တရုတ်ပြည် အနောက်တောင်ပိုင်းမှာ တည်ဆောက်ဖို့ စီစဉ်လျက်ရှိတဲ့ Titanic ရဲ့ ပုံစံတူ သင်္ဘောတစ်စီးဟာ အလည်အပတ် သွားရောက်သူတွေကို လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်က ယင်း သင်္ဘော နစ်မြုပ်ချိန်တုန်းက အဖြစ်အပျက်ပုံရိပ်တွေကို ပြန်လည် ခံစားစေနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ တည်ဆောက်မယ့် ပုံစံတူ သင်္ဘောသစ်ကို ၁၉၁၁ ခုနှစ်က အတ္တလန်တိတ်သမုဒ္ဒရာထဲ နစ်မြုပ်ခဲ့တဲ့ ဧရာမ သင်္ဘောကြီးနဲ့ အရွယ်အစားအတိုင်း တထေရာတည်း တည်ဆောက်သွားမှာဖြစ်ပါတယ်။
အားလုံးပြီးစီးသွားပြီဆိုတာနဲ့ ယွမ်ငွေ ၁ ဘီလျှံတန် ယင်းပုံစံတူသင်္ဘောကို ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားရာနေရာတစ်ခုအဖြစ် Sichuan ပြည်နယ်မှာ ဆိုက်ကပ် ထားရှိမှာဖြစ်ပါတယ်။
၎င်း Titanic သင်္ဘောသစ်ကြီးအတွင်း အလည်အပတ်ရောက်လာသူတွေ Titanic ရုပ်ရှင်ဇာတ်ကားထဲက ဝတ်လစ်စလစ် Rose တစ်ယောက် Jack မှ ပုံတူဆွဲပေးနေတဲ့ နေရာအခင်းအကျင်းတွေအပြင် Titanic သင်္ဘောကြီး ရေခဲတောင်တိုက်မိတော့ ခရီးသည်တွေ အသက်လုပြေးနေကြချိန် မြင်ကွင်းတွေကိုပါ ပြန်လည် ခံစားနိုင်မှာဖြစ်ပါတယ်။
ဝင်ခွင့် လက်မှတ်နှုန်းထားမှာ ယွမ် ၃၀၀၀ ($484) ကနေ သောင်းချီထိ ရှိပါတယ်။ ဝင်ငွေရဲ့ တစ်စိတ်တစ်ပိုင်းကို Titanic သင်္ဘောနစ်မြုပ် ပျက်စီးမှုမှာ အသက်ပေးခဲ့ရတဲ့ ဝိဥာဉ်တွေ ဂုဏ်ပြုတဲ့အနေနဲ့ ရေတပ် ဘေးဒုက္ခ ကယ်ဆယ်ရေးဆောင်ရွက်မှု ထောက်ပံ့ငွေအဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။
Ref: chinadaily
Source:trend.com.mm

0 comments:
Post a Comment