်မှန်လျှောက်လှမ်းနေတဲ့ အေးမြတ်သူကို သူမရဲ့ ၂၀၁၅ အနုပညာ လှုပ်ရှားမှုတွေနဲ့ သူမရဲ့အိမ်ထောင်ရေးအကြောင်းကိုမေးမြန်းကြည့်မိတဲ့အခါ
"အခုရိုက်နေတဲ့ ကားလေးက အလွမ်း  ၆၀ = တစ်နာရီ ၂၄ နာရီ = ၁ ချစ် တဲ့။ ဒီကားလေးထဲမှာ ကိုရာဇာ၊ အောင်ရဲလင်း၊ မိုးဟေကိုနဲ့ကျွန်တော်နဲ့ပေါ့။ ကားလေးက ဟာသကားလေးပါ။ အေးမြတ်သူက ဒီကားထဲမှာ ရပ်ကွက်ထဲက အပျိုကြီးပေါ့။ နိုင်ငံခြားမှာ ချစ်သူရှိတယ်ဆိုပြီး လူတွေကိုလိုက်ကြွားထားတာ။ တကယ်တော့ မရှိဘူး။ ဂျပန်မှာ ရှိသလိုလို ၊ ကိုရီးယားမှာ ရှိသလို လို နိုင်ငံခြားမှာ တစ်ခုခုဖြစ်ပြီဆို ဟယ်လုပ်ကြပါဦး။ ငါ့ချစ်သူက အဲ့ဒီမှာရှိတာဆိုပြီး over တွေနဲ့သရုပ်ဆောင်ရတဲ့ ကာရိုက်တာမျိုးပေါ့။ ဒီကားလေးက ရိုးရိုးဟာသကားလေးပါပဲ။ ဒါရိုက်တာကလဲ ဦးဇော်ဖြစ်နေတယ်။ ဦးဇော် ကိုယ်တိုင်ကလဲ အရမ်းရယ်ရတဲ့ ဒါရိုက်တာဆိုတော့ ပရိသတ်နဲ့လဲ အဆက်မပြတ်သွားအောင် လက်ခံဖြစ်တာပါ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်က ဟာသနည်းတယ်။ ဟာသလဲ သိပ်မနိုင်ဘူး။ ဒရာမာကတော့ ကျွန်တော်နဲ့ပိုအဆင်ပြေတယ်။ ဒီနှစ်ထဲမှာ ဒီကားကြီးပြီးရင် ၉လပိုင်းမှာ ကားကြီး တစ်ကားရှိမယ်။ မသေချာတော့ သိပ်တော့မပြောချင်သေးဘူး။ ပြောပြီးပျက်သွားတယ်။ ဖြစ်မှာစိုးလို့ပါ။ ဒီနှစ်ထဲမှာ အေးမြတ်သူ ခေါက်ထီးလေးမလုံ့တလုံ ရယ်၊ မအေးပွင့် မြင့်မြင့်စန်း လမ်း သုံးဆယ် အဲ့ဒီကားကြီးနှစ်ကားကို တင်စေချင်တယ်။ ဘာလို့လဲဆိုတော့ အရမ်းဟောင်းသွားမှာ စိုးလို့ပါ။ ဘာလို့လဲဆိုတော့ အဲ့ဒီကားနှစ်ကားမှာ တစ်ကားက အက်ရှင်၊ တစ်ကားကဒရာမာ ဆိုတော့ အဲ့ဒီကားနှစ်ကားက ပရိသတ်အတွက်မတူတဲ့ ရသကို ခံစားရစေမှာပါ။ ဒီနှစ်ထဲမှာ အေးမြတ်သူရဲ့ ကားကြီး ထွက်ဖို့မျှော်လင့်မိတယ်။ ထွက်ရင်လဲ အားပေးပေးပါ။ နောက် ၀ါ၊ စိမ်း၊ နီ ၊ ကမ္ဘာသိမ်းမည်ဆိုတဲ့ဇာတ်လမ်းတွဲ လေးကိုလဲ ထွက်စေချင်ပြီ။ ဒီလတ်တလောမှာ သရုပ်ဆောင်ပိုင်းကိုတော့လုပ်ဖြစ်နေတယ်။ ဒါပေမဲ့ နည်းနည်းတော့ကျဲတယ်။ အားပေးကြပါဦးလို့ပြောချင်တယ်။"လို့ သူမက ပြောပြပေးသွားပါတယ်။
ဆံပင်ပုံစံပြောင်းထားတာနဲ့ပတ်သက်ပြီးတော့လဲ သူမက "ကျွန်တော့်အသက် ၂၉ ၊ ၃၀ ရှိပြီ။ ဒီနှစ်သင်္ကြန် မဟုတ်ဘူး။ ပြီးခဲ့တဲ့နှစ် သင်္ကြန်တုန်းကအေးမြတ်သူအရောင်တွေ ဆိုးတာ မျိုးစုံပဲ ။ အဲ့ဒီမှာ ဆံပင်က ပျက်စီးသွားတော့ လုံးဝ အားမရှိတော့ဘူး။ အဲ့ဒါနဲ့ညှပ်ပစ်ဖို့ စိတ်ကူးပေါက်ပြီး ညှပ်ပစ်လိုက်တာ။ တစ်ခါမှလဲ ဒီလောက်တိုတို မညှပ်ဖူးဘူး။ အေးမြတ်သူ အပျိုဖြစ်ကတည်းကကို ဆံပင်ကို ဒီလောက်တိုတို တစ်ခါမှမညှပ်ဖူးတာ ၆တန်း ၇တန်းကတည်းက မညှပ်တော့တာ။ ဘ၀မှာ ဒီတစ်ခါညှပ်တာ အတိုဆုံးပဲ။ တော်သေးတယ်။ ဒါပေမဲ့အကုန်လုံးကလိုက်တယ်လို့ပြောကြတယ်။ ပုံစံလဲပြောင်းသွားတယ်လို့ပြောကြတော့ သဘောကျတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုကိုယ် အပြောင်းအလဲဖြစ်ချင်တယ်။ ဘာကြောင့်လဲဆိုတော့ ပရိသတ်မြင်ရတာ ရိုးနေပြီကွာ။ ကိုယ့်ကို တစ်ခါလာလဲ ဆံပင်အရှည်၊ အလိန်၊ အကောက်၊ အပြောင်စီး ဒါတွေကြီးပဲ၊ အေးမြတ်သူ ဒီလောကထဲ စ၀င်ကတည်းကဆိုတော့ ဆယ်စုနှစ်တစ်ခုတောင် ရှိခဲ့ပြီ။ ကိုယ့်ကိုကိုယ်လဲ ပရိသတ်ရှေ့မှာ အသစ်တစ်ယောက်လို ပြန်ခံစားရတယ်။ ဒီကားထဲမှာ ကျွန်တော် အပျိုကြီးဆိုတော့ ဒီဆံပင်နဲ့တော့ မရိုက်ဘူး။ ဆံပင်ဆက်မှာပါ။ ဆံပင်အရှည် ဆက်ရိုက်မှာပါ"တဲ့။
 အေးမြတ်သူဟာ ကိုယ်တိုင်နာမည်ကြီး အနုပညာရှင်တစ်ယောက် ဖြစ်ပေမယ့် သူမသဘောကျနေတဲ့ အနုပညာရှင်တွေ ရှိနေဆဲပါ။ အဲ့ဒီအကြောင်း ပြေပြသွားတာက "အိုက်တင်ဆို အမေမွှေးကို အရမ်းသဘောကျတယ်။ အ၀တ်အစားဝတ်ရင် မအူဝဲကို အရမ်းကြိုက်တယ်။ ရုပ်ရှင်ရော အသံရောဆို အမေချိုနဲ့ ထွန်းအိန္ဒြာဗိုကိုကြိုက်ပါတယ်"တဲ့။
အချစ်ရေးကတော့ "အေးမြတ်သူက ၃၀ မှာ အိမ်ထောင်ပြုချင်တာ၊ ဒါပေမဲ့ ဖူးစာကံပါမှဆိုတော့ သိပ်ပြောလို့မရသေးပါဘူး"လို့သူမက ပြောပြခဲ့ပါတယ်။
 Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment