အသက် ၃၄ နှစ်အရွယ် အမျိုးသမီးတစ်ယောက် နယူးရော့ခ်မှာ တင်ပါးဆေးထိုးပြုပြင်ကုသမှု ခံယူပြီးတဲ့နောက် သေဆုံးသွားခဲ့ပါတယ်။
မေရီလင်းပြည်နယ်နေထိုင်သူ Kelly Mayhew ဆိုသူဟာ ဆေးထိုးကုသမှု ခံယူဖို့ သူမ မိခင်နဲ့အတူ Queens ကို စနေနေ့က သွားရောက်ခဲ့ကြတယ်။ ကုသမှုခံယူနေစဉ် Mayhewဟာ အသက်ရှူ အခက်အခဲဖြစ်ပြီး ဂလုပ်ဂလုပ်မြည်သံတွေဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်မှာတော့ ဆေးထိုးကုသပေးနေတဲ့ အမျိုးသမီးဟာ သူမရဲ့ အိမ်ထဲနေက အလျင်အမြန်ထွက်ပြီး ကားမောင်းထွက်ပြေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အရေးပေါ်ကယ်ဆယ်ရေး ဝန်ထမ်း ၉၁၁ကို ဖုန်းဆက်ခေါ်တော့ Mayhew သတိလစ်နေတာ တွေ့ရပါတယ်။ သူမကို St. John’s Hospital ပို့ပြီး နောက်တော့ သေဆုံးကြောင်း ကြေငြာခဲ့ပါတယ်။ အလောင်းခွဲစိတ်စစ်ဆေးမှု ရလာဒ်အဖြေတော့ ခုထိထွက်မလာသေးပါဘူး။
Mayhew ကို ကုသပေးသူဟာ ဆရာဝန် သို့မဟုတ် ခွင့်ပြုချက် လိုင်စင်ရထားတဲ့ဆေးဝါးကျွမ်းကျင်သူ တစ်ယောက်မဖြစ်နိုင်ကြောင်း နယူးရော့ခ် ရဲတပ်ဖွဲ့ဌာန အကြီးအကဲတွေက ပြောဆိုခဲ့ပါတယ်။
အဲ့ဒီအမျိုးသမီးကို ငှားတဲ့ အခန်းပိုင်ရှင်က အိမ်မြေနီထပ် တံတားဝမှာ အမျိုးသမီးငယ်လေးတွေ ဝင်ထွက်နေတာတွေ့တော့ သံသယဖြစ်ခဲ့လို့ DNAInfo ကို ပြောပြခဲ့တာပါ။
ခန္ဓာကိုယ်ပိုမို လှပကြည့်ကောင်းစေဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတွေ ရှာပြီး ခွဲစိတ်မှု ခံယူလာတဲ့ အမျိုးသမီးတွေ ပိုပိုများလာတာကြောင့် တရားမဝင် တင်ပါးဆေးထိုးပြုပြင်မှုတွေဟာ လွန်ခဲ့တဲ့နှစ်အနည်းကစပြီး အတော်ကို ခတ်စားလာခဲ့ပါတယ်။ ဖေဖော်ဝါရီလတုန်းကလည်း ၃၄ နှစ်အရွယ် Wykesha Reid ဆိုသူဟာ ခွင့်ပြုချက် လိုင်စင်မရှိတဲ့သူဆီမှာ တင်ပါးဆေးထိုးပြုပြင်မှုတွေ လုပ်ပြီးတဲ့နောက် သေဆုံးခဲ့ပါသေးတယ်။
Ref: Cosmo
Source:trend.com.mm

0 comments:
Post a Comment