ငဘကားကြီးအတွက် ဆံပင် ထပ်ညှပ်လိုက်ရပြန်တဲ့ အေးမြတ်သူ


၂၀၁၅ ထဲမှာ ရိုက်ကူးခဲ့ရတဲ့ ကားကြီး ၃ကားထဲမှာ အားအရဆုံး နဲ့ အထူးခြားဆုံးကားက လက်ရှိမှာ ရိုက်ကူးနေတဲ့ ငဘ ဇာတ်ကားပါလို့ပြောပြလာတဲ့ အေးမြတ်သူက ငဘဆိုတဲ့ ဇာတ်ကားကြီးထဲမှာ လယ်တောသူမရဲ့ကာရိုက်တာအတွက် ဆံပင်အတိုကို ထပ်ညှပ်လိုက်သလို ဒီကားမှာ ပါဝင်ခွင့်ရတဲ့အတွက် အရမ်းကို ကျေနပ်နေတဲ့အကြောင်း ခုလို ဖွင့်ဟလာပါတယ်။
"ခုရိုက်နေတဲ့ ကားလေးက ငဘတဲ့။ ဒီဝတ္ထုက ၁၉၄၇ ကရေးတာပါ။ လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်လောက်က ရိုက်ထားတဲ့ ကားကို ပြန်ရိုက်တာပါ။ အင်္ဂလိပ်အဆင်း ဂျပန်အတက်ခေတ်ကို ရိုက်ထားတာပေါ့။ ပြောရရင် စစ်တွင်းကာလမှာ တောင်သူလယ်သမားတွေရဲ့ ဘ၀ကိုအခြေခံ ရိုက်ကူးထားတာပါ။ အဖေက လယ်ပိုင်မရှိဘူး။ အငှားလုပ်ရတယ်။ မောင်နှမတွေနဲ့ပေါ့။ စီးပွားရေးက သိပ်မပြေလည်ဘူး။ လယ်လေးလုပ်လိုက် စားလိုက်ပေါ့။ အေးမြတ်သူရဲ့ ကာရိုက်တာက အဲ့ဒီဖက်ခေတ်က လယ်တောသူတွေရဲ ဆင်ယင်ထုံးဖွဲ့မှုကို လေ့လာပြီး အတတ်နိုင်ဆုံး ကြိုးစားထားတာပါ။ အသားတွေ မဲထားတယ်။ အ၀တ်အစားကို အသစ်မဖြစ်အောင် ကြိုတင်ပြင်ဆင်ရပါတယ်။ အနွမ်းတွေကို ရှာပြီး ၀တ်ထားတယ်။ ဆံပင်ပါ ထပ်ညှပ်လိုက်တယ်။ ပြီးရင်တော့ အဆင်ပြေသလိုနေရမှာပေါ့။ ဒီဆံပင်ကို ညှပ်လိုက်တော့ ဘယ်သူမှ မထင်ထားကြဘူး။ အားလုံးက အံ့သြနေကြတယ်။ အကုန်လုံးက သဘောကျနေကြတယ်။ ဒီဆံပင်နဲ့ ဒီကာရိုက်တာနဲ့က အရမ်းကို အဆင်ပြေတယ်။ လိုက်ဖက်တယ်တဲ့။ ဒီကားထဲမှာ အေးမြတ်သူက ဦးကျော်သူရဲ့သမီး၊ မနီပေါ့။ မိဖော့ဆိုတာ  ကမကြီးစိုး အေးမြတ်သူရဲ့အမေပေါ့။ အဖေက လယ်သမားကြီး ၊ ရိုးသားတယ်။ လယ်ပဲ လုပ်စားတတ်တယ်။ အဖေ့ကိုမလိုတဲ့ လူတွေက ချောက်ချခံရတယ်။ အဖေ့ကိုဖမ်းတော့ ကိုယ်က ဗိုလ်ကြီးကိုသွားတောင်းပန် ၊ အဲ့ဒီမှာ စော်ကားခံရတယ်။ အဲ့ဒါကို ကိုယ့်ချစ်သူက သိသွားတယ်။ စိတ်နာပြီးတော်လှန်ရေးသမား ဖြစ်သွားတယ်။ အေးမြတ်သူ ရည်းစားက မိုးယံဇွန်ပေါ့။"လို့ သူမက ဇာတ်ကားအကြောင်း ပြည့်ပြည့်စုံစုံပြောသွားပါတယ်။
ဒါ့အပြင် သူမရဲ့အနုပညာလှုပ်ရှားမှုအကြောင်းကိုတော့ သူမက "ဒီကားလေးက ၂၀၁၅ မှာ အေးမြတ်သူ ရိုက်ထားတဲ့ ကားကြီး ၃ ကားထဲမှာ အားအရဆုံး ကားလေးပေါ့။ ထူးလဲထူးခြားတယ်။ ဒီကားမှာ ပါဝင်ခွင့်ရတဲ့အတွက်လဲ အလွန်အမင်းကျေနပ်မိ တယ်။ ၀ါရင့်သရုပ်ဆောင်တွေ အများကြီးနဲ့ တွဲဖက်ပြီး လုပ်ရတဲ့အတွက် အဆင်ပြေတယ်။ သူတို့ရဲ့ သရုပ်ဆောင်မှုတွေကိုလဲ လေ့လာခွင့်ရတယ်။ ပြောရရင် ကိုယ့်အတွက် အကောင်းတွေကြီးပဲ။ အနုပညာအရလဲလေ့လာခွင့်ရသလို အနုပညာအနေနဲ့လဲ ဖန်တီးပြခွင့်ရတယ်။ ဦးကျော်သူတို့ဆိုတာ တွဲရိုက်ဖို့မပြောနဲ့။ အပြင်မှာတွေ့ရင်တောင်မနှုတ်ဆက်ရဲဘူး။ အခုလို တွဲရိုက်ခွင့်ရတဲ့အတွက်လဲ အရမ်းကို ကျေနပ်မိပါတယ်။ ရှေ့မှာ ရိုက်ခဲ့တာက ဘွန်တော ကြက်သူခိုးတဲ့။ ပုဂံမှာ အလှလေးပဲ။ ညောင်ဦးသူပေါ့။ မင်းသားနဲ့မောနှမ လိုခင်ရတဲ့ ကာရိုက်တာလေးပါပဲ။ ရိုက်ထားတဲ့ ၃ ကားထဲမှာ ငဘကားကတော့ အထူးခြားဆုံးနဲ့ ဒီကာရိုက်တာမှာရိုက်ခွင့်ရတဲ့အတွက် အားအရဆုံးပါပဲ"တဲ့။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment