ပင်လယ်ပြင်သွေးချ င်းချ င်းနီတဲ့ ဖာရိုးကျွ န်းစုက ဝေလငါးသတ်ပွဲ

ပင်လယ်ပြင်သွေးချင်းချင်းနီတဲ့ ဖာရိုးကျွန်းစုက ဝေလငါးသတ်ပွဲ

 ကမ်းခြေမှာဝေလငါးအသေကောင်တွေ စုပုံနေပါတယ်။ လည်ပင်းနဲ့ ခန္ဓာကိုယ်ဘေးဘက်တွေမှာ ခုတ်ထစ်ခံထားရလို့ ပြတ်ရှဒဏ်ရာ ဗရပွဖြစ်နေတာကို မြင်နိုင်ပါတယ်။ စုစုပေါင်း ဝေလငါးကောင်ရေ ၂၅၀ အသတ်ခံခဲ့ရတာဖြစ်ပြီး အနီးပတ်ဝန်းကျင်က ပင်လယ်ပြင်ဟာ သွေးချင်းချင်းနီလျက် တော်တန်ရုံသွေးကောင်းသူအတွက်တောင် ခြောက်ခြားစရာ မြင်ကွင်းကြီးဖြစ်တော့တယ်။


ဝေလငါးသတ်ပွဲကြီးကို ဒိန်းမတ်အပိုင် ဖာရိုးကျွန်းစုမှာ ဇူလိုင် ၂၃ က ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေသအခေါ် Grindadráp ပွဲတော်ဖြစ်ပါတယ်။ Bøur နဲ့ Tórshavn ကမ်းခြေ ၂ ခုမှာ ဝေလငါး ၂၅၀ ကို သတ်ဖြတ်ခဲ့ကြတာပါ။ Grindadráp ဟာ နှစ်စဉ်ပြုလုပ်တဲ့ ရိုးရာပွဲတော်ဖြစ်ပါတယ်။

 ငါးဖမ်းသမားတွေက အမြန်မောင်းဘုတ်တွေနဲ့ ဝေလငါးတွေကို ခြောက်လှန့်ပြီး ကမ်းခြေဘက်ကိုရောက်အောင် မောင်းပါတယ်။ ဝေလငါးတွေ ကမ်းနားနီးလာတဲ့အခါ ကမ်းခြေမှာအသင့်စောင့်နေတဲ့ လူတွေက ဓါးတွေ မှိန်းတွေကိုင်ပြီး ရေထဲကိုပြေဆင်းပါတယ်။ ဘုတ်လှေတွေက အနောက်ကလိုက်လာ ဓါးတွေ မှိန်းတွေကိုင်ထားတဲ့ လူတွေက အရှေ့ပိတ်ထားတော့ လွတ်လမ်းမရှိတော့ဘဲ ထိတ်လန့်နေတဲ့ ဝေလငါးတွေဟာ လက်လျော့လိုက်ပါတော့တယ်။ အဲဒီမှာ သွေးချောင်းစီးတဲ့ သတ်ဖြတ်ပွဲကြီး စပါတော့တယ်။

ဒီ သတ်ပွဲကြီးကို Sea Shepherd ဆိုတဲ့ အန္တဝါဇီဝထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ရုပ်သံမှတ်တမ်း တင်ခဲ့တဲ့အပြင် ဟန့်တားဖို့လည်းကြိုးစားခဲ့ပါသေးတယ်။ ဟန့်တားဖို့ကြိုးစားတဲ့အဖွဲ့ဝင် ၅ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။


ဗီဒီယိုထဲမှာ တချို့တံငါတွေဟာ ဝေလငါးတွေကို သတ်ဖြတ်နေစဉ်မှာ ရယ်ရယ်မောမော စကားပြောနေကြပြီး သူတို့ရဲ့မျက်နှာတွေပေါ်မှာလည်း သွေးတွေနဲ့လိမ်းကျန်ထားသလိုဖြစ်နေတာကို မြင်တွေ့ရပါတယ်။


ဒိန်းမတ်ဟာ ဥရောပသမဂ္ဂ ဝေလငါးမဖမ်းရေးအဖွဲ့ဝင်နိုင်ငံဖြစ်တယ်။ သို့ပေမယ့် ဝေလငါးဖမ်းပွဲ ပြုလုပ်နေချိန်မှာ ဒိန်းမတ်ရေတပ်က ရေယာဉ် ၂ စီး အနီးအပါးမှာရှိနေပြီး Grindadráp ပွဲကို အကာအကွယ်တောင် ပေးခဲ့ကြတယ်လို့ဆိုပါတယ်။


သတ်ဖြတ်ခံ pilots whales တွေဟာ မျိုးတုန်းအန္တရာယ်ကျရောက်နေတဲ့ငါးမျိုးမဟုတ်ပေမယ့် သတ်ဖြတ်ပွဲကြီးရဲ့ လူသားမဆန်မှုကတော့ ထိတ်လန့်ခြောက်ခြားစရာ ဖြစ်ပါတယ်။


News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment